Latest News

Wednesday, January 11, 2017

ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ဝင်တိုက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံး ထွက်ပြေးသည့် ယာဉ်မောင်းနှင့် နောက်လိုက်ကို ဝိုင်းဝန်းဖမ်းဆီး

ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ဝင်တိုက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံး ထွက်ပြေးသည့် ယာဉ်မောင်းနှင့် နောက်လိုက်ကို ဝိုင်းဝန်းဖမ်းဆီး

ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးရှေ့တွင် လမ်း ကူးရန်စောင့်နေသည့် အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ် ဦးကို (၆၂)ခရီးသည်တင်ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက် မိ၍ သေဆုံးခဲ့ပြီး ထွက်ပြေးသွား သော ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်ကို ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိ သည်။

ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီကျော်တွင် သေဆုံးခဲ့သည့် မချောစုမြတ်သည် ကျောက်တံတားမြို့နယ်တွင်နေထိုင်ကာ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ကြောင်း ပုဇွန်တောင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘ကားက ဘရိတ်ပေါက်ပြီး လမ်းကူးဖို့လုပ်နေတဲ့ အမျိုးသမီး ကို ဝင်တိုက်တယ်။ ကောင်မလေးကတော့ ကားတိုက်တဲ့ အရှိန်ကြောင့် နေရာမှာ ဆုံးသွားပါ တယ်။ ယာဉ်မောင်းအမျိုးသားကိုလည်း ဖမ်းမိထားပါတယ်’’ဟု ရဲအရာရှိကပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီး နောက် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်သည် ကားကိုထားခဲ့ပြီး ပုဇွန်တောင်ဈေးအတွင်းသို့ ဝင်ရောက်ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားစဉ် ပြည်သူများနှင့် လှည့်ကင်းမီးတန်း ယာဉ်ထိန်းရဲများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းမျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးကပြောသည်။

‘‘လမ်းကူးတဲ့ ကောင်မလေး ကိုတိုက်ပြီး ပုဇွန်တောင်ဘက်ကို ကားထပ်မောင်းသွားတယ်။ ထီ ရောင်းတဲ့ကားကိုလည်း ဝင်တိုက် မိသေးတယ်။ ဈေးနားက တံတား ထိပ်နားမှာ ကားရပ်ပြီး ဈေးထဲဝင် ပြေးမယ်အလုပ်မှာ လူတွေနဲ့ ရဲ တွေဝိုင်းပြီး ဖမ်းမိသွားတာပါ’’ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှု ကျူးလွန်သူ အသက် (၅၂)နှစ်အရွယ် ရဲထွန်း ကျော်ကို ပုဇွန်တောင်မြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Sources; 7 Day News Journal

No comments:

Post a Comment