Latest News

Tuesday, January 17, 2017

ခြင်္သေ့တို့ လဲပြိုသောအခါ

ခြင်္သေ့တို့ လဲပြိုသောအခါ

မန္တလေးတိုင်းဒေသကြီး ၊ ငန်းဇွန် ၊တောင်သာ ၊ မြင်းခြံနှင်. နွားထိုးကြီး မြို.နယ်များအတွင်းရှိ ကျေးရွာတော်တော်များများတွင် တပ်ဆင်ထားသော ပြည်ခိုင်ဖြိုးရွာ ဟု ဂုဏ်ယူဝံ.ကြွားကဗ္မည်းကျောက်စာများကို သက်ဆိုင်ရာမြို.နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီဝင်များက လိုက်လံဖျက်သိမ်းနေသည်ဆိုသောသတင်းကို RFA မြန်မာပိုင်းအစီအစဉ်က ၈.၁.၂၀၁၆ နေ.ညကထုတ်လွှင်.သွား၏ ။ ရပ်ရွာကလက်မခံသဖြင်. ခြင်္သေ.ပုံအပါအ၀င်ပြည်ခိုင်ဖြိုးရွာဟူသောဆိုင်းဘုတ်ကိုဖျက်ချပြီး ရွာနာမည်သက်သက်ကိုသာပြန်လည်စိုက်ထူကြခြင်းဖြစ်ကြောင်းလည်းသိရသည် ။ ထိုသို.ဆိုလျှင် လွန်ခဲ.သော ဆယ်.ငါးနှစ်ခန်.မှစကာ ပြည်ခိုင်ဖြိုးရွာဟုဆိုကာ ဒေသခံများကပဲတောင်းဆိုလို.လုပ်ရသလိုလိုဘာလိုလိုဖြင်. မြန်မာပြည်နေရာအနှံ.အာဏာပိုင်များစိုက်ထူးခဲ.ကြသော ရွာဆိုင်းဘုတ်တွေမှာဘာအဓိပါယ်ရှိပါသနည်း ။ တချိန်က ၀င်.ကြွားတောက်ပြောင်စွာရှိခဲ.ကြသော ရွာအ၀င်မှခြင်္သေ.ရုပ်နှင်. ကြံ.ခိုင်ရေး ဆိုင်းဘုတ်သည် ယခုအခါ ရွာသူရွာသားတို. အတွက်နှလုံးစိတ်ဝမ်း မချမ်းမြေ.ဖွယ်ရာ သင်္ကေတများ ဘာ.ကြောင်.ဖြစ်လာခဲ.လေသလဲ ။အရာရာသည် ဥပဒေနှင်.မညီပဲ လူတစ်ယောက်၏ အမိန်.အာဏာနှင်.ဆောင်ရွက်ခဲ.သောကြောင်.ဖြစ်သည် ။

     ဤဖြစ်ရပ်များကိုမြင်ရသောအခါ ကွန်မြူနစ်ဝါဒခေတ်ကောင်းစဉ်က ဆိုဗီယက်ယူနီယံ၏မြို.တော် မော်စကိုမှာ ဂုဏ်ယူဝင်.ကြွားစိုက်ထူထားခဲ.သော စတာလင်၏ ရုပ်တုကြီး ကို ဆိုဗီယက်ယူနီယံပြိုကွဲပြီး ဒီမိုကရေစီ စနစ်ကိုရောက်တော. မော်စကိုမြို.သားများက မကြည်.ချင်မမြင်ချင်သဖြင်.၀ိုင်းဝန်းဖြိုချလိုက်တာကိုသတိရမိသည် ။ ထိုနည်းတူပင် အီရတ်နိုင်ငံ၏ ဖိန်.ဖိန်.တုန်အောင်ကြောက်ရသော အာဏာရှင်ကြီး ဆဒ္ဒန်ဟူစိန်၏ရုပ်တုကြီးကို အီရတ်အား အမေရိကန်ဦးဆောင်သောမဟာမိတ်တပ်များ ၀င်ရောက်တိုက်ခိုက်အပြီး ဆဒ္ဒန်ဟူစိန်ကျဆုံးသွားသည်နှင်.တိုင်းသူပြည်သားများက ခွေးဆွဲသလို အရုပ်ကိုဆွဲဖြုတ်ချကာတစ်စစီရိုက်ချိုးဖျက်ဆီးခံရတာကိုလည်းသတိရမိလေသည် ။ ဤကမ္ဘာပေါ်ဝယ် ဤဖြစ်ရပ်မျိုးနှင်.ဆင်တူသည်. ရုပ်တု ၊ဆိုင်းဘုတ် ဖြုတ်ချခံရမှုများ မရေမတွက်နိုင်အောင်ပေါ်ပေါက်ခဲ.ဖူးသည် ။ မြန်မာနိုင်ငံအနှံ. မြို.တိုင်းရွာတိုင်းတွင် ငွါးငွါးစွင်.စွင်. ကြွားကြွားဝင်.၀င်.တည်ရှိခဲ.သော မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဟူသည်. ဆိုင်းဘုတ်များအားလုံးသည် ရှစ်လေးလုံးအရေးတော်ပုံကာလအစဦးပိုင်းမှာပင် တစ်ခုမကျန် ရိုက်ချိုးဖျက်ဆီးခြင်းခံလိုက်ရပေသည် ။ ဤဖြစ်ရပ်များဘာ.ကြောင်.ဖြစ်သနည်း ။

       အဓိကအချက်မှာအာဏာရှင်များသည် သူတို.အာဏာရှိနေစဉ် ၊လုပ်ပိုင်ခွင်.ရနေစဉ်အတွင်း ပြည်သူလူထု၏ အားပေးထောက်ခံမှုကိုထည်.သွင်းစဉ်းစားခြင်းမပြုပဲ လက်နက်နှင်.အနိုင်ကျင်. ၊လုပ်ပိုင်ခွင်.နှင်. အနိုင်ကျင်.ကာ သူတို.ကို လူတွေကထောက်ခံနေသယောင် အမှတ်တရဆိုင်းဘုတ်များ ၊ သူတို.ရုပ်ပုံဧရာမ ရုပ်တုကြီးများ ၊ပန်းချီကားကြီးများ ၊ ကိုလူစည်ကားရာနေရာများတွင်ပြုလုပ်စိုက်ထူထားကြလေ.ရှိသည် ။ အာဏာရှင်နိုင်ငံများတွင်ထိုကဲ.သို.သော ရုပ်တု ၊ ပန်းချီပုံ ၊ဆိုင်းဘုတ်များကိုပိုမိုတွေ.ရလေ.ရှိသည် ။ အီရတ်၊အီရန် ၊ မြောက်ကိုရီးယား ၊ကျူးဘား စသည်. အကြောက်တရားဖြင်.အုပ်ချုပ်သည်.နိုင်ငံများတွင် ပြည်သူလူထုကသူတို.ကိုထောက်ခံနေသယောင် အများကထင်လာစေရန် အာဏာရှင်များသည် သူတို.ရုပ်ပုံများ ၊ သူတို.ပါတီအမှတ်တံဆိပ်များကိုလူမြင်သာအောင် ကြီးမားခန်.ထည်စွာချိတ်ဆွဲဖော်ပြထားလေ.ရှိသည် ။သူတို.၏လူကြိုက်မများလှသောအဖြစ်ကို ထိုသို. ရုပ်တု၊ ဆိုင်းဘုတ်များဖြင်. ဖုံးကွယ်ရန်ကြိုးပန်းလေ.၇ှိကြသည် ။ ပြည်သူလူထုသည် သူတို.လက်အောက်တွင်ပြားပြားမှောက်ဒူးထောက်နေရစဉ်ကတော. မည်သူမျှ ထိုအရုပ်ကြီးများကိုမလိုလားကြောင်း ဆန္ဒမပြုဝံ.ကြ ။ အားလုံးကချစ်ခင်လေးစားနေသောအရုပ်ကြီးများသဖွယ် လူမြင်ကွင်းတွင်မိန်.မိန်.ကြီးရှိနေတတ်ကြပါသည် ။ အကြောင်းတစ်ခုကြောင်. ထိုအာဏာရှင်ကြီး ကျဆုံးသွားပြီဆိုသည်နှင်. ပြည်သူလူထုက အရင်ဆုံးမဆိုင်းမတွလုပ်ကြသည်မှာ အမြင်မတော်ဆင်တော်နှင်.ခလောက် မတန်မရာနေရာယူထားသော အာဏာရှင်ရုပ်တုကြီးကို အားလုံး၏လက်များဖြင်. ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပေတည်း ။ထိုနည်းဖြင်.အင်မတန်တန်ခိုးထွားခဲ.ဖူးသော နာဇီပါတီ၏ တံဆိပ်သည် ဒုတိယကမ္ဘာစစ်မစတင်မီနှင်.စစ်ကြီးမပြီးဆုံးသေးမီက ဂျာမဏီနှင်.သူ၏ကိုလိုနီနယ်ပါယ်များအကြား တန်ခိုးထွားခဲ.သော်လည်း ယခုအခါ ဂျာမဏီနိုင်ငံဝယ် ထိုတံဆိပ်ကို လူမြင်ကွင်း၌ အသုံးပြုလျှင်ပင် ဥပဒေနှင်.မညီသောအဖြစ်သို.ဆိုက်လျက်ရှိပြီ ။

    မြန်မာနိုင်ငံတွင်လည်းထိုအဖြစ်မျိုးတွေသည်မရိုးနိုင်အောင်ရှိခဲ.၏ ။ စစ်အစိုးရခေတ်က ဗိုလ်ချုပ်ခင်ညွန်.သည်တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်ခဲ.၏ ။ နိုင်ငံတော်တွင် ၀န်ကြီးချုပ်အဆင်.ထက်မြင်.သော အတွင်းရေးမှူး (၁) ၊ တပ်မတော်ထောက်လှမ်းရေး ခေါင်းဆောင် ၊ ပညာရေးကော်မတီ၊ အားကစားကော်မတီ ဘာကော်မတီညာကော်မတီ အားလုံး၏ ဥက္ကဌ  ၊ ထိုကဲ.သို.တပြည်လုံးကဖိန်.ဖိန်.တုန်အောင်ကြောက်ခဲ.ရသောဘ၀က ဗိုလ်ချုပ်ခင်ညွန်.၏ဓါတ်ပုံများသည် ဟိုအဆောက်အဦမှာ ၊ဒီရုံးခန်းမှာ ၊ဒီအသင်းမှာ လက်ညှို.ထိုးမလွဲအောင် ရှိခဲ. ချိတ်ခဲ.ကြပါ၏ ။ သို.သော် ဗိုလ်ချုပ်ခင်ညွန်.နှင်.ထောက်လှမ်းရေးများ ကိုသက်ဆိုင်ရာမှအရေးယူခံရသဖြင်. အရာမှကျသွားပြီး နရသိမ်တွင်အကျဉ်းစံကြရသောအခါ အခြေအနေသည် မင်းလိုလိုက်မင်းကြိုက်ဆောင်ကာ ဗောင်းတော်ညိတ် စိတ်တော်သိဘိသည်.အလား ပြောင်းပြန်ဖြစ်သွားပါပေတော.၏ ။ တရားကျစရာကောင်းသည်မှာ ရန်ကုန်မြို. မင်းဓမ္မကုန်းမြေရှိ ကျောက်တော်ကြီးဘုရားသည် ဗိုလ်ချုပ်ခင်ညွန်.ဦးဆောင်တည်ခဲ.သောဘုရားဖြစ်သည် ။ထိုဘုရားသို.ရောက်တိုင်းတွေ.ရသည်မှာ လူဆယ်ရပ်ဆယ်.ငါးရပ်လောက်ကြီးမားသောဆီဆေးပန်းချီကားကြီးများဖြစ်သည် ။ထိုပန်းချီကားထဲတွင် ဗိုလ်ချုပ်ခင်ညွန်.သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို.နှင်.အတူ ရပ်ကာ ဘုရားတည်သည်ကိုညွှန်ကြားနေပုံကိုတွေ.ရသည် ။ ထိုဘုရားသို.ရောက်တိုင်း နိုင်ငံခြားသားများအားမကြာခနရှင်းပြရသဖြင်.ထိုပုံကို ကျွန်တော်မှတ်မိနေသည် ။ သို.သော် ထူးထူးဆန်းဆန်းပင်  ဗိုလ်ချုပ်ခင်ညွန်. ရာထူးမှ ပြုတ် သွားပြီးနောက်ပိုင်းတွင် ကျောက်တော်ကြီးဘုရား၏ပန်းချီပုံများကိုကြည်.ရသည်မှာ ဟာတာတာနှင်.တစ်ခုခုလိုသလိုဖြစ်နေသည် ။ သေသေချာချာကြည်.မှ ပန်းချီကားထဲရှိဗိုလ်ချုပ်ခင်ညွန်.ပါဝင်သော နေရာကိုဆေးများဖြင်.ဖုံး၍ဖျက်ထားခြင်းဖြစ်နေသည် ။ အော် အာဏာရှင်တို.သည် မြှောက်စားချင်လျှင်လည်း မတန်မရာနေရာတွေပေး၍ချီးမြှောက်တတ်သည် ။ မလို၍နှိမ်.ချချင်ပြီဆိုလျှင်လည်း ပန်းချီကားထဲမှာပင် ရပ်တည်၍မရအောင်အငြှိုးတကြီးနှင်.လုပ်တတ်ပါလားဟုဆင်ခြင်မိပါသည် ။ ထို.ကြောင်. ကံကောင်း၍ အထက်သို.ရောက်နေခိုက်တွင် ငါတော်ငါတတ် ငါ.ကိုလူတွေထောက်ခံနေသည်ဟု တလွဲမထင်ကြရန်ဖြစ်သည် ။

စင်စစ် ပြည်သူလူထုက တကယ်မထောက်ခံပါပဲ ၊ ခေတ်ကာလတစ်ခုတွင် မိမိတို.ဘာသာ ခွင် ရိုက်လျက် လုပ်ပိုင်ခွင့်ရှိသောကြောင့် ကိုယ့်ကိုယ်ကိုဖော်ထားသော ရုပ်တု ပန်းချီ ၊ဆိုင်းဘုတ် များမှာ လုပ်ပိုင်ခွင်.မရှိတော.သောတစ်နေ.တွင်မုချပျက်ဆီးရမည် ။ ဥပဒေနှင်.မညီပဲ အမိန့် နှင့် အာဏာကို အသုံးပြုကာ အကောင်အထည်ဖော်ခဲ.သောကိစ္စများသည် အမိန့် နှင့် အာဏာ မှေးမှိန်လာသည်.တစ်နေ့တွင် အောက်သို့ ပြန်ကျလာစမြဲဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကဲ.သို. ပြည်သူလူထုက ချစ်ခင်သော အရုပ်များ ၊ဆိုင်းဘုတ်များသာ အချိန်ကာလ၏ တိုက်စားမှု ဒဏ်ကိုခံကာသမိုင်းတွင် ကျန်နေရစ်မည်ဖြစ်ပါကြောင်း ။

သရ၀ဏ်(ပြည်)

Politics ဂျာနယ် ၁၅.၁.၂၀၁၆


No comments:

Post a Comment