Latest News

Sunday, January 8, 2017

သိန်းသုံးရာတန် ရတနာအိတ်အား ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသူများကို ဖမ်းမိ

သိန်းသုံးရာတန် ရတနာအိတ်အား ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသူများကို ဖမ်းမိ

လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျောက်နီ၊ ကျောက်စိမ်းတွေနဲ့ တွေ့တာကြောင့် မသင်္ကာလို့ စစ်ဆေးရာမှ လုယက်သူလေးဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
     
အမျိုးသမီးတစ်ဦးထံမှ သိန်းသုံးရာတန် ကျောက်မျက်ရတနာအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသူများအား ဇန်နဝါရီ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ညက ကျောက်အရောင်းအဝယ်လုပ်သူ မဒေဝီ (ခ) တင်တင်နွယ်ဟာ ဒလသင်္ဘောဆိပ်ကနေ နေအိမ်ကို စက်ဘီးနဲ့ပြန်လာတုန်းမှာ စက်ဘီးရှေ့ခြင်းထဲကအိတ်ကို ဆိုင်ကယ်နဲ့ ကျော်တက်လုယူသွားခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ကရင် (ခ) လှိုင်မျိုးထွန်းကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျောက်နီ၊ ကျောက်စိမ်းတွေနဲ့ တွေ့တာကြောင့် မသင်္ကာလို့ စစ်ဆေးရာမှ လုယက်သူလေးဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

လုယက်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ရွှေသာဦး (ခ) ဘောသွပ်၊ အောင်ဇော်မိုး (ခ) ကုလားနဲ့ ဝသုန်စိုးတို့ သုံးဦးကို နေအိမ်အသီးသီးမှာ ဖမ်းမိခဲ့ပြီး လုယက်ခံရတဲ့ ကျောက်မျက်ရတနာတွေကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily, Yangon Police Duwun

No comments:

Post a Comment