Latest News

Monday, January 9, 2017

ဘုရားပွဲမှာ ဇွန်သဉ္ဇာ ဖျော်ဖြေရင် ပွဲမိန့်ပိတ်သိမ်းမယ်လို့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက ထုတ်ပြန်

ဘုရားပွဲမှာ ဇွန်သဉ္ဇာ ဖျော်ဖြေရင် ပွဲမိန့်ပိတ်သိမ်းမယ်လို့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက ထုတ်ပြန်

ရန်ကုန် - ဇန်န၀ါရီ ၉

ဧရာဝတီတိုင်း ကြံခင်းမြို့ ပုလိုင်းကျေးရွာက ရွှေသာလျောင်းဘုရားပွဲမှာ ဓာတ်ပုံမော်ဒယ် ဇွန်သဉ္ဇာပါဝင်ဖျော်ဖြေမှာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက ပွဲမိန့်ပိတ်ဖို့ ထုတ်ပြန်ပြောဆို
ထားတယ်လို့ သိရပါတယ်။

မော်ဒယ် ဇွန်သဉ္ဇာ ဟာ မြန်မာ့ယဉ်ကျေးမူနဲ့ ဆန့်ကျင်တဲ့ ၀တ်စား ဆင်ယင် နေထိုင်မူကြောင့် ဘုရားပွဲမှာ ကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲနဲ့ မအပ်စပ်တာကြောင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ဇန်န၀ါရီ
လ ၆ရက်နေ့က ထုတ်ပြန်ပြောဆို ခဲ့တာဖြစ်ပါတယ်။

“ဦးတို့ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ရန်ကုန်)နဲ့ ကြံခင်းမှာရှိတဲ့ သဘင်ပညာရှင် အစည်းအရုံးအဖွဲ့ ကိုပြောဆိုပြီး ဂေါပက အဖွဲ့က လူကြီးတွေကိုသွားပြီး ပြောခဲ့ပါတယ်။ဦးတို့အနေနဲ့ အမိန့်စာ ထုတ်ခဲ့
တာတော့ မဟုတ်ပါဘူး။ဒါမေယ့် ဇွန်သဉ္ဇာ ပါဝင်မယ်ဆိုရင်တော့ ပါမစ် ပိတ်လိုက်ပါပြီ။ဇွန်သဉ္ဇာ ပါဝင်ကပြ ဖျော်ဖြေမယ်ဆိုရင် အမူဖွင့်ပြီး ဖမ်းမှာပါ။ဒီဘုရားပွဲမှာ မပါဝင်ဖို့ အတွက်တားမြစ်ထားပါတယ်။ ” လို့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးမှ ဒုဥက္ကဌဦးနေ၀င်း ကပြောပါတယ်။

ဘုရားပွဲတော်ကို ဇန်န၀ါရီလ ၁၃ရက် ကနေ ၁၅ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးဇွန်သဉ္ဇာ ပါဝင်ဖျော်ဖြေခဲ့ပါက ဂေါပကအဖွဲ့ကို အမူဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။

Sources; ခတ္တာဖြူ /Kumudra

No comments:

Post a Comment