Latest News

Sunday, January 15, 2017

တရားမ၀င်သစ် သွားရောက် ဖမ်းဆီးသည့် သစ်တော ၀န်ထမ်များ၏ ဆိုင်ကယ် ၃ စီး မီးရှို့ ဖျက်ဆီးခံရ

တရားမ၀င်သစ် သွားရောက် ဖမ်းဆီးသည့် သစ်တော ၀န်ထမ်များ၏ ဆိုင်ကယ် ၃ စီး မီးရှို့ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ကန်ပေါက်တောကျေးရွာ အရှေ့ဘက် ဘူးတောင်ကြိုးဝိုင်း တောစပ်မှာ တရားမဝင် ကျွန်းခွဲသားတွေ သွားရောက် ဖမ်းဆီးစဉ် သစ်တော ဝန်ထမ်းတွေ စီးလာတဲ့ ဆိုင်ကယ် ၃ စီး မီးရှို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီး အရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က ကောလင်းမြို့နယ် သစ်တော ဦးစီးဌာနက ၀န်ထမ်း ၅ ဦး၊ သစ်တော ရဲတပ်ဖွဲ့က ၂ ဦး နဲ့ ကျေးရွာ တာဝန်ရှိသူတွေ အရှေ့ဘက် ဘူးတောင်းကြိုးဝိုင်း တောစပ်မှာ ဆိုင်ကယ်တွေ ထားပြီး တရားမဝင်သစ် ရှာဖွေ ဖမ်းဆီးစဉ် မီးရှို့ ဖျက်ဆီးခံခဲ့ရတာပါ။

တာဝန်ရှိသူတွေဟာ ကျောက်တန်းဘိနယ်၊ ကန်ပေါက်တော ကျေးရွာ ငှက်ပျောတောချောင်းဘေး ယာတဲမှာ တရားမဝင် ကျွန်းခွဲသား ၂၄ ချောင်း၊ ပျဉ်းကတိုး ခွဲသား ၃၇ ချောင်း၊ ယမနေခွဲသား ၃၂ ချောင်းကို ဖမ်းဆီး ရမိခဲ့ပြီး ညနေ ၄ နာရီခွဲ အချိန် ပြန်အလာ တောစပ်မှာ ထားရှိခဲ့တဲ့ KENBO အမျိုးအစား ဆိုင်ကယ် ၂ စီးနဲ့ YINXIANG အမျိုးအစား ၁ စီးတို့ မီးရှို့ ဖျက်ဆီး ခံထားရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလင်းမြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦချစ်လှိုင်က ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူ ဆောင်ရွက်သွားနိုင်ရေး ကောလင်းမြို့မ ရဲစခန်းမှာ အမှုဖွင့် သွားမယ်လို့ ဆိုပါတယ်။

ကိုကိုလင်း (အင်းတော်)
Sources; DVB

No comments:

Post a Comment