Latest News

Wednesday, January 11, 2017

အင်းစိန်အကျဉ်းထောင် နိုင်ငံခြားသား အကျဉ်းသားများ၌ တရုတ်နိုင်ငံသား အများဆုံးဖြစ်

အင်းစိန်အကျဉ်းထောင် နိုင်ငံခြားသား အကျဉ်းသားများ၌ တရုတ်နိုင်ငံသား အများဆုံးဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အင်းစိန်အကျဉ်းထောင်၌ ခိုးမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသားများတွင် တရုတ်နိုင်ငံသား အများဆုံး အကျဉ်းကျ ခံနေရကြောင်း  အကျဉ်းဦးစီးဌာနထံမှ သိရသည်။

နိုင်ငံခြားသား အကျဉ်းသား တစ်ရာကျော်တွင် တရုတ်နိုင်ငံသား ခြောက်ဆယ်ဦးခန့် ရှိနေခြင်း ဖြစ်သည်။

“ခိုးဝှက်၊ လိမ်လည်မှုတွေနဲ့ ရောက်လာတဲ့ ပြည်ပနိုင်ငံသား အကျဉ်းသားများတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံသားက ထက်ဝက်ကျော် ပါနေတယ်။ ဥရောပ နိုင်ငံသားတော့ သိပ်မရှိပါဘူး” ဟု အင်းစိန်အကျဉ်းဦးစီးဌာမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအရ အကျဉ်းသားဦးရေ ၅၀၀၀ ခန့်သာ ထားရှိနိုင်သော  အဆိုပါ အကျဉ်းထောင်တွင် အကျဉ်းသား အရေအတွက် တစ်သောင်းခြောက်ရာကျော်အထိ မြင့်တက်လာခြင်းကြောင့် ယခင်ရှိခဲ့သော အကျဉ်းသား အိပ်ဆောင်အချို့ကို ပြင်ဆင်မွမ်းမံရန် စီစဉ်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်ကာ ရောက်ရှိလာသော ပြည်ပနိုင်ငံသား အကျဉ်းသားထဲတွင် တရုတ်နိုင်ငံသား ၅၆ ဦးနှင့် ထိုင်း၊ ကိုရီးယား၊ ဟောင်ကောင်၊ ဗီယမ်နမ် အပါအဝင် တရားမဝင် ဝင်ရောက်နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ ပါဝင်နေကြောင်း အကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ပြည်ပနိုင်ငံသားတွေကို အရေးယူခဲ့တဲ့  ဖြစ်စဉ်အများစု တွေ့လာရတယ်။ လ.ဝ.က ဥပဒေနဲ့ ငြိစွန်းတာလည်း ရှိကြတယ်။နောက်ပိုင်း လွယ်လင့်တကူ လိမ်လည်ခိုးယူတွေ များလာတာ အဆိုးဆုံးပါပဲ” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်းအပြင် ၎င်းင်းတရုတ်နိုင်ငံသား အကျဉ်းသားဦးရေ များပြားခြင်းကြောင့်  အကျဉ်းထောင် ဝန်ထမ်းတို့နှင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲမရှိရန် ယခုနှစ် မတ်လနှင့် ဧပြီလတို့တွင် အကျဉ်းထောင် ဝန်ထမ်းအချို့ကို အခြေခံ တရုတ်ဘာသာစကားနှင့် ပတ်သက်သော သင်တန်းကို ဘာသာရပ် ကျွမ်းကျင်သူတို့ဖြင့် သင်ကြားပြသပေးရန် အစီအစဉ်ရှိကြောင်း အဆိုပါ အကျဉ်းဦးစီးဌာနထံမှ ထပ်မံသိရှိရသည်။

Sources; The Voice

No comments:

Post a Comment