Latest News

Monday, January 16, 2017

အဆင်းရဲဆုံး ကမ္ဘာ့လူဦးရေ ထက်ဝက်၏ ပိုင်ဆိုင်မှုနှင့် ညီမျှသော ဥစ္စာဓနကို လူရှစ်ဦးက ပိုင်ဆိုင်ထား

အဆင်းရဲဆုံး ကမ္ဘာ့လူဦးရေ ထက်ဝက်၏ ပိုင်ဆိုင်မှုနှင့် ညီမျှသော ဥစ္စာဓနကို လူရှစ်ဦးက ပိုင်ဆိုင်ထား


ကမ္ဘာတွင် လူရှစ်ဦးသည် အဆင်းရဲဆုံး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်က ပိုင်ဆိုင်သော ဥစ္စာဓနနှင့် ညီမျှသည့် ကြွယ်ဝမှုကို ပိုင်ဆိုင်ထားကြောင်း အများအကျိုးပြု လုပ်ငန်းအဖွဲ့  Oxfam က ဒါဗိုးစ်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။ ကမ္ဘာ့အဆင်းရဲဆုံးသော လူ ၃ ဒသမ ၆ ဘီလျံ၏ ပိုင်ဆိုင်မှုသည် အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ခြောက်ဦး၊ စပိန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် မက္ကဆီကိုမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးတို့ စုပေါင်းပိုင်ဆိုင်မှုနှင့် ညီမျှကြောင်း သိရသည်။

Forbes ၏ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှ ရွေးချယ်ထားသော ယင်းပုဂ္ဂိုလ် ခြောက်ဦးတွင် Miscrosoft တည်ထောင်သူ ဘီဂိတ်၊ Facebook ကို ပူးတွဲတည်ထောင်သူ မက်ဇက်ကာဘတ်၊ Amazon ကို တည်ထောင်သူ ဂျက်ဘီဇော့တို့ ပါဝင်ခဲ့သည်။

ချမ်းသာ ဆင်းရဲ အလွန်ကွာဟမှုနှင့်  ပင်မနိုင်ငံရေး ရေစီးကို ကမ္ဘာတစ်ဝန်းတွင် မကျေနပ်မှုကြီးထွားလာခြင်းတို့ကြား ဆက်နွှယ်မှု ရှိကြောင်း Oxfam က ထောက်ပြခဲ့သည်။ “ An economy for the 99 Percent” ဟု အမည်ပေးထားသော အစီရင်ခံစာတွင် Oxfam က Brexit မှသည် ဒေါ်နယ်ထရန့်၏ သမ္မတဖြစ်ရေးကြိုးပမ်းမှု အောင်မြင်ခြင်းတို့သည် ချမ်းသာသော နိုင်ငံများ၌ လက်ရှိအခြေအနေကို သည်းမခံချင်တော့သော သူများ ပို၍များလာနေကြောင်း ထင်ဟပ်ပြသနေသည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်ကဲ့သို့သော နိုင်ငံများမှ ဓနခွဲဝေမှုနှင့်ပတ်သက်သည့် စာရင်းသစ်များကြောင့် တွက်ချက်မှုများကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း Oxfam က ဆိုသည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်နှင့်ညီသော ဓနဥစ္စာကို လူ ၆၂ ဦးက ပိုင်ဆိုင်ကြောင်း လွန်ခဲ့သော တစ်နှစ်တွင် Oxfam က ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုးစ်တွင် လူ ၃၀၀၀ ခန့်က ဇန်န၀ါရီ ၁၇ ရက်မှ ဇန်န၀ါရီ ၂၀ ရက်အထိ စုဝေးပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံရေး နှင့် စီးပွားရေးခေါင်းဆောင်များက  စုဝေးပြီး တွေ့ဆုံဆွေးနွေးမှုတွင် မညီမျှမှုအကြောင်း အရာသည် ထိပ်တန်း ခေါင်းစဉ်တစ်ခုဖြစ်မည်ဖြစ်သည်။

ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်တုံ့ ပြန်မှုများကြောင့် အနောက်ကမ္ဘာတွင် အံ့အားသင့်ဖွယ်ရာ ရွေးကောက်ပွဲရလဒ်ကြီး နှစ်ခု ထွက်ပေါ်ခဲ့မှုနှင့် အများကြိုက်မူဝါဒတို့ မြင့်တက်လာခြင်းအတွက် တာဝန်ယူမှုရှိသော ခေါင်းဆောင်မှုကို ယခုနှစ်ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာအဖြစ် ရွေးချယ်ထားကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။

ချမ်းသာသော ပုဂ္ဂိုလ်တစ်ဦးချင်းများ  နှင့် ကော်ပိုရေးရှင်းများကို အခွန်ကောက်ခံမှု တိုးမြှင့်ရန် ကော်ပိုရိတ်ခွန် လျှော့ချနိုင်ရန်အတွက် နိုင်ငံအချင်းချင်းယှဉ်ပြိုင်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီ ချက်တို့ကို ဆောင်ရွက်ကြရန် Oxfam ၏ အစီရင်ခံစာက တောင်းဆိုခဲ့သည်။



Sources; Eleven Media Group

No comments:

Post a Comment