Latest News

Friday, January 13, 2017

ပညာတတ် ဆိုတာ ဘာကိုဆိုလိုတာလဲ

ပညာတတ် ဆိုတာ ဘာကိုဆိုလိုတာလဲ

အစိုးရထဲမှာ ပညာတတ်တွေ ဘယ်လောက်လောက်များများ

ထည့်မလဲခင်ဗျာ။

ပညာတတ်ဆိုတာ ဘာကို ဆိုလိုတာလဲ ကိုခင်မောင်စိုး။

အဲဒါကိုလည်း နည်းနည်းတော့ စဉ်းစားရမယ်။

တစ်ချို့က ပညာတတ်ဆိုတာကို ဘွဲ့တွေ အများကြီး ရထားတာကို

ပညာတတ်လို့ အဲဒီလို ထင်ကြတယ်ပေါ့နော်။

ဒါကတော့ အကြမ်း ဖျဉ်းတော့ ဒီလိုပဲ ပြောကြတာပေါ့လေ။

အစ်မကတော့ ပညာတတ်ဆိုတာကို အခြေအနေနဲ့ အချိန်အခါကို

မှန်မှန်ကန်ကန်နဲ့ ဆင်ခြင် သုံးသပ်ပြီးတော့၊

ပြည်သူ့အပေါ် အခြေခံပြီးတော့ မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်တဲ့ သူတွေဟာ

ပညာတတ်ပဲ။

တကယ်တော့ ဘွဲ့ရတွေ ဘာတွေကို အလေးမထားဘူး မဟုတ်ဘူး၊

ထားတယ်။ လေးလည်း လေးစားတယ်။

ဒါပေမယ့် အစ်မတို့ နိုင်ငံရဲ့ ပြည်သူလူထု ထဲမှာဆိုရင်

ဘွဲ့ရတာ လေးရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲ ရှိတယ်။

အဲတော့ အများစုကြီးကို အစ်မတို့တွေက တန်ဖိုးမထားရဘူးလား။

ထားရမှာပေါ့။ အဲတော့ ဘွဲ့ရမှပဲ တန်ဖိုးရှိတယ်ဆိုလို့ရှိရင်

အစ်မတို့ရဲ့ ပြည်သူလူထုအများစုဟာ တန်ဖိုးမရှိဘူးလား။

အဲဒါကိုတော့ အစ်မ သဘောမတူဘူး။

ပညာတတ် ဆိုတာထက် အစ်မပြောချင်တာက လူမှန်နေရာမှန်ဖြစ်ဖို့ပဲ

အရေးကြီးတယ်လို့ပဲ ပြောပါရစေ။

ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment