Latest News

Tuesday, January 10, 2017

မက်ဆီ၏ ပုံတူရုပ်တု ထက်ပိုင်းကျိုးသွားအောင် ဖျက်ဆီးခံရ

မက်ဆီ၏ ပုံတူရုပ်တု ထက်ပိုင်းကျိုးသွားအောင် ဖျက်ဆီးခံရ

မက်ဆီရဲ့ ဖျက်ဆီးခံလိုက်ရပါတယ်။
     
ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီအတွက် ဂုဏ်ပြုပြီးတည်ဆောက်ထားတဲ့ ပုံတူရုပ်တုဟာ  မွေးရပ်မြေအာဂျင်တီးနားမှာ ဖျက်ဆီးခံလိုက်ရကြောင်း သိရပါတယ်။

မြို့တော် ဗျူနိုအေရိစ်မှာ ရှိတဲ့ မက်ဆီပုံတူရုပ်တုဟာ ဖျက်ဆီးခံလိုက်ရပြီးနောက် ရုပ်တုအပေါ်ပိုင်းတစ်ခုလုံး ကျိုးပဲ့သွားခဲ့ပြီး ဘောလုံးနဲ့ ခြေထောက်နှစ်ချောင်းသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်တုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ထုလုပ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်ဘဝက အနားယူတဲ့ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အတွက် ဂုဏ်ပြုထုလုပ်ထားတာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မက်ဆီရဲ့ ရုပ်တု ဖျက်ဆီးချိုးဖဲ့ခံလိုက်ရတဲ့နေ့ဟာ ပြိုင်ဘက်ကစားသမား ရော်နယ်ဒို ဖီဖာကမ္ဘာ့အကောင်းဆုံး ဆုရတဲ့နေ့လည်း ဖြစ်နေပါတယ်။

ဒါပေမယ့် ဖျက်ဆီးခံလိုက်ရတဲ့ အဆိုပါရုပ်တုကို မူလပုံစံအတိုင်း နဂိုနေရာမှာပဲ အမြန်ဆုံးပြန်လည်တည်ဆောက်သွားမယ်လို့  ဗျူနိုအေရိစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။ "  ရုပ်တိုကို နဂိုအတိုင်း ပြန်ဖြစ်စေဖို့ အခုစတင်လုပ်ဆောင်နေပါပြီ" လို့ မြို့တော်အာဏာပိုင်တွေရဲ့ ကြောညာချက်ထဲမှာ ပါရှိပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဖလားနှစ်လုံးရခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးဆုကို လွဲချော်ခဲ့ပြီး ဖီဖာရဲ့ဆုပေးပွဲကိုလည်း တက်ရောက်မလာခဲ့ပါဘူး။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနယ်မက်ဆီက ဘာစီလိုနာအသင်းနဲ့ ဗီလာရီးရဲလ်မ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကတဆင့် အဖိုးတန်ဂိုးသွင်းပေးနိုင်ခဲ့ပါသေးတယ်။

Source : The Sun:Duwun

No comments:

Post a Comment