Latest News

Monday, January 9, 2017

မော်ဒယ်လောကဘက် ပိုပြီးခြေဦးလှည့်လာတဲ့ ဘာစီလိုနာကြယ်ပွင့်နေမာ

မော်ဒယ်လောကဘက် ပိုပြီးခြေဦးလှည့်လာတဲ့ ဘာစီလိုနာကြယ်ပွင့်နေမာ

မော်ဒယ်လောကမှာပါ အောင်မြင်ခဲ့တဲ့ဘက်ခမ်းခြေရာကိုပါ နေမာက နင်းနိုင်ခဲ့ပါပြီ။
     
ဘာစီလိုနာနဲ့ ဘရာဇီးကြယ်ပွင့်ကစားသမားနေမာဟာ နှစ်သစ်ကူး အားလပ်ရက် ရနေတဲ့အချိန်မှာ ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် Police အတွက် မော်ဒယ်အဖြစ် ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တယ်လို့ သရိပါတယ်။

၂၀၁၇ မှာ Police က အသစ်ထပ်မံ ထွက်ရှိလာမယ့် အမျိုးသားဖက်ရှင်ပစ္စည်းတွေအတွက် ဒီဇိုင်းအသစ်တွေကို နေမာက ဝတ်ဆင်ပြသပြီး ဓာတ်ပုံရိုက်ပေးခဲ့တာဖြစ်ပါတယ်။ " ၂၀၁၇ အတွက် သီးသန့်ဒီဇိုင်းတွေကို နေမာဝတ်ဆင်ထားခဲ့တာပါ။ ဒီဇိုင်နာကတော့ အရင် Doce & Gabbana က ဒီဇိုင်းဟောင်းတစ်ယောက်ဖြစ်သူ အင်ရီကို ဖြစ်ပါတယ်"လို့ Police အမှတ်တံဆိပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။

Police အမှတ်တံဆိပ်တွေကို နေမာမတိုင်ခင် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းက သံတမန်အဖြစ် ပုံရိပ်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘက်ခမ်းအပြင် ဟောလိဝုဒ်အနုပညာရှင်တွေဖြစ်တဲ့ ဂျော့ရှ်ကလူနေး၊ ဘရုစ်ဝီလီတို့က Police အမှတ်တံဆိပ် သံတမန်တွေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတွေဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ နေမာကို Police ကစာချုပ်ချုပ်ဆိုခဲ့တာပါ။ ဘောလုံးကစားတဲ့ ဝင်ငွေထက် ဘောလုံးကွင်းပြင်ပက ဝင်ငွေပိုများနေတဲ့ အနည်းငယ်သော ဘောလုံးသမားတွေထဲမှာ နေမာလည်း အပါအဝင် ဖြစ်ပါတယ်။ ၂၀၁၇ ပစ္စည်းအသစ်တွေအတွက် ကြော်ငြာရိုက်ကူးခဲ့တဲ့ အထဲမှာ နေမာနဲ့အတူ အမျိုးသမီးမော်ဒယ်လည်း ပါဝင်ခဲ့ပါတယ်။

Source : Daily Mail:Duwun

No comments:

Post a Comment