Latest News

Sunday, January 8, 2017

ရခိုင်က ပရိသတ်တွေနဲ့ ရခိုင်သားလေး နေတိုးတွေ့ဆုံ

ရခိုင်က ပရိသတ်တွေနဲ့ ရခိုင်သားလေး နေတိုးတွေ့ဆုံ

နေတိုးကတော့ ပျော်နေပါတယ်။

     
နေတိုးကတော့ မိသားစုနဲ့အတူ ရခိုင်ကို ရောက်နေတယ်လို့ သိရပါတယ်။ ရသေ့တောင်အလိုတော်ပြည့်ကျောင်းနဲ့ ခြေတော်ရာပွဲအတွက် မိသားစုနဲ့ အတူရောက်နေတာ ဖြစ်ပါတယ်။ ရခိုင်ရောက်နေတဲ့ နေတိုးကိုတော့ ရခိုင်ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုလို့ နေပါတယ်။ နေတိုးကလည်း မွေးရပ်မြေက ပရိသတ်တွေနဲ့ ဆုံရလို့ ပျော်လို့ နေပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း "ကျွန်တော့်အတွက်တော့ ဒီပုံရိပ် တွေရဲ့ ခံစားချက်တွေကိုပြည့်စုံစွာ ဖော်ပြ ပေးနိုင်မဲ့စကားလုံးမရှိတော့ပါ မွေးရပ်မြေမှထာဝရ ...နေတိုး" လို့ ရေးသားထားပါတယ်။

နေတိုးကတော့ လတ်တလောမှာ "ပက်ပက်ညှို့" ရုပ်ရှင်ဇာတ်ကားကို ရွှေထူး၊ မိုးစက်ဝိုင်တို့နဲ့အတူ ရိုက်ကူးသွားဖို့ရှိသလို Shwe FMကစီစဉ်တဲ့ အခွေမှာလည်း သီချင်းတစ်ပုဒ်ပါဝင်သီဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ နေတိုးဟာ သရုပ်ဆောင်ပိုင်းတွင်သာမက ဂီတနဲ့ ပန်းချီမှာလည်း ထူးချွန်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးထားတဲ့ "ရူးအောင်ချစ်မဲ့သူ" ဇာတ်ကားထဲမှာလည်း နာမည်ကျော် ပန်းချီဆရာတစ်ယောက်အဖြစ် ပါဝင်ထားပြီး ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ ပန်းချီတွေကိုလည်း ကိုယ်တိုင်ရေးဆွဲ ဖြစ်တယ်လို့ သိရပါတယ်။

နေတိုးဟာ နှင်းဆီအဖွဲ့နဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

"၂၀၁၇ ထဲမှာ နှင်းဆီအငြိမ့်စီစဉ်ဖို့ရှိပါတယ် ။ နှင်းဆီက ဇာတ်ကားဖန်တီးဖို့ရှိတယ် ။ ဇာတ်လမ်းတွေကို ရွေးနေတယ် ။ အဓိက က နှင်းဆီ အငွေ့အသက် ပါတဲ့ရုပ်ရှင် ကိုစီစဉ်နေလို့ကြာနေတာပါ။" လို့ သူက ဆိုပါတယ်။

Soueces; Duwun

Photo : နေတိုး ဖေ့စ်ဘွတ်

No comments:

Post a Comment