Wednesday, January 18, 2017
ဆက်သွယ်ရေး ဥပပဒေပုဒ်မ ၆၆ ဃပြင်ဆင်နိုင်ရေး
ဆက်သွယ်ရေး ဥပပဒေပုဒ်မ ၆၆ ဃပြင်ဆင်နိုင်ရေး
ဆက်သွယ်ရေး ဥပပဒေပုဒ်မ ၆၆ ဃပြင်ဆင်ရေးအတွက် လူထုအားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုကြီးတခုကို လာမယ့် ၂၂ ရက်နေ့ ညနေ(၃)နာရီကျရင် မြို့တော်ခန်းမရှေ့မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ အဲ့ဒီနေ့မှာ ဥပဒေပညာရှင်တွေနဲ့
ITပညာရှင်တွေကလည်း ဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို ဟောပြောသွားဖို့ရှိတယ်လို့ ဆက်သွယ်ရေးဥပဒေအမြန်ဆုံးပြင်ဆင်ပေးရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဝင် မောင်ဆောင်းခက DVB ကိုပြောပါတယ်။
ဒါ့အပြင်ဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာ ဖြည့်စွက်သင့်တာတွေကို ဥပဒေပညာရှင်တွေနဲ့ ပူးပေါင်ပြီးရေးဆွဲနေတဲ့ ရီပို့တစ်စောင်ကိုလဲ ဇန်နဝါရီလမကုန်ခင်ထုတ်ပြန်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
၂၀၁၇ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေသဆိုင်ရာသုတေသနအဖွဲ့ရဲ့ကောက်ခံရရှိတဲ့ စာရင်းတွေအရ ၆၆ ဃဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှုပေါင်း ၄၇ မှုရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Sources: DVB
ဆက်သွယ်ရေး ဥပပဒေပုဒ်မ ၆၆ ဃပြင်ဆင်နိုင်ရေး
Reviewed by Ar Ti
on
7:52 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment