Latest News

Saturday, January 14, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် တရုတ်နိုင်ငံက စက်ဘီးအစီး ၁၀၀ ကျော်နှင့် ဆက်သွယ်ရေးပစ္စည်းများ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် တရုတ်နိုင်ငံက စက်ဘီးအစီး ၁၀၀ ကျော်နှင့် ဆက်သွယ်ရေးပစ္စည်းများ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ လှူဒါန်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံ ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံက စက်ဘီးအစီး ၁၀၀ ကျော်နှင့် ဆက်သွယ်ရေးပစ္စည်းများ ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ လှူဒါန်းလွှဲပြောင်းသည့် အခမ်းအနားကို ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် အခြားသော ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  Mr. Hong Liang တို့ တက်ရောက်ခဲ့ကြသည်။

“ဒီနေ့လှူဒါန်းတဲ့ စက်ဘီးက အစီး ၁၀၀ ကျော်ရှိတယ်။ အီးယူကနေ လှူဒါန်းတဲ့ စက်ဘီး ၁၀၀ ကျော်လည်းရှိတယ်။ ဒီကြားထဲမှာ ကုမ္ပဏီတွေက လှူဒါန်းထားတဲ့ စက်ဘီးတွေလည်း ရှိပါတယ်။ မြို့ပေါ်တွေကို အဓိကထား ပြီး ပေးထားတာဖြစ်ပါတယ်။  Aung Kenbo ကလည်း ဆိုင်ကယ်တွေ ပေးထားတယ်။ တိုင်းအစိုးရအဖွဲ့ကနေ ဆိုင်ကယ်အစီး ၁၀၀။ ဒါတွေကိုလည်း တစ်မြို့နယ်ကို နှစ်စီး၊ လေးစီး ဖြန့်သွားမှာ။ ဒီ စက်ဘီးတွေကလည်း အနည်းဆုံး စခန်းအလိုက် ငါးစီးစီဖြန့်မှာ။ စခန်းပေါင်းစုံ ၉၃ စခန်း၊ ကိုကိုးကျွန်းအလွတ် ၄၄ မြို့နယ်ရှိပါတယ်” ဟု ဒုရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ကျပ်သိန်း ၁၆၀ တန်ဖိုးရှိ စက်ဘီးအစီး ၁၀၀ အပြင် HYT အထိုင်စက် ခုနစ်လုံးနှင့် လက်ကိုင် စကားပြောစက် ၁၃ လုံးတို့ကိုလည်း ပေးအပ် လှူ ဒါန်းခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နိုင်ငံအသီးသီးမှ လှူဒါန်းသည့် စက်ဘီးများကို စခန်းတစ်ခုလျှင် အနည်းဆုံး ငါးစီးစီ ပေးထားကြောင်းနှင့် Community Policing  ရှေ့ပြေး စီမံကိန်း စတင်ပြုလုပ်သည့် မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ သန်လျင်နှင့် လှိုင်သာယာ မြို့နယ်တို့အတွက် စက်ဘီး ၁၅ စီးစီ ပေးအပ်ထားကြောင်း သိရသည်။

Community Based Policing ပထမ လေးမြို့နယ်အဖြစ် အရှေ့ပိုင်းခရိုင်တွင် ဒဂုံတောင်မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် ကမာရွတ်မြို့နယ်၊ တောင်ပိုင်းခရိုင်တွင် သန်လျင်မြို့နယ်၊ မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာမြို့နယ်၊ ဒုတိယ အဆင့်အနေနှင့် အရှေ့ပိုင်းခရိုင်တွင် သာကေတမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောင်ပိုင်းခရိုင်တွင် ဒလမြို့နယ်နှင့် တွံတေးမြို့နယ်၊ မြောက်ပိုင်းခရိုင်တွင်  မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။ တတိယအဆင့် ရှစ်မြို့နယ်တွင် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် ဒဂုံအရှေ့ပိုင်းတို့ ပါဝင်ကာ မြောက်ပိုင်းခရိုင်တွင် လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်ဖြစ်ပြီး မြောက်ပိုင်းခရိုင်တွင် ရွှေပြည်သာမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။

“ထပ်တိုးနိုင်ရင်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်မှာပါ။ ပထမအနေနဲ့ ဒီမြို့နယ်တွေကို Community Based Policing လုပ်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က တစ်မြို့နယ်ကို သိန်း ၁၀၀ ထောက်ပံ့တဲ့အတွက် မြို့နယ် ၂၀ ကို သိန်းနှစ်ထောင်ရရှိပါတယ်။ ပထမပိုင်းမြို့နယ်တွေကတော့ မိုးတွင်းလည်းဖြစ်တော့ မိုးကာအင်္ကျီတွေရော ရွက်ဖျင်တဲတွေရော စားပွဲ၊ ကုလားထိုင်၊ ဓာတ်မီးတို့ ဒါတွေဝယ်တယ်။ ရှစ်မြို့နယ်ကျတော့ ရေရှည်အသုံးပြုနိုင်အောင် CCTV ကင်မရာတွေ တပ်ဆင်ခဲ့တာဖြစ်ပါတယ်” ဟု  ဒုရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

ထက်ရှိုင်း၊ ဆန်းထူးအောင်

Sources; Eleven Media Group

No comments:

Post a Comment