Latest News

Wednesday, January 11, 2017

ဘုရင့်နောင်ပွဲရုံတန်းနှင့် ယာဉ်ရပ်နားစခန်းရှိ စည်းကမ်းမဲ့ဈေးဆိုင်များ၊ အနှိပ်ခန်းနှင့် လောင်းကစားဝိုင်းများကို ရှင်းလင်းမည်

ဘုရင့်နောင်ပွဲရုံတန်းနှင့် ယာဉ်ရပ်နားစခန်းရှိ စည်းကမ်းမဲ့ဈေးဆိုင်များ၊ အနှိပ်ခန်းနှင့် လောင်းကစားဝိုင်းများကို ရှင်းလင်းမည်

Photo - အင်တာနက်
ဘုရင့်နောင်ပွဲရုံတန်းနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းတွင် သတ်မှတ်ချက်နှင့် မညီညွတ်သည့်ဆိုင်များ၊ တရားမ၀င် ဖွင့်လှစ်နေသည့် အနှိပ်ခန်းများနှင့် လောင်းကစားဝိုင်းများကို စီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖွင့်လှစ်နေသည့် ဆိုင်ခန်း များကို ဇန်န၀ါရီ ၁၆ ရက်မှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း သတင်းပေးတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင် အောင်ထွန်းကပြောသည်။


‘‘စီမံချက်ကိုတော့ ၁၆၊ ၁၇၊ ၁၈ ရက်ဆိုပြီး သတ်မှတ်ထားပါ တယ်။ တရားမ၀င်ဖွင့်လှစ်နေတဲ့ ဆိုင်တွေနဲ့ ကျူးကျော်ဖွင့်လှစ် ထားတဲ့ဆိုင်တွေကိုလည်း အရေး ယူမှာပါ။ ဆိုင်ကယ်တွေကိုလည်း စီးနင်းခွင့်မပြုထားပါဘူး။ ဒါတွေ ကိုလည်း အရေးယူသွားမှာပါ’’ဟု ၎င်းကပြောသည်။

အဆိုပါ ဘုရင့်နောင်ပွဲရုံတန်းနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းကို ၁၉၉၀ အောက်တိုဘာ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း စားသောက်ကုန်စည်မျိုးစုံကို အဓိကဖြန့်ဖြူးရောင်းချနေသည့်နေရာ ဖြစ် သည်။

‘‘ဒီမှာက ပွဲရုံနဲ့ နေအိမ်တွေ တွဲနေတဲ့အတွက် လူတွေနေထိုင် တာလည်းရှိတယ်။ နိုင်ငံခြားသား တွေလည်း လာရောက်တည်းခို တာတွေရှိနိုင်ပါတယ်။ နိုင်ငံခြား သားတွေဆိုတာ ဒီလိုနေရာမှာနေ လို့မရပါဘူး။ ဒီအတွက် ဖမ်းမိရင် (လ၀က)ဥပဒေအတိုင်းအရေးယူ သွားမှာပါ’’ဟု အရာရှိတစ်ဦးက  ပြောသည်။

စားသောက်ဆိုင်များကို လည်း ရှောင်တခင်ဝင်ရောက်စစ် ဆေးမှုများ ပြုလုပ်သွားမည်ဖြစ် ကာ သတ်မှတ်လိုင်စင်မရှိဘဲ အ ရက်ရောင်းချသည့် ဆိုင်များကို စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတစ်ဦးကပြောသည်။

အဆိုပါပွဲရုံတန်းတွင် နေ့စဉ်ကုန်တင်ယာဉ် ၁,၀၀၀ ကျော်နှင့် ကားအသေးစီးရေ ၄,၀၀၀ ကျော်မှ ၅,၀၀၀ ကြား ဖြတ်သန်းသွားလာနေပြီး ပွဲရုံဆိုင်ခန်းပေါင်း ၁,၁၅၀ ကျော်ရှိကြောင်း သိရ သည်။

Sources; 7 Day News Journal

No comments:

Post a Comment