Latest News

Monday, January 9, 2017

အထူးကုဆရာဝန်ကြီးဟန်ဆောင်ကာဆေးကုပြီး ရွာသားတွေဆီက ငွေသိန်းနဲ့ချီချေးဌားသူကို ဖမ်းဆီး

အထူးကုဆရာဝန်ကြီးဟန်ဆောင်ကာဆေးကုပြီး ရွာသားတွေဆီက ငွေသိန်းနဲ့ချီချေးဌားသူကို ဖမ်းဆီး

ဇန်န၀ါရီ၊ ၉ ၊ ရန်ကုန်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျူတောအုပ်စု ကံလယ်ကြီး ကျေးရွာ အတွင်းမှာအထူးကု ဆရာဝန်ကြီးအဖြစ်ဟန်ဆောင် လိမ်လည်သူကို ကောလင်းရဲစခန်းမှာ အမှုဖွင့်ပြီး ဆေးကောင်စီဥပဒေပုဒ်မ ၅၈/၆၁ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ကောလင်း မြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်မျိုးထွန်းကပြောပါတယ်။

ဇန်န၀ါရီ ၆ရက်နေ့ လည် ၁၂နာရီ မှာ ရွှေဘို ရဲစခန်းက အထူးကုဆရာဝန်ကြီးအဖြစ်ဟန်ဆောင်သူ ဦးအောင်မျိုးသူ ကို ဖမ်းဆီး ရမိခဲ့ပြီး ကောလင်းရဲစခန်းကို လွဲပြောင်းပေးခဲ့ပါတယ်။သည်ကနေ့မှာ တရားသူကြီးဆီကနေ ရမန်ယူ ပြီး ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ ဒုရဲအုပ်အောင်မျိုးထွန်းကပြောပါတယ်။

“ရွာသားတွေကို စစ်မေးတဲ့အခါမှာ သူဆီမှာ ရှိတဲ့ဆေးဆို အခမဲ့ ကုသပေးပြီး ရောဂါနဲ့ပတ်သတ်တာတွေ စစ်ဆေးတဲ့အခါ ဆေးမရှိတဲ့အခါမှ ဆေးဖိုးတောင်းတယ်။လိုအပ်တဲ့လူတွေမှရွှေဘို က ဆေးခန်းကို ခေါ်ပြီးဆေးစစ်တာတွေပြုလုပ်ပေးတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ပိုက်ဆံနဲ့ ပတ်သတ်ပြီး တိုင်ကြားတာတွေလည်း မရှိဘူး”လို့ ဒုရဲအုပ် အောင်မျိုးထွန်းကဆက်ပြောပါတယ်။

လက်ရှိမှာ ဆေးကောင်စီဥပဒေနဲ့ပဲ အရေးယူလို့ ရတယ်။ကာယကံရှင်တွေက ငွေကြေးနဲ့ပတ်သတ်ပြီး တိုင်ကြားထားတာမရှိတဲ့ အတွက် အမှုဖွင့်စစ်ဆေးလို့မရဘူး လို့ သိရပါတယ်။

အဆိုပါဆရာဝန်ကြီးသူဟန်ဆောင်သူနဲ့ပတ်သတ်ပြီးရွာသားတွေက တိုင်ကြားခဲ့တာမဟုတ်ဘဲ ဆေးကုသမှုတွေကို ကြည့်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးက မသင်္ကာလို့ ရွှေဘို ဆေးရုံကို ဖုန်းနဲ့လှမ်းမေးပြီး ရဲကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

“အောင်ရတနာကားနဲ့ လူနာတွေကို ရွှေဘိုကို ခေါ်ပြီး ဆေးကုသမှု ဘယ်လောက်ဆိုပြီး
တောင်းတာတွေရှိတဲ့အတွက် မသင်္ကာမှုလို့ တိုင်ကြားခဲ့တာဖြစ်တယ်”လို့ ကျူတောအုပ်ချုပ်ရေးမှူးဦးကျော်အောင်ကပြောပါတယ်။

သူက“ကံလယ်ရွာကဆိုရင် ၇ဦး ပိုက်ဆံတွေပါသွားတယ်။ဒါပေမယ့် သူတို့က ချေးတာလို့ပြောတယ်။အမှုဖွင့်ဖို့ကိုလည်း ရုံးကနားမသွားချင်ဘူး။တကယ်ဆေးကုပေးတဲ့အတွက် မတိုင်တန်းချင်ဘူးဆိုပြီးရွာသားတွေက ပြောတယ်။ကောလင်းမြို့ပေါ်က ဇော်ဆေးဆိုင်ဆိုရင် သိန်း ၂၀လောက်ပါသွားတယ်လို့”ဦးကျော်အောင်ကပြောပါတယ်။

ရွာသားတွေကို မြစ်ကြီးနားကဆေးရုံအုပ်ဖြစ်ကြောင်း၊သီတဂူဆေးခန်းက ပရဟိတလုပ်ကိုင်သူဖြစ်ကြောင်း၊မြန်မာပြည်အလယ်ပိုင်းမှာ သူထက်ကြီးတဲ့ ဆရာဝန်မရှိတော့ဘူးလို့ ပြောဆိုခဲ့သလို အကြောအထူးကု ပါရဂူတစ်ယောက်ဖြစ်ကြောင်းပြောကြားပြီး ဆေးကုသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွာသားတွေဆီကနေ ဆေးဝယ်ဖို့ ပိုက်ဆံချေးတယ်ဆိုပြီး၅သိန်းခွဲ ၁ဦး၊၇သိန်း ၂ဦး၊၆သိန်း၁ဦး ကျန်တဲ့လူတွေဆီက လဲ ပါသွားတယ်။မပြောတဲ့လူတွေလည်းရှိသေးတဲ့ အတွက် ငွေကို ဘယ်လောက်ပါသွားတယ်ဆိုတာ သိသိကျကျမသိနိုင်ဘူးလို့ ဦးကျော်အောင်ကဆိုပါတယ်။

ကောလင်းရွာကနေ တစ်ခြားရွာကို ဆေးသွားကုနေတဲ့အတွက် သက်ဆိုင်ရာလူကြီးတွေက ဖုန်းဆက်လှမ်းခေါ်တဲ့အခါ အထူးကုဆရာဝန်ကြီးလို့ ဆိုသူမှာ လာရောက်တွေ့ဆုံမယ်လို့ အကြောင်းပြန်ပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့တဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့ရပါတယ်။

ရွာသူရွာသားတွေအနေနဲ့ အမှန်တကယ်ဆေးကုသပေးနေတဲ့အတွက် ယုံကြည်ကြပြီး ကံလယ်ကြီးရွာ၊နောခုံ၊ကျောက်ပြင်သာ ကျေးရွာများမှရွာသားတွေ ဆေးကုသမှုခံ ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆရာဝန်ကြီးဟန်ဆောင်သူဟာ ဒီဇင်ဘာ လ ၁၉ ရက် ၂၀၁၆ခုနှစ်မှာ မြစ်ကြီးနား နဲ့ကောလင်းကို ၀က်အရောင်းအ၀ယ်လုပ်နေတဲ့ ကို ရန်အောင်နဲ့ ရထားပေါ်မှာစတင် ခင်မင်ခဲ့ပြီး ဒီဇင်ဘာ ၂၀ရက်နေ့မှာ မနက် ၇နာရီမှာကောလင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။

သူဆေးကု တက်ပြီး အထူးကုဆရာဝန်တစ်ဦးဖြစ်ကြောင်းပြောတဲ့အတွက် ကိုရန်အောင် က သူ့ သူငယ်ချင်းလက်ကိုက်တာကို ပြသခဲ့ရမှ ရောဂါပျောက်တဲ့အတွက် လူတစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပြောမိကြပြီး တစ်ဆင့်တစ်ဆင့် လာရောက်ကုသမှုတွေရှိခဲ့ပါတယ်။

ကောလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေပြုရေးကို ပြည်သူတွေကိုယ်စားပြုရမယ့်တာဝန်ရှိပြီး မဲဆန္ဒရှင်တွေကို စောင့်ရှောက်ရမယ့်တာဝန်ရှိတဲ့ အတွက် အလားတူ လိမ်လည်မှုတွေ မကြုံရဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတိပေးစာတွေ ရေးသားထားပါတယ်။

Sources; မို့မို့သန္တာ/ Kumudra

No comments:

Post a Comment