Latest News

Tuesday, January 10, 2017

အမြွှာလေးမွေးဖို့(၉)ရက်ပဲ လိုတော့တဲ့ ချစ်သုဝေ


အမြွှာလေးမွေးဖို့(၉)ရက်ပဲ လိုတော့တဲ့ ချစ်သုဝေ

ပန်းလှိုင်ဆေးရုံမှာ ကြိုတင်အနားယူနေပြီ ဖြစ်ပါတယ်။

အမြွာရင်သေးလေးကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကတော့ မွေးဖွားဖို့ (၉)ရက်ပဲ လိုတော့တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ ကျန်းမာရေးအတွက် ပန်းလှိုင်ဆေးရုံမှာ အနားယူနေပြီလို့ သိရပါတယ်။

"သမီးလေး အတွက် စိတ်ချရအောင် ဆေးရုံမှာစောပြီး လာနားရအောင် စီစဉ်ပေးတဲ့ ပန်းလှိုင်ဆေးရုံက တာဝန်ရှိသူများကိုလည်းကျေးဇူးပါ" လို့ ချစ်သုဝေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေဟာ အမြွှာလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားတယ်လို့လည်း သိရပါတယ်။ အမြွှာသမီးလေးတွေအတွက် ဖခင်ဖြစ်သူ လင်းလင်းကိုယ်တိုင်ကလည်း သမီးလေးနှစ်ယောက်ရဲ့ အိပ်ခန်းလေး တွေလည်း ပြင်ဆင်ထားသလို မီးဖွားရင် လိုအပ်မယ့် ပစ္စည်းလေးတွေကိုလည်း ကြိုတင်ဝယ်ယူးထားတယ်လို့ သိရပါ တယ်။လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာလည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Sources & Photo : ချစ်သုဝေ ဖေ့စ်ဘွတ် Duwun

No comments:

Post a Comment