Latest News

Monday, January 9, 2017

အချစ်ရေးအခြေအနေ မကြာမီအသိပေးမယ်လို့ဆိုတဲ့ အောင်လ

အချစ်ရေးအခြေအနေ မကြာမီအသိပေးမယ်လို့ဆိုတဲ့ အောင်လ

လတ်တလောပရိသတ် များ စိတ်ဝင်စားနေသည့် ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ အောင်လက မကြာမီ ပရိသတ်အား အသိ ပေးမည်ဟု ပြောကြားသည်။

‘‘ကျွန်တော် လောလော ဆယ် မဖြေချင်သေးဘူး။ အလုပ် ကိုပဲ အာရုံစိုက်နေတယ်။ အသိ ပေးလို့ရရင် အသိပေးမှာပါ။ သိပ် မလိုတော့ပါဘူး။ ခဏလေးစောင့် ပေးပါ။ လောလောဆယ် အလုပ် ပိနေတာလည်း ပါတယ်’’ဟု ပြော ကြားသည်။

လတ်တလောတွင် ၎င်း၏ တစ်ကိုယ်တော်အခွေအသစ်တစ် ခွေ စီစဉ်နေပြီး Idiots အဖွဲ့နှင့် ပေါင်း၍ ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း အောင်လ က ပြောသည်။

‘‘တစ်ကိုယ်တော်အခွေသစ် က Mixing ပဲ ကျန်တော့တယ်။ ဒီ အခွေမှာ ကျွန်တော်တို့မလုပ်ဖူး သေးတဲ့ ဂီတပုံစံ Jazz နဲ့ Rock ရောတဲ့ ပုံစံတွေပါမယ်’’ဟု အောင်လက ပြောသည်။

အဆိုပါအခွေကို ယခင်က ဇန်နဝါရီတွင် ထွက်ရှိနိုင်ရန် ရည် မှန်းထားသော်လည်း ထွက်နိုင်ဦး မည်မဟုတ်ဘဲ ဖေဖော်ဝါရီမှသာ ထွက်နိုင်တော့မည်ဟု ၎င်းက ဆို သည်။

‘‘အသုံးတော်ခံလို့ ပေးထား တယ်။ သီချင်းကတော့ ၁၂ ပုဒ်၊ ၁၃ ပုဒ်လောက်ပါမယ်’’ဟု တစ် ကိုယ်တော်အခွေသစ်နှင့်ပတ် သက်၍ အောင်လက ပြောသည်။

ယင်းအခွေတွင် အချစ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ သီချင်းများထက် ဘဝနှင့်သက် ဆိုင်သည့် သီချင်းများ ပို၍ပါဝင် မည်ဖြစ်ပြီး ၎င်း၏ ဘဝနှင့်သက် ဆိုင်သည့် အကြောင်းများ ပါဝင် မည်ဟု ဆိုသည်။

ထို့အပြင် ယင်းအခွေထွက် ပြီးပါက Idiots အဖွဲ့နှင့်ပေါင်း၍ ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိ ပြီး ဖေဖော်ဝါရီအတွင်း ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း အောင်လ က ပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment