Latest News

Monday, January 9, 2017

ရေပန်းအစားဆုံး တေးသီချင်း တောင်းဆိုမှုအများဆုံး တေးသံရှင်ဆု ရရှိခဲ့တဲ့ ဝေလ

ရေပန်းအစားဆုံး တေးသီချင်း တောင်းဆိုမှုအများဆုံး တေးသံရှင်ဆု ရရှိခဲ့တဲ့ ဝေလ

City FM ၁၅နှစ်ပြည့် အထိမ်းအမှတ် ဂီတဆုပေးပွဲမှာ ရရှိခဲ့ပါတယ်။

City FMရဲ့ ၁၅နှစ်ပြည့် အထိမ်းအမှတ် ဂီတဆုပေးပွဲ အခမ်းအနားမှာ အဆိုတော်ဝေလက ရေပန်းအစားဆုံး တေးသီချင်း တောင်းဆိုမှုအများဆုံးဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိခဲ့တဲ့အတွက် ပျော်နေတဲ့ ဝေလက သူ့ရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်လို့ နေပါတယ်။ ဆုရရှိခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ရေးသားထားပါတယ်။

"ပထမဆုံးအနေနဲ့ ကျွန်တော့်သီချင်းတွေကို အားပေးခဲ့ကြတဲ့ ကြိုက်နှစ်သက်ကြတဲ့ သီချင်းချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်ရဲ့ "အဓိပတိဖွား" ..Album မှာ ပါဝင်ကူညီတီးခတ်ပေးကြသော Rnner Band နှင့် Guest player များ တေးရေးဆရာများ Mix ဆရာကိုမြင့်ဇော်..မူပိုင် FG Entertainment..ဖြန့်ချိပေးသော Bo Bo Music Production၊ Design ကိုအောင်အေးချမ်း၏Typography : D Plus၊ ဓာတ်ပုံမျိုးမင်းနဲ့ City FM မှ လူကြီးမင်းများ တာဝန်ရှိသူများနဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်" လို့ ရေးသားထားပါတယ်။

ရှိုးပွဲတွေသီဆိုနေသလို သီချင်းသစ်တွေလည်း စုနေတဲ့ ဝေလက "အဓိပတိဖွား" ကိုလည်း MTV ရိုက်ကူးနေတယ်လို့ သူက ဆိုပါတယ်။ MTV ကိုလည်း အကောင်းဆုံး ရိုက်ကူးနေပြီး ဒါရိုက်တွေနဲ့ တိုင်ပင်ကာ အကောင်းဆုံးဖြစ်အောင် ပုံဖော်ရိုက်ကူးနေတယ် လို့သိရပါတယ်။"အဓိပတိဖွား" MTV ကတော့ တော်တော်များများ ရိုက်ကူးပြီးသွားပြီ ဖြစ်ကာ မကြာခင် ပရိသတ်တွေလက်ထဲ ရောက်ရှိတော့မယ်လို့လည်း သူက ပြောပြခဲ့ပါသေးတယ်။

ဝေလရဲ့ မချစ်ရဘူးတဲ့လား

Sources & Photo : ဝေလဖေ့စ်ဘွတ် Duwun

No comments:

Post a Comment