Latest News

Tuesday, January 17, 2017

ပြစ်ချက်ဟောင်းရှိသော ယာဉ်လုပ်သားများကို စနစ်သစ်တွင် ခန့်အပ်ပါက သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီက တာဝန်ခံရမည်

ပြစ်ချက်ဟောင်းရှိသော ယာဉ်လုပ်သားများကို စနစ်သစ်တွင် ခန့်အပ်ပါက သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီက တာဝန်ခံရမည်

ပြစ်ချက်ဟောင်းရှိ  သောယာဉ်လုပ်သားများသည် အ များပိုင်ဘတ်စ်ကားစနစ်တွင် ဆက်လက်ပါဝင်လိုပါက ၎င်း လုပ်ကိုင်မည့် ယာဉ်လိုင်းကုမ္ပဏီ က တာဝန်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်လုပ်သားများ စားဝတ်နေရေးအတွက် အလုပ် ဆက်လက်လုပ်ကိုင်နိုင်စေရန် ယာဉ်လိုင်းကုမ္ပဏီများတွင်လည်း လုပ်သားရှားပါးမှု အခက်အခဲမရှိ စေရန် တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ဝင် ဦးလှအောင်ကပြော သည်။

သို့သော်စနစ်အသစ်တွင် ပြစ်မှုဆက်လက်ကျူးလွန်သည့် ယာဉ်လုပ်သားများရှိလာပါက ယာဉ်လုပ်သားအပြင် ယာဉ်ပိုင် ရှင်နှင့် ပြေးဆွဲလုပ်ကိုင်ခွင့် ပေး ထားသည့် ယာဉ်လိုင်းကုမ္ပဏီများ ကိုပါ ပြင်းထန်စွာ အရေးယူမည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြောကြား ထားသည်။

မထသမဖျက်သိမ်းမီ ဇန်န ၀ါရီ ၁၃ ရက်ညက ခရီးသည် အမျိုးသားနှစ်ဦး အလုပ်မှသန်လျင် ဘုရားငါးဆူသို့ လိုင်းကားဖြင့် ပြန်လာစဉ် မှတ်တိုင်တွင် ယာဉ် ကြာမြင့်စွာရပ်ထားသဖြင့် ပြော ဆိုသည်ကို ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက် သုံးဦးက ၀ိုင်းဝန်း ရိုက်နှက်ခဲ့သဖြင့် ခရီးသည်အမျိုး သားတစ်ဦး သေဆုံးခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း (မထသ) သို့ အမှုပေါင်းခြောက် ထောင်ကျော်တိုင်ကြားပြီး ထက် ၀က်ခန့်ကိုသာ အရေးယူဆောင် ရွက်နိုင်ခဲ့ကာ တိုင်ကြားမှုအများ စုသည်ယာဉ်စီးခပိုမိုတောင်းခံမှုနှင့် သတ်မှတ်ထားသည့် မှတ်တိုင်သို့ ရောက်ရှိအောင် မမောင်းနှင်မှု အများဆုံးဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးကပြောသည်။

၂၀၁၆ အတွင်း ခရီးသည် နှင့် ယာဉ်မောင်း၊ ယာဉ်နောက် လိုက် ခိုက်ရန်ဖြစ်ပွားမှု ကိုးကြိမ် ရှိပြီး လူသေဆုံးမှုအချို့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

‘‘လိုင်းကားသမားတွေနဲ့ခရီး သည်တွေ ရန်ဖြစ်တိုင်း အမှုလာ ဖွင့်ကြတာမဟုတ်ဘူး။ တချို့ကြ တော့လည်း လျော်ကြေးယူပြီး အ မှုမဖွင့်တာလည်းရှိတယ်။ ရန်ဖြစ် မှုတွေဖြစ်တိုင်းမှာ ပါဝင်သူတွေ ကို အကုန်ဖမ်းမိပါတယ်။ ယာဉ် တိုက်မှုကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့သူတွေတော့ ရှိတယ်’’ဟု ယာဉ်ထိန်းရဲအရာရှိ တစ်ဦးကပြောသည်။

ခရီးသည်အချို့က ယခင် ဘတ်စ်ကားစနစ်ဟောင်း၌ ပြစ်မှု ကျူးလွန်ခဲ့ဖူးသည့် ယာဉ်လုပ် သားများ ဆက်လက်ပါဝင်လုပ် ကိုင်ခွင့်မပြုသင့်ကြောင်း မှတ် ချက်ပြုသည်။

‘‘အဲဒီလူတွေရဲ့ စရိုက်ကို မကြိုက်လို့ စနစ်ပြောင်းတာကို သဘောကျတာ။ အခုစနစ်သစ်မှာ ပြန်သုံးမယ်ဆိုရင်တော့ ခရီးသည် တွေအတွက် စိုးရွံ့နေရဦးမှာလား ပြောရမလိုဖြစ်နေတယ်။ တကယ် လို့ သူတို့ဆက်လုပ်ချင်တယ်ဆို ရင်တောင် လိုအပ်တဲ့ဝန်ဆောင်မှု ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေပေးပြီး လုပ်စေချင် တယ်’’ဟု တာမွေမြို့နယ်မှ ဦး အောင်လှမြိုင်ကပြောသည်။

လက်ရှိတွင် မထသအဖွဲ့ကို ဖျက်သိမ်းပြီးဖြစ်၍ ပြစ်မှုဟောင်း ရှိသူများစာရင်းကို ပြန်လည်ရှာ ဖွေရန်ပင် ခက်ခဲသောကြောင့် ယာဉ်လုပ်သားခန့်အပ် တာဝန် ပေးအပ်ခြင်းကို စိစစ်ရန်မှာ မ လွယ်ကူနိုင်ကြောင်း ယာဉ်ပိုင်ရှင် ကိုတရုတ်လေးကပြောသည်။

‘‘ပြီးခဲ့တာတွေ အခုမှ ပြန်စစ် ဖို့ဆိုတာ မလွယ်ဘူးလေ။ နောက် ကျူးလွန်မှုတွေရှိလာတဲ့အခါမှာ ဥပဒေအတိုင်း အတိအကျအရေး ယူဖို့သာပိုအရေးကြီးတယ်။ အ ရင်က တည်ဆဲဥပဒေရှိပြီး ဥပဒေ ကို ကျင့်သုံးမှုအားနည်းခဲ့တယ်။ အခု တည်ဆဲဥပဒေကို တကယ် ကျင့်သုံးဖို့ပဲ လိုတယ်’’ဟု ၎င်းက ပြောသည်။

ယခုစနစ်သစ်တွင် ၀င် ရောက်လုပ်ကိုင်မည့် ယာဉ်လုပ် သားများကို လိုအပ်သည့် အချက် အလက်များ ကောက်ယူထားပြီး မကြာမီ ၎င်းတို့ကို ယာဉ်လုပ်သား သက်သေခံစမတ်ကတ်များ ထုတ် ပေးမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။

Sources: 7Day News Journal

No comments:

Post a Comment