Latest News

Monday, January 16, 2017

ပြည်သူကို မျက်နှာမူ အပြန်အလှန်ထိန်းကျောင်းကြ

ပြည်သူကို မျက်နှာမူ အပြန်အလှန်ထိန်းကျောင်းကြ


ဒီမိုကရေစီတည်ဆောက်ရေးတွင် အပြန်အလှန် ထိန်းကျောင်းမှုသည် သော့ချက်ကျသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်သည် အပြန်အလှန်ထိန်း ကျောင်းနိုင်ပါက ဒီမိုကရေစီအုတ်မြစ်သည် ခိုင်မာမည်ဖြစ်သည်။ မဏ္ဍိုင်သုံးရပ်သည် သီးခြားလွတ်လပ်ရမည်ဖြစ်ပြီး တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ဩဇာလွှမ်းမှုတို့မှ ကင်းလွတ်ရမည် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်နှင့် တရားရုံးတို့အနေဖြင့် ပြည်သူကို မျက်နှာမူလျက် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အခြေပြုလျက် အပြန်အလှန်ထိန်းကျောင်းတည့်မတ်နိုင် လေလေ ဒီမိုကရေစီ တည်ဆောက်ရေးသည် အားကောင်းမောင်းသန်လေလေဖြစ်သည်။

လတ်တလော နိုင်ငံရေးအ ခင်းအကျင်းကို လေ့လာကြည့် လျှင် တိုင်းဒေသကြီးများနှင့် ပြည် နယ်များတွင် အစိုးရ၊ လွှတ်တော် နှင့် တရားရုံးတို့အကြား အပြန်အ လှန်ထိန်းကျောင်း တည့်မတ်မှု သည် အချည့်နဲ့ဆုံးဖြစ်နေသည်။ အစိုးရ၊ လွှတ်တော်နှင့် တရားရုံး တို့အကြား သုံးဦးသုံးဖလှယ်ထိန်း ကျောင်း တည့်မတ်နိုင်မှသာ အ ပြောင်းအလဲသည် ထိရောက် တွင်ကျယ် အလုပ်ဖြစ်နိုင်သည်။ အပြန်အလှန်ထိန်းကျောင်းမှုဟု ဆိုလျှင် ပွတ်တိုက်မှုအချို့ရှိနိုင် သည်ကို အမြင်ကျယ်ကျယ် နား လည်သင့်သည်။ မဏ္ဍိုင်ကြီးသုံး ရပ်အကြား အပြန်အလှန်ထိန်း ကျောင်းမှုနှင့်အတူ စတုတ္ထမဏ္ဍိုင်ဟုဆိုနိုင်သည့် သတင်းစာများနှင့် ပဉ္စမမဏ္ဍိုင်ဟုဆိုရမည့် ဖေ့စ် ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် စာမျက်နှာတို့၏ ဗျူဟာမြောက် အရေးပါမှုကိုလည်း မျက်ကွယ် မပြုမိရေး အလေးပေးသင့်သည်။ အပြန်အလှန်ထိန်းကျောင်းမှုကို ထိပ်တိုက်တွေ့ခြင်း၊ အကျပ်ရိုက် စေခြင်း၊ ထိခိုက်ပွန်းပဲ့ခြင်း၊ အ ခက်အခဲတွေ့စေခြင်း၊ အပုပ်ချ ခြင်း စသဖြင့် ဗလုံးဗထွေး တံဆိပ် ကပ်မည်ဆိုလျှင် ဆုတ်ယုတ်သည့်သဘောဘက် ဦးတည်နိုင်ဖွယ်ရှိ သည်။ ထိရောက် အလုပ်ဖြစ် သော အပြန်အလှန်ထိန်းကျောင်း တည့်မတ်မှု အားနည်းလာမည်ဆို လျှင် မဲဆန္ဒရှင်ပြည်သူလူထုအနေ ဖြင့် မဏ္ဍိုင်သုံးရပ်အပေါ် ယုံကြည်မှု၊ အားကိုးမှု ကျဆင်းလာမည်ဖြစ် ပြီး ဒီမိုကရေစီတည်ဆောက်ရေး အပေါ် အပျက်သဘောသက် ရောက်လာနိုင်ဖွယ်ရှိသည်။

တိုင်းဒေသကြီးများနှင့် ပြည် နယ်များတွင် အစိုးရနှင့် လွှတ် တော်အကြား ပွင့်လင်းမြင်သာ ထိရောက် အလုပ်ဖြစ်မည့်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရား သည် ဗျူဟာမြောက်လိုအပ်လျက် ရှိသည်။ အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်း မှုကို နိုင်ငံရေးရင့်ကျက်မှုရှိရှိ ဖော် ဆောင်နိုင်ရေး ရှေးရှုသင့်သည်။ အစိုးရနှင့် လွှတ်တော်အကြား ပြည်သူကို မျက်နှာမူလျက် ပြည် သူ့ဆန္ဒ၊ ပြည်သူ့အသံနှင့် ဟန် ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်ပြီး အပြန်အလှန်ထိန်းကျောင်း တည့်မတ်နိုင်မည်ဆိုလျှင် ဒီမိုက ရေစီတည်ဆောက်ရေးသည် အချိန်နှင့်အမျှ ရင့်ကျက် အား ကောင်းလာနိုင်ဖွယ်ရှိသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ တွင် အစိုးရများနှင့် လွှတ်တော် များသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီနေသည့် အားလျော်စွာ ဟန် ချက်ညီညီ ပူးပေါင်းဆောင်ရွက် ထိန်းကျောင်းတည့်မတ်နိုင်မည် ဆိုပါက ဒီမိုကရေစီအုတ်မြစ်ကို ခိုင်မာသည်ထက် ခိုင်မာစေလိမ့် မည်ဟု သုံးသပ်နိုင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်အရ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များက သဘောတူမှသာ နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးနိုင်ပြီး ဝန်ကြီးဦးရေ၊ ဝန်ကြီးဌာနဦးရေ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံသည့် အမည်စာရင်းတင်သွင်း သည့်သူများကို တာဝန်ပေးရန်ငြင်းပယ်နိုင်သည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်သည် တရားလွှတ်တော် တရားသူကြီးများဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ကို ခန့်အပ်တာဝန်ပေးရာတွင်လည်း သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီမှုရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် သက်ဆိုင် ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က အခါအား လျော်စွာ ချမှတ်သည့် အုပ်ချုပ် ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့ ပြန်လည် အစီရင်ခံရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၈(က)နှင့် တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၂ (က)တို့တွင် ပြဋ္ဌာန်းထားသည်။ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ နှင့် လွှတ်တော်တို့အကြား အုပ် ချုပ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်နိုင်မည့် ဆုံမှတ် တစ်ခု၊ လမ်းကြောင်းတစ်ခုဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် အထက်ဖော်ပြပါဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော ထောက်နောက်ခံပြုလျက် တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအနေဖြင့် အုပ်ချုပ်ရေးဆိုင် ရာ ဆုံးဖြတ်ချက်များကို ချမှတ် နိုင်မှုအပိုင်းတွင် အားလျော့နည်း နေဆဲဖြစ်သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အား နည်းခဲ့သည့်နည်းတူ ဒုတိယအ ကြိမ် လွှတ်တော်သက်တမ်း ပထမနှစ်တွင်လည်း အားလျော့နေဆဲ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၂၅၈ (ခ)တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရသည် မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင် စုအစိုးရနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်ဟု အတိအလင်းဖော်ပြထားသည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၂ (ခ)တွင် မိမိနယ်မြေဒေသ၏ အ ခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း သည့် အစီရင်ခံစာကို ပြည်ထောင် စုအစိုးရနှင့် လွှတ်တော်သို့ တင်ပြ ရမည်ဟူသော ပြဋ္ဌာန်းချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်ဟုဆိုခြင်းထက် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်လွှတ်တော်ဟု ဖော်ပြမည်ဆိုလျှင် ပိုမိုရှင်းလင်း မည်ဖြစ်သည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မိမိနယ်မြေဒေသ၏ အ ခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း သည့် အစီရင်ခံစာတင်ပြရန် တိုက်တွန်းအဆိုပြုသင့်သည်။ အဆိုပါ အစီရင်ခံစာကို အကိုးအကားပြု လျက် အစိုးရနှင့် လွှတ်တော်အ ကြား အပြန်အလှန်ထိန်းကျောင်း မှု အားကောင်းရေးကို မျက် မှောက်ပြုသင့်သည်။

ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များသို့ မိမိနယ်မြေ၏ အ ခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း သည့် အစီရင်ခံစာတင်သွင်းခဲ့ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်သင့် သည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ပြောသံဆိုသံမကြား မိသလောက်ဟုသာ အမှတ်ရမိ သည်။ ဒုတိယအကြိမ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်သက် တမ်း တစ်နှစ်ပြည့်လုကာလတွင် လည်း တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့ အစီရင်ခံစာတင်သွင်း သည့်အသံမှာ မကြားရသလောက်ပင် ဖြစ်နေသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များအ နေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရ အဖွဲ့၏ အစီရင်ခံစာတင်သွင်းရ မည့်ကာလကို ဆုံးဖြတ်သတ်မှတ် သင့်သည်။ သို့မှသာ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်အ ကြား အပြန်အလှန်ထိန်းကျောင်း မှု၊ ပြည်သူကို မျက်နှာမူလျက် အ ပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တို့သည် ပိုမိုရုပ်လုံးပေါ်လာမည် ဖြစ်သည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီး ချုပ်၊ ဝန်ကြီး၊ ဥပဒေချုပ်တို့ကို နိုင်ငံတော်၏ ကျေးဇူးသစ္စာတော် ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ် ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီး၏ အရည်အ ချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေ ပွန်အောင် မဆောင်ရွက်နိုင်ခြင်း တို့ဖြင့် စွပ်စွဲပြစ်တင်နိုင်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၃ (က)(ခ)တွင် ပြဋ္ဌာန်းထားသည်။ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်လွှတ် တော်များအနေဖြင့် အစိုးရများကို ထိန်းကျောင်းကြပ်မတ်ရာတွင် စွပ်စွဲပြစ်တင်သည့် နည်းလမ်း ကျင့်သုံးနိုင်ရေး စဉ်ဆက်မပြတ် မျက်လုံးဖွင့်ထားသင့်သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်း တွင် စွပ်စွဲပြစ်တင်ခြင်း၊ လွှတ် တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုဖွဲ့လျက် စုံစမ်းစစ်ဆေး ခြင်းတို့သည် ခေတ်မစားခဲ့ပေ။ ဒုတိယအကြိမ် လွှတ်တော်သက် တမ်းတွင် တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လို အပ်ပါက စွပ်စွဲပြစ်တင်ခြင်း၊ စုံ စမ်းစစ်ဆေးအရေးယူခြင်းတို့ကို ထိထိရောက်ရောက် ဖော်ဆောင် လာနိုင်မည်ဆိုပါက ဒီမိုကရေစီ၏ ကြန်အင်လက္ခဏာများ ပိုမိုအား ကောင်းလာနိုင်ဖွယ်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အရ တိုင်း ဒေသကြီးများနှင့် ပြည်နယ်များ တွင် အစိုးရ ၁၄ ဖွဲ့နှင့် လွှတ်တော် ၁၄ ခုတို့ရှိသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ သည် ပြည်ထောင်စုလွှတ်တော် ကို တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထား သည်ကို မတွေ့ရှိရပေ။ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးသည် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည်။ အ ဆိုပါအခင်းအကျင်းသည် တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပိုမို အလုပ်ဖြစ်စေနိုင်သည်။ ဝန်ကြီး ချုပ်သည် အုပ်ချုပ်ရေးအကြီးအ ကဲဖြစ်သော်လည်း ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ် ကွပ်ကဲမှုအောက်တွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပင်ဖြစ်သည်။ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ကြီး ချုပ်များ၊ ဝန်ကြီးများ၊ ဥပဒေချုပ် များအပါအဝင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ကြပ်မတ်၊ ထိန်းကျောင်း၊ တည့်မတ်ပေးလာနိုင် မည်ဆိုလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော် များသည် ဒီမိုကရေစီတည် ဆောက်ရေးအပေါ် ပိုမိုကျားကန် လာနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရများ၊ လွှတ်တော်များသည် နေ့ ရောညပါ မဲဆန္ဒရှင်ပြည်သူလူထု နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေ သည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ ပြီး လက်ရှိအာဏာရပါတီဖြစ်နေ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဥပဒေနှင့်ညီညွတ် ပြီး ပြည်သူ့မျက်နှာမူသည့် အစိုး ရနှင့် လွှတ်တော်အကြား အပြန် အလှန်ထိန်းကျောင်းမှုကို အပြော သက်သက်မဟုတ် အလုပ်နှင့် သက်သေပြလျက် ကျောသားရင် သားမခွဲမခြား ဖော်ဆောင်လာ မည်ဆိုလျှင် လာမည့်လေးနှစ်တာ ကာလတွင် မြန်မာ့ဒီမိုကရေစီအ ပြောင်းအလဲသည် မိုမိုအား ကောင်းမောင်းသန်လာနိုင်ပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါ သည်။


Sources; 7Day News Journal


No comments:

Post a Comment