Latest News

Saturday, January 21, 2017

ကျပ် ၂ ဒသမ ၈ ဘီလီယံပျောက်ဆုံးမှု စသုံးလုံးက အစိုးရသို့တင်ပြထားဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ကျပ် ၂ ဒသမ ၈ ဘီလီယံပျောက်ဆုံးမှု စသုံးလုံးက အစိုးရသို့တင်ပြထားဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ယခင်အစိုးရလက်ထက် တွင် မကွေးတိုင်းဒေသကြီး ရေနံ လက်ယက်တွင်းများမှ ရရှိသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မကွေးတိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

စုံစမ်းစစ်ဆေးမှုတွေ့ရှိချက် ကို အစိုးရထံ အစီရင်ခံစာတင်ပြ ထားသော်လည်း ၎င်းအနေဖြင့် မ သိကြောင်း၊ စစ်ဆေးခံရသူများ မည်သူဖြစ်သည်ကို ပြောခဲ့ခြင်းမ ရှိကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဇန်န ၀ါရီ ၂၀ ရက် ညနေတွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြော ကြားခြင်းဖြစ်သည်။

‘‘စုံစမ်းစစ်ဆေးနေတာဟုတ် တယ်။ မကွေးတိုင်းဒေသကြီး တိုင်းအဆင့် စ သုံးလုံးက စုံစမ်း စစ်ဆေးတယ်။ စုံစမ်းစစ်ဆေးပြီး တော့ တွေ့ရှိချက်တွေကို ကျွန် တော်တို့ ပြည်ထောင်စုအစိုးရထံ အစီရင်ခံစာ တင်လိုက်ပြီဆိုတာ ပြောလိုက်တယ်။ သို့သော်လည်း ပဲ စုံစမ်းစစ်ဆေးတဲ့အထဲမှာ Voice မှာပါသလို မကွေးဝန်ကြီး ချုပ်ဟောင်းနဲ့ ၀န်ကြီးဟောင်းတွေ ကို စုံစမ်းစစ်ဆေးတယ်၊ ဘယ်သူ ဘယ်ဝါကို စုံစမ်းစစ်ဆေးတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေးဘာမှ ကျွန်တော် မပြောခဲ့ဘူး’’ဟု မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

 ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မကွေးတိုင်းအစိုးရ၏ လုပ်ပိုင်ခွင့် အာဏာနှင့် စွမ်းဆောင်နိုင်အားမ ရှိသဖြင့် ယင်းကိစ္စကို ပြည်ထောင် စုအစိုးရကသာ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးရန် မကွေးတိုင်း အစိုးရအနေဖြင့် တင်ပြခဲ့သည်ဟု ၀န်ကြီးချုပ်က ဆိုသည်။

‘‘စုံစမ်းစစ်ဆေးလို့ တွေ့ရှိ တဲ့ အစီရင်ခံစာကို မကွေးတိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရကို အစီရင်ခံလိုက်ပြီ။ ဒီအစီ ရင်ခံစာထဲမှာ ဘာတွေပါလဲဆို တာ ကျွန်တော်လည်း မသိဘူး။ အစီရင်ခံစာမိတ္တူလည်း ကျွန် တော့်ဆီမှာ မရှိဘူး။ ဒါကြောင့်မ လို့ ဘယ်လူပုဂ္ဂိုလ်ကိုမှ နာမည် တပ်ပြီး ကျွန်တော်မပြောခဲ့ဘူး’’ ဟု ၎င်းက ဆိုသည်။

လက်ရှိ မကွေးတိုင်း ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သော မကွေး တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်း မော်ရွှေနှင့် ၀န်ကြီးဟောင်းများကို ဖွံ့ဖြိုးရေးရန်ပုံငွေများ သုံးစွဲမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က စစ်ဆေးလျက်ရှိကြောင်း The Voice သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ သို့သော် ဒေါက် တာအောင်မိုးညိုက အဆိုပါသ တင်းဖော်ပြချက် မှားသည်၊ မှန် သည်ကို မှတ်ချက်ပေးခြင်းမရှိပေ။

မကွေးတိုင်းဒေသကြီးရှိ ရေ နံလက်ယက်တွင်းများမှ ရေနံများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့ရှိ ရေနံချက်စက်ရုံများသို့ ပို့ ဆောင်ရာတွင် သယ်ယူခွင့် ရန်ပုံ ငွေကောက်ခံခဲ့သည်။ ယခင်အစိုး ရလက်ထက်တွင် ယင်းသယ်ယူ ခွင့်မှ ရရှိငွေများအသုံးပြုမှုနှင့်ပတ် သက်၍ လက်ရှိ မကွေးတိုင်း အစိုးရအနေနှင့် သိရှိထားခြင်းမရှိ ဘဲ လက်ရှိ မကွေးတိုင်းအစိုးရ လက်ထက်တွင် ရေနံသယ်ယူခွင့်မှရန်ပုံငွေအဖြစ် ကောက်ခံရရှိသည့်ငွေမှာ တစ်လလျှင် ပျမ်းမျှ ကျပ်သန်း ၁၀၀ ရရှိကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

Sources: မိုးကျော် ( 7Day News Journal )

No comments:

Post a Comment