Latest News

Monday, January 9, 2017

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများ အပါအ၀င် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့်ရှိ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲများ ဖေဖော်ဝါရီလအတွင်း အပြီးစစ်ဆေးမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများ အပါအ၀င် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့်ရှိ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲများ ဖေဖော်ဝါရီလအတွင်း အပြီးစစ်ဆေးမည်


စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အပါအ၀င် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့်ရှိ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲများအား ဖေဖော်ဝါရီလအတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ကျောင်းတွင်းစစ် စာမေးပွဲများကို စစ်ဆေးရာတွင် မူလတန်းအောက်ဆင့် ပထမတန်းတွင် သင်ကြားပြီးစီးမှုအပေါ် ပုံမှန်စစ်ဆေးခြင်းနှင့် ဒုတိယတန်းအတွက် အခန်းဆုံး စစ်ဆေးမှုများနှင့် မူလတန်းအထက်ဆင့် တတိယတန်းနှင့် အလယ်တန်းအဆင့် (ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်း) တို့အတွက် အခန်းဆုံးစစ်ဆေးမှုများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်း၊ အထက်တန်းအဆင့် န၀မတန်းအတွက် နှစ်ဝက်ဆုံး စစ်ဆေးခြင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် နှစ်နာရီ သတ်မှတ်စစ်ဆေးရန်နှင့် အထက်တန်းအဆင့် ဒသမတန်းအတွက် နှစ်ဝက်ဆုံး စစ်ဆေးခြင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် သုံးနာရီ သတ်မှတ်စစ်ဆေးရန် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အခြေခံပညာမူလတန်း (စတုတ္ထတန်း) နှင့် အခြေခံပညာ အလယ်တန်း (အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲများကို စစ်ဆေးရာတွင် စတုတ္ထတန်းများအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာစာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အင်္ဂလိပ်စာ၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် သင်္ချာ၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် အခြေခံသိပ္ပံ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် လူမှုရေး စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အထိ လည်းကောင်း၊ အဋ္ဌမတန်းများအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာစာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အင်္ဂလိပ်စာ၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် သင်္ချာ၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် အခြေခံသိပ္ပံ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် လူမှုရေးနှင့် ဖေဖော်ဝါရီ ၂၇ တွင် အထွေထွေသိပ္ပံ စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ ပိတ်ရက်များနှင့် တိုက်ဆိုင်နေသော ဘာသာရပ်အတွက် ခရိုင်နှင့် မြို့နယ်အလိုက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို သတ်မှတ်စာမေးပွဲကာလ နောက်တစ်ရက်သို့ ပြည်နယ်ပညာရေးမှူး အစီအစဉ်ဖြင့် ပြောင်းရွှေ့သတ်မှတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင် သင်္ချာ၊ မတ် ၁၁ ရက်တွင် စိတ်ကြိုက်မြန်မာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၆ ရက်တွင် ပထ၀ီဝင်နှင့် မတ် ၁၇ ရက်တွင် သမိုင်းစသည့် ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။                

Sources; အေးပပ/Eleven Media Group

No comments:

Post a Comment