Latest News

Thursday, January 12, 2017

သား ကို ကျော ပိုးပြီး ဘိလပ်မြေတန်ချီ သယ်ဆောင်နေသူ


ကျောကုန်းမှာ သားကို လွယ်ပြီး ပြင်းထန်တဲ့အလုပ်လုပ်ဖို့ ဆိုတာမလွယ်ကူပေမယ်လည်း ဗီယက်နမ်နိုင်ငံ သားတစ်ဦးကတော့ သားငယ်ကိုကျော မှာလွယ်ပြီး ပြင်းထန်တဲ့အလုပ်တွေ လုပ်နေတာကိုတွေ့မြင်ရသူတွေက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဗီယက်နမ် အရှေ့မြောက်ဒေသ Lạng Sơn ခရိုင်Hữu Lũng, ဆိုတဲ့မြို့က ဖခင်တစ်ဦးဟာ သားကို ကျောမှာလွယ်ပြီး ဘိလပ်မြေ တန်ချီ မတင် မှု ၊ သယ်ဆောင်မှု နေ့စဉ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အဲဒီဗီယက်နမ်နိုင်ငံသား ဟာ သားကိုကျော မှာလွယ်ထားချိန်မှာ သားဖြစ်သူကို ဘေးအန္တရာယ်မဖြစ်
အောင် စောင့်ရှောက်ရတာဖြစ်လို့ သူအတွက် ပိုမိုပင်ပန်းတယ်လိုဆိုနိုင်ပါတယ်။
သားဖြစ်သူ ကျောမှာ သက်သောင့် သက်သာနေနိုင်ဖို့၊ ဘေးအန္တရယ် ကင်းရှင်းဖို့ နဲ့ သူ ရဲ့ ဘိလပ်မြေ သယ်ဆောင်မှု အဆင်ပြေစေဖို့ နေစဉ် လုပ်ဆောင်နေတာဖြစ်ပါတယ်။
သားကိုကျောမှာ ပိုးထား ပြီး ဗီယက်နမ်နိုင်ငံသား ဟာ ဘိလပ်မြေ ကို နေစဉ် တန်ချီ သယ်ဆောင်နိုင်
တယ်လို့ သိရပါတယ်။
ဖခင်တစ်ဦးရဲ့ ပေးဆပ်မှုကို အများကအံ့အားသင့်ချီးကျူးကြပြီး တချို့ကတော့ ဒီလိုအန္တရာယ်များတဲ့နေရာမှာ သားငယ်ကိုခေါ်ဆောင်သွားခြင်းကိုပြစ်တင်ကြပါတယ်။ ဖုန်မှုန့်၊ဘိလပ်မြေမှုန့်တွေကိုရှူရှိုက်ရပြီး နေပူထဲမှာ တနေ့လုံးကလေးကိုထားတာ မသင့်တော်ဘူးလို့ တချို့က ဝေဖန်ကြပါတယ်။
REF VN ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်




No comments:

Post a Comment