Latest News

Sunday, January 8, 2017

အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း စတင်ဖွင့်

အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း စတင်ဖွင့်


ယင်းမာပင် ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက် ဘက် မိုင် ၆ဝ ခန့် အကွာတွင်တည်ရှိသည့် အလောင်းတော် ကဿပသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ်လာရောက်လျက်ရှိရာ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်း ပြီး စိတ်အေးချမ်းမြေ့စွာ လာရောက် ဖူးမြော်နိုင်ရေး အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင် - သပိတ် ဆေးဘုရား ရာသီလမ်းဖွင့်ပွဲကို ယင်းမာ ပင်မြို့နယ် ကပိုင်ကျေးရွာတွင် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည်။

အလောင်းတော်ကဿပသို့ ဘုရား ဖူးလာရင်း ဒေသန္တရဗဟုသုတများပါ တစ်ပါတည်း ရှာမှီးနိုင်ပေသည်။ လမ်း ခရီး၌ လျှိုမြောင်တောင်ကြား ချောက် ကမ်းပါးများတွင်ပါ သစ်ကြီးဝါးကြီးများ ထူထပ် စွာပေါက်ရောက်နေပြီး တော တောင် အလွန်ကြီးမားသော အရပ်ဖြစ် ကာ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်သည်လည်း အာဆီယံအမွေ အနှစ်စာရင်းဝင်တစ်ခုဖြစ်ကြောင်း သိရ သည်။

အလောင်းတော် ကဿပသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရောက် သူများသည် သပိတ်ဆေးစခန်းသို့ ရောက်သည်နှင့် ရှင်မဟာကဿပ ရဟန္တာမထေရ်မြတ်ကြီး၏ ရုပ်ကလာပ် တော် ကိန်းဝပ်စံပယ်ရာ လိုဏ်ဂူတော်သို့ တစ်မိုင်ခန့် ခြေကျင်ခရီးဖြင့်လည်းကောင်း၊ ဆင်လိမ္မာကြီးများကိုစီး၍ လည်းကောင်း အရောက်သွားနိုင်သလို ချစ်စဖွယ် ဆင်ပေါက်စလေးများနှင့် တွဲလျက် အမှတ်တရ ဓာတ်ပုံများလည်း ရိုက်ကူး နိုင်သည်။

အလောင်းတော်ကဿပ စံကျောင်း တော်အတွင်းတွင် မြောက်အရပ်သို့ ဦးခေါင်းပြုကာ လက်ယာနံတောင်း စောင်းလျက် ညောင်စောင်းထက်၌ ပရိနိဗ္ဗာန်ပြုတော်မူဟန် ထုလုပ်ပူဇော် ထားသော ရှင်မဟာကဿပ မထေရ်မြတ် ကြီး၏ ရုပ်ပွားတော်ကို ဖူးတွေ့နိုင်သည်။ ထိုမှတစ်ဆင့် ရုပ်ကလာပ်တော် အစစ် ကိန်းဝပ်စံပယ်ရာ ကျောက်လိုဏ်ဂူတော် သို့ သွားရောက်ဖူးမြော်လေ့လာနိုင်သည်။

အဆိုပါ ကျောက်လိုဏ်ဂူကြီး အတွင်းရှိ ကျောက်ပန်းဆွဲ၊ ကျောက် ပန်းခက်၊ ကျောက်ပန်းခိုင်ကြီးများမှ ကျောက်စက်ရေများ တစ်စက်စက်ကျ လျက်ရှိပြီး ကျောက်စက်ရေတို့မှာ ရေခဲရေကဲ့သို့ အေးစက်နေကြောင်း သိရသည်။

ယင်း ကျောက်ပန်းဆွဲများမှ ကျောက်စက်ရေများသည် အဇာတသတ် မင်းကြီး၏ သစ္စာစကားကြောင့် ဖြစ်ထွန်း လာသော ရေစင်နှင့် အရှင်မဟာကဿပ မထေရ်မြတ်ကြီး၏ မေတ္တာဖြင့် ထားခဲ့ တော်မူသော မေတ္တာရေစင်များ ပူးပေါင်း ကာ သိဒ္ဓိရေစင်များအဖြစ် အစဉ်ကျဆင်း နေရာ ဘုရားဖူးလာသူများမှ သန့်ပြန့် သော ဘူးငယ်များဖြင့်ခံယူ၍ မိမိတို့ နေအိမ်သို့ ပင့်ဆောင်သွားကာ လောကီ လောကုတ္တရာနှစ်ဖြာ အကျိုးစီးပွား အတွက် အဓိဋ္ဌာန်ပြုဆုတောင်းနိုင် ကြောင်းလည်း သိရသည်။

အဆိုပါ အလောင်းတော်ကဿပ သို့ မော်တော်ကားဖြင့် ဘုရားဖူး လာရောက်ကြရာတွင် မုံရွာ - တရော်ကျင်း ညောင်ကိုင်း- ကပိုင် - အလောင်းတော် လမ်းနှင့် မုံရွာ - ယင်းမာပင် - ဇီးတော - ကပိုင် - အလောင်းတော်လမ်းတို့မှ သွား ရောက်မှုများပြားပြီး ကျန်လမ်းများဖြစ် သည့် ယင်းမာပင် - လည်ငေါက် - ကပိုင်- အလောင်းတော်လမ်း၊ ယင်းမာပင်- ပြန်လှည့်-တရော်ကျင်း-ကပိုင်- အလောင်း တော်လမ်းနှင့် ယင်းမာပင် - စားတော်ပြင်- ကုန်းရွာ - ကပိုင် - အလောင်းတော်လမ်း တို့မှလည်း သွားရောက်နိုင်ကြောင်းနှင့် အလောင်းတော်ကဿပ ဘုရားဖူး ရာသီတွင် မုံရွာမြို့မှ အလောင်းတော် ကဿပအထိ မော်တော်ယာဉ်အသင်း များမှလည်း တိုက်ရိုက်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

 Sources; ဖိုးချမ်း(မုံရွာ)ပြန်/ဆက်

No comments:

Post a Comment