Latest News

Monday, January 16, 2017

လူများ၊ အမှိုက်များ

လူများ၊ အမှိုက်များ



တချို့တွေက လမ်းမတန်း မျက်နှာစာမှာ နေထိုင်ကြတဲ့သူတွေကို အထက်တန်းကျကျ မျက်နှာပန်းလှလှနဲ့ ဇိမ်ကျလှတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ လမ်းမတန်းမှာ နေထိုင်ကြသူတွေက ပိုလို့ဇိမ်မကျဘဲ ပိုပြီး အလုပ်ရှုပ်ရ၊ ပိုပြီးဒုက္ခရောက်ကြရတယ်ဆိုတာနေဖူးတဲ့ သူတိုင်း သိကြမှာပါ။ တစ်နေ့တစ်နေ့ အိမ်ရှေ့မျက်နှာစာက အမှိုက်တွေကို အချိန်ပေးပြီးရှင်းရ လင်းရတဲ့ အလုပ်၊ အမှိုက်ကောက်ရတဲ့အလုပ်က လွယ်တော့မလွယ်လှဘူး။

မနက်မိုးလင်းတာနဲ့ အိမ် ရှေ့မှာ တွေ့ရပါပြီ အမှိုက်တွေ။ လမ်းသွားလမ်းလာသူတွေက ပစ် ချသွားတာတစ်မျိုး၊ ကားကြီးကား ငယ် အသွယ်သွယ်ပေါ်က ပစ်ချ သွားကြတဲ့ အမှိုက်တွေကတစ် မျိုး။ မနက်ပိုင်း အိမ်မှုကိစ္စပြီးပြီ ဆိုတာနဲ့ အိမ်ရှေ့ထွက်ပြီး အမှိုက် လိုက်ကောက်ရတော့တာပဲ။ ဘီ ယာဘူးခွံတွေ၊ ရေသန့်ဘူးခွံတွေ၊ ကွမ်းတံတွေးဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေ ကောက်ပေတော့ပဲ။

မြန်မာပြည်မှာ ဘတ်စ်ကား စီးတဲ့ လူတန်းစားလည်း စည်း ကမ်းမရှိ၊ ကိုယ်ပိုင်ကားစီးတဲ့ လူ တန်းစားလည်း စည်းကမ်းမရှိ။ စည်းကမ်းရှိတဲ့သူက အနည်းစု သာဖြစ်နေတော့ ဒီတိုင်းပြည် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို တိုးတက်မလဲလို့ အမှိုက်ကောက် ရင်း စဉ်းစားမိတာ အခါခါပါ။ ဘတ်စ်ကားပေါ်က ခရီးသည်က လည်း ကိုယ်စားထားတဲ့ အမှိုက် ထုပ်ကို ကားပေါ်ကနေ လက် လွတ်စပယ် ပစ်ချသွားတာပဲ။ ကားဒရိုင်ဘာ၊ စပယ်ယာတွေက လည်း ကွမ်းတံတွေးထွေးထားတဲ့ ဘူးကို ဂိတ်ရောက်မှ အမှိုက်ပုံးထဲ ပစ်မယ်မရှိဘူး။ ကားလမ်းမဘေး ကို ဘုတ်ခနဲ လွှင့်ပစ်လိုက်တာပဲ။

ကိုယ်ပိုင်ကားစီးတဲ့သူတွေ ကလည်း အထက်တန်းစား ဇိမ်ခံ ကားကောင်းကြီးတွေစီးပေမယ့် အကျင့်စရိုက်က အထက်တန်း စားမရှိကြတာက ခပ်များများပဲဆို တာ နေ့စဉ်အိမ်ရှေ့ထွက် အမှိုက် ကောက်နေရတဲ့ ကျွန်မက အသိ ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကောက်ရတဲ့ အမှိုက်တွေ က ဇိမ်ခံကား အကောင်းစားကြီး တွေပေါ်က ပစ်ချတဲ့ အမှိုက်တွေ က များနေတော့တာကိုး။

ဘယ်မှ အပြင်မထွက်ဖြစ်တဲ့ နေ့တွေဆို ကျွန်မက အိမ်ရှေ့ဝရန် တာဘက်ထွက်ထိုင်ပြီး အနားယူ ရင်း၊ စာဖတ်ရင်း၊ ပတ်ဝန်းကျင်ကို လည်း စူးစမ်းရင်းနဲ့ အချိန်တွေကို ကုန်ဆုံးစေတတ်တယ်။ အထူး သဖြင့် ဘယ်လိုလူတွေက အမှိုက် ပစ်ကြတာလဲဆိုတာ စပ်စုကြည့် တော့တာလေ။ အဲဒီမှာ စတွေ့ တော့တာပဲ။ အရွယ်ကြီးကြီး၊ အရွယ်ငယ်ငယ်၊ ယောက်ျား မိန်းမ၊ လူတန်းစားမရွေး၊ လူမျိုး ဘာသာမရွေး စည်းပျက်ကမ်း ပျက် အမှိုက်တွေပစ်ချနေကြတာ။ ကျွန်မတို့ နိုင်ငံသားတွေရဲ့ ခေါက် ရိုးကျိုးနေတဲ့ စည်းပျက်ကမ်းပျက် နေထိုင်တတ်မှုတွေကို ပြုပြင်ဖို့က လွယ်တော့မလွယ်လှဘူး။

နိုင်ငံပြောင်းလဲတိုးတက်ဖို့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတဲ့ သူငယ်ချင်းမရဲ့စကားကို သတိရ မိသေးတယ်။ သူက နိုင်ငံခြားမှာ အနှစ် ၂၀ လောက်နေခဲ့တဲ့သူဆို တော့ ဒီကိုပြန်ရောက်ခါစက ပြောခဲ့တဲ့စကားလေးပါ။ သူက ‘‘ဒီနိုင်ငံပြောင်းလဲတိုးတက်ဖို့က (၃) နှစ်သားကနေစပြင်ရတော့မှာ ပ’ဲ’ တဲ့။ ဆိုလိုတာက အကုန်လုံးက စည်းပျက်ကမ်းပျက်ထဲမှာ နေ သားကျနေကြတာကိုး။ (၃) နှစ် သားကနေစပြီး အကုန်လုံးကို ထရိန်နင်ပြန်ပေးရမယ်လို့ သူက ဆိုလိုတာ။ သူပြောတုန်းက ကျွန်မ ပေါ့ပေါ့ပါးပါးလေး ရယ်မောခဲ့မိ ပေမယ့် ရင်ထဲမှာတော့ နာခံခက် သားနော်။

ကျွန်မတို့ နိုင်ငံသားတွေ အများစုက စည်းကမ်းပျက်ကြ တာဟုတ်ပါပြီ။ ဒါကို လက်ခံရ မှာပေါ့။ လမ်းပေါ်မှာ အမှိုက်မပစ် အောင် အမှိုက်ပုံးထဲထည့်အောင် TV ကနေ ပညာတွေပေးနေကြ တာပဲ။ အစိုးရသစ်တက်တက်ချင်း လည်း အန်တီစုက အမှိုက် ကောက်ပြပြီး ပြည်သူတွေ အမှိုက် မချကြအောင် စည်းရုံးခဲ့သေးတာ ပဲ။ စာရေးဆရာတွေကလည်း  ဆောင်းပါးတွေရေးပြီး ပညာတွေ ပေးနေကြတာပဲလေ။ ဒါပေမဲ့ ပြည်သူတွေက အခုထိ အမှိုက် တွေချတုန်း။ သူတို့ကိုယ်သူတို့ အမှိုက်ချတာ အပြစ်တစ်ခုလို့ မမြင်ကြတုန်း ရှိနေဆဲပဲလေ။  ကျွန်မတို့ ပြည်သူတွေ စာမဖတ် ကြတာလား၊ TV ကြည့်ရင်တောင် ပညာ ဗဟုသုတရမယ့်ဟာမျိုး ထက် ဇာတ်ကားတွေလောက်ပဲ ကြည့်နေကြလေတော့သလားပဲ။

ယေဘုယျအားဖြင့်တော့ ပြည်သူတွေ စည်းကမ်းမရှိဘူး ပေါ့။ အဲဒီလို စည်းကမ်းမရှိအောင် လည်း အခြေအနေက ဖန်တီးပေး နေသလားဆိုတာလည်း စဉ်းစား စရာပါပဲ။ သူများနိုင်ငံတွေမှာ အမှိုက်ပုံးတွေ ပေါပေါများများရှိ ကြတယ်။ ဘန်ကောက်မှာဆိုရင် လမ်းထိပ်တိုင်း လမ်းထိပ်တိုင်း မှာ အမှိုက်ပုံးတွေ ရှိကြတယ်။ ဒီမှာကတော့ လမ်းတိုင်းမှာ အမှိုက်ပုံးမရှိကြ။ မြို့ထဲမှာ ပိုဆိုး သေးတယ်။ မြို့ထဲမှာ အမှိုက်ပုံး က ခပ်ရှားရှားပဲ။  မိုးတွင်းတုန်းက ပေါ့။ မြို့ထဲသွားရင်းနဲ့ ကျွန်မ ဆောင်းတဲ့ ချာလီထီးက အရိုး ကျိုးသွားတယ်။ ဒါနဲ့ အမှိုက်ပုံးထဲ ပစ်ခဲ့မယ်ဆိုပြီး အမှိုက်ပုံးလိုက် ရှာတာ။ လမ်းဖြတ်တွေ ငါးခု၊ ခြောက်ခုလောက် လျှောက်လိုက် ရမှပဲ အမှိုက်ပုံးကို တွေ့တော့ တယ်။ ထီးပျက်ကြီးကိုင်မထား ချင်တဲ့ကျွန်မ၊ အမှိုက်ပုံးတွေ့တာ ကိုပဲ ငယ်ပေါင်းကြီးဖော်နဲ့တွေ့ လိုက်ရသလို ဝမ်းသာအားရ ဖြစ် သွားရတဲ့အဖြစ်ပါ။

လမ်းပေါ်မှာ လွယ်လင့် တကူ အမှိုက်ပစ်ကြတာချည်းပဲ လည်း အပြစ်တင်လို့ မရသေး ဘူး။ အမှိုက်ပစ်ထည့်ဖို့ လွယ် လွယ်ကူကူ အမှိုက်ပုံးမရှိတာကို လည်း ထည့်စဉ်းစားဖို့လိုတာပဲ။ အမှိုက်ပစ်ဖို့ အမှိုက်ပုံးတွေသာ လွယ်လွယ်ကူကူ ပေါပေါများများ ရှိကြရင် လူတွေလည်း အခု လောက် စည်းကမ်းပျက်ကြမှာ မဟုတ်လောက်ဘူး။ အခုလို လက်လွတ်စပယ် ဖြစ်ကြမှာ မဟုတ်ပါဘူးလို့ ကျွန်မ ဖြေတွေး လေးတွေးမိပြီး အမှိုက်ကောက် ရင်း ကျေနပ်နေမိတုန်း မျက်စိရှေ့ ကို နက်ပြာရောင် လင့်ခရူဇာကား တစ်စီး ဝင်လာတယ်။ ကား အရောင်လေးကို ကြိုက်လိုက်တာ လို့တွေးပြီး ငေးနေတုန်း ကားမှန် တံခါးကကျလာတယ်။ ချောချော လှလှ အန်တီကြီးတစ်ယောက်။ သူ့လက်ထဲက စပယ်ပန်းနဲ့ ရွှေ ပန်းအနွမ်းတွေကို ဘတ်ခနဲ မြေ ကြီးပေါ်ကို လွှင့်ချလိုက်တယ်။ ဘာမှမဖြစ်သလို မျက်နှာပေးနဲ့ ကျွန်မကိုတစ်ချက်ကြည့်လိုက်ပြီး ကားမှန်ကို ပြန်တင်သွားတော့ တယ်။

ကျွန်မလည်း လက်ထဲက ကိုင်ထားတဲ့ မီးညှပ်နဲ့ မြေကြီးပေါ် က စပယ်ပန်းကုံး၊ ရွှေပန်းကုံး အနွမ်းတွေကို ညှပ်လိုက်ရင်း သူငယ်ချင်းမရဲ့ စကားကို သတိရ သွားပြီး ပြုံးလိုက်မိပါတော့တယ်။ ဒီတစ်ခါလည်း ကျွန်မရဲ့အပြုံးက အောင့်သက်သက်ချည်းပါပဲ



Sources; 7Day News Journal

No comments:

Post a Comment