Latest News

Friday, January 13, 2017

ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်လှူ ဒါန်းနိုင်

ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်လှူ ဒါန်းနိုင်

အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် အလှူငွေများ ထည့်ဝင်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပါဝင်ကြရန် မြန်မာအစိုးရက အလှူရှင်အဖွဲ့ အစည်းများနှင့် သီးခြား အလှူရှင်များကို တောင်းဆိုလိုက်သည်။


ငြိမ်းချမ်းရေး အလှူငွေများအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် ဘဏ်စာရင်းနံပါတ်  SF-004048 ဖွင့်လှစ်ထားသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော NRPC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အလှူငွေများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အကျိုးရှိ ထိရောက်စွာ အသုံးချသွားမည်ဟုလည်း ကြေညာချက်အရ သိရသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ၏ အကူအညီများကို စီမံခန့် ခွဲရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တည်ထောင်ခဲ့သည်။

လင်းလင်း
The Ladies News  
14.1.2017

No comments:

Post a Comment