Latest News

Friday, January 13, 2017

အိုဘားမား အား မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ နှုတ်ဆက်စကားဆို

အိုဘားမား အား မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ နှုတ်ဆက်စကားဆို

အမေရိကန်သမ္မတ အိုဘားမားသည် သူ၏ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းကို ချီကာဂိုမြို့တွင် ပြောကြားခဲ့သည်။ ချီကာဂိုသည် သူ၏မိသားစု နေအိမ်ရှိသည့် သမ္မတမဖြစ်ခင် နေထိုင်ခဲ့သည့် မြို့ဖြစ်သည်။

သမ္မတအဖြစ် နောက်ဆုံးမိန့်ခွန်း ပြောကြားစဉ် သမ္မတအိုဘားမားသည် မျက်ရည်ကျရသည်အထိ စိတ်ခံစားမှု ဖြစ်ခဲ့သည်။ သူ၏ သမ္မတသက်တမ်းသည် ဇန်နဝါရီလ ၂၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဗြိတိသျှ အန်ဒီပန်ဒန့် သတင်းစာက ရာထူးမှထွက်ခွာတော့မည့် သမ္မတအိုဘားမားအတွက် အမှတ်တရခင်မင်ရင်းနှီးသော နုတ်ဆက်စကားများ ပါဝင်သည့် ငါးမိနစ်စာ ဗီဒီယိုတစ်ခုကို ၄င်းတို့၏ သတင်းစာမျက်နှာတွင် တင်ထားသည်။

အဆိုပါ ဗီဒီယို အတိုလေးတွင် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ စကားလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကို လာရောက်သည့် ပထမဆုံး အမေရိကန်သမ္မတအဖြစ် ၂၀၁၂ ခုနှစ်တွင် သူမ၏ နေအိမ်သို့ သမ္မတအိုဘားမား လာရောက်ခဲ့ပုံကို ပြန်ပြောင်းပြောထားသည်။

“သူ့ ခရီးစဉ်မှာ ဘာကို အမှတ်ရနေဆုံးလဲ ဆိုတော့ ကျွန်မတို့ အိမ်က လူတွေအားလုံး စိတ်တွေလှုပ်ရှားနေတာ အထူးသဖြင့် လူငယ်တွေပေါ့။ ကျွန်မတို့တွေ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရတာကို ကျွန်မအမြဲတမ်း အမှတ်ရနေမယ့် အရာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် အမှတ်တရ စကားဆိုခဲ့သည်။

လင်းလင်း

The Ladies News
REf - Irrawaddy

No comments:

Post a Comment