Latest News

Monday, January 9, 2017

တရုတ်ပူဖောင်းစက်ရုံက ထရန့်နှင့်ဆင်တူသော လေမှုတ်ကြက်ရုပ်များ ထုတ်လုပ်ရောင်းချ

တရုတ်ပူဖောင်းစက်ရုံက ထရန့်နှင့်ဆင်တူသော လေမှုတ်ကြက်ရုပ်များ ထုတ်လုပ်ရောင်းချ





တရုတ်ရှိ စက်ရုံတစ်ရုံသည် ကြက်နှစ်ကျရောက်သော တရုတ်နှစ်သစ်ကူးအား ကြိုဆိုရန်အတွက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရန့်နှင့် ဆင်တူသော ဧရာမလေမှုတ် ကြက်ရုပ်များအား ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

ငါးမီတာ (၁၆ ပေ) ရှိသော ယင်းကြက်ရုပ်အား ထရန့်၏ ထင်ရှားသည့် ရွှေရောင်ဆံပင်ရှည်အတိုင်း ဆင်မြန်းထားပြီး ထရန့်၏သင်္ကေတ လက်အမူအရာကို သေးငယ်သော တောင်ပံများဖြင့်တူအောင် ဖန်တီးထားကြောင်း သိရသည်။ တရုတ်၏ ဆယ့်နှစ်ရာသီခွင်မှ လအလိုက် ကိုယ်စားပြု တိရစ္ဆာန်အရုပ်များအား တရုတ်နှစ်သစ်ကူးကာလ၌ နေရာအနှံ့တွင် တွေ့ရမည်ဖြစ်သည်။

ယင်းပူဖောင်းစက်ရုံသည် ထရန့်နှင့် ဆင်တူသော ကြက်ငှက်ရုပ်များအား တရုတ်  အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက် Taobao တွင် ရောင်းချနေပြီး ၁၀ မီတာမြင့်သည့် အရုပ်တစ်ရုပ်လျှင် ယွမ် ၁၄၄၀၀ (ဒေါ်လာ ၂၀၈၀) အထိ ရောင်းချနေကြောင်း သိရသည်။ “ကျွန်တော် သူ့ရဲ့ဓာတ်ပုံကို သတင်းတွေမှာ တွေ့ရတယ်။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိတယ်။ တရုတ်နှစ်သစ်ကူးလည်း ရောက်တော့မယ်ဆိုတော့ တရုတ်ကြက်ရုပ်လုပ်ဖို့ အဲဒီနှစ်ခုကို ပေါင်းလိုက်တာပါပဲ” ဟု ယင်းစက်ရုံ၏ပိုင်ရှင် ဝေချင်းက ပြောကြားခဲ့သည်။

တရုတ်မြောက်ပိုင်း ရှန်စီးပြည်နယ်မြို့တော် တိုင်ယွမ်ရှိ ကုန်တိုက်တစ်ခုတွင် ပြီးခဲ့သောလက ပြသခဲ့သော အမေရိကန်ပညာရှင် ကက်ဆီလက်တီယိုလက်စ်က ထုလုပ်ခဲ့သည့် အရုပ်အား အခြေခံ၍ ယခုပူဖောင်း ရုပ်အားဖန်တီးခြင်း ဖြစ်ဖွယ်ရှိသည်။

အမေရိကန်ပညာရှင်၏ ဖန်တီးမှုအား ၎င်းက သိရှိထားခြင်း မရှိကြောင်း၊ သို့သော် ယခုဖန်တီးမှုနှစ်ခုအကြား မျက်နှာအမူအရာ ကွဲပြားကြောင်း၊ ပထမအရုပ်သည် ဖန်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏အရုပ်သည် လေမှုတ်အရုပ်ဖြစ်ကြောင်း ဝေကရှင်းပြခဲ့သည်။

ထရန့်သည် ဇန်န၀ါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ်၏ မမျှတသော ကုန်သွယ်ရေး အမူအကျင့်များအား တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ထို့ပြင် အမေရိကန်၏ ဆယ်စုနှစ်နှင့်ချီ ကျင့်သုံးလာခဲ့သော သံတမန်ရေးလုပ်ထုံးလုပ်နည်းအား ချိုးဖောက်ပြီး ထိုင်ဝမ်သမ္မတဆန်အင်းဝမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့ပြီး တရုတ်ကို ဒေါသထွက်စေခဲ့သည်။

Sources; AFP/Eleven

No comments:

Post a Comment