Latest News

Thursday, January 12, 2017

သင့်ကလေးရဲ့စာမေးပွဲအပေါ်စိတ်ဖိစီးမှုရှိနေခြင်းကိုဘယ်လိုကူညီပေးမလဲ

သင့်ကလေးရဲ့စာမေးပွဲအပေါ်စိတ်ဖိစီးမှုရှိနေခြင်းကိုဘယ်လိုကူညီပေးမလဲ

စာမေးပွဲဆိုတာ လူတိုင်းလိုလို ဖြတ်သန်းဖူးကြမှာပါ။ စာမေးပွဲဆိုတာကလည်း သိတဲ့အတိုင်းဖြေပြီးသွားရင်သိပ်ပြီးမဖြေနိုင်တဲ့ဘာသာတွေအတွက်စိုးရိမ်မိသလိုမဖြေခင်မှာလည်းကိုယ်ကျက်ထားတဲ့စာတွေကိုအခေါက်ခေါက်အခါခါပြန်လှန်လေ့ကျင့်ရင်းစာမေးပွဲအတွက်ပူပန်မှုတွေနဲ့စိတ်ဖိစီးမှုတွေဖြစ်ရပြန်ပါတယ်။ဒီလိုခံစားမှုမျိုးကိုစာမေးပွဲဖြေဖူးတဲ့သူတိုင်းကြုံဖူးကြမှာပါ။

ဒီလိုစာမေးပွဲအပေါ်မှာစိတ်ဖိစီးနေတဲ့ကလေးတွေကိုမိဘတွေကအကောင်းဆုံးစောင့်ရှောက်မှုတွေနဲ့ ဘေးကနေကူညီပံ့ပိုးပေးဖို့လိုပါတယ်။စားမေးပွဲဖြေမယ့် သင့်ကလေးကိုကူညီပံ့ပိုးပေးတဲ့အခါ ကလေးအနေနဲ့ စာမေးပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်အောင်လိုအပ်တဲ့အာဟာရဓာတ်တွေလုံလောက်စွာရရှိဖို့က မိဘတွေရဲ့တာဝန်ဖြစ်ပါတယ်။

စာမေးပွဲနီးလို့ အမြဲတမ်းစာပဲကျက်ဖို့တိုက်တွန်းတာကကလေးအတွက်ပိုပြီးဖိအားဖြစ်စေပါတယ်။ဒီအချိန်မှာစာကြည့်ချိန် ငါးမိနစ်၊ဆယ်မိနစ်စာတိုင်းကအရေးကြီးတာမှန်ပေမယ့်စာကြည့်ချိန်၊နားချိန်၊အိပ်ချိန်အပြင်လုံလောက်တဲ့အာဟာရဓာတ်တွေရရှိဖို့ကိုလည်းမေ့ထားလို့မရပါဘူး။အနားယူချိန်မှာစိတ်အနှောက်အယှက်ဖြစ်စရာမရှိအောင်အပြည့်အ၀အနားယူခိုင်းသင့်ပါတယ်။

အဲဒီလို အနားယူနိုင်အောင်time-planကိုလည်းအလေအလွင့်မရှိအောင်စီစဉ်ပေးထားသင့်ပါတယ်။စိတ်ဖိစီးမှုလျော့နည်းစေဖို့တရားထိုင်ခိုင်းတာ၊အားပေးစကားပြောတာတွေအပြင်ကိုယ်လက်လှုပ်ရှားမှုတွေပါလုပ်နိုင်အောင် ကလေးရဲ့တစ်နေ့တာအချိန်စာရင်းထဲမှာထည့်သွင်းပေးဖို့လိုပါတယ်။

စာမေးပွဲနီးချိန်မှာကလေးအများစုဖြစ်လေ့ရှိတဲ့နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ကလေးတွေအနေနဲ့
အိပ်ဖို့ပဲအားသန်ပြီး အစာစားချင်စိတ်မရှိတာပါပဲ။ ဒီအချက်ကိုမိဘတွေအထူးဂရုပြုဖို့လိုပါတယ်။အထူးသဖြင့်
ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝတဲ့မနက်စာကျွေးဖို့လိုပါတယ်။

တခါတလေကလေးက စာကျက်ဖို့စိတ်စောနေတဲ့အတွက်အစာကိုကြေညက်အောင်မ၀ါးတော့ဘဲ ကုန်အောင်လည်းမစားတတ်ကြပါဘူး။အာဟာရဓာတ်လုံလောက်စွာမရရှိတဲ့ကလေးဟာအာရုံစူးစိုက်မှုနည်းပြီး မှတ်ဥာဏ်အားလျော့ကျတာ၊ ကိုယ်ပိုင်တွေးခေါ်မှု၊တီထွင်ကြံဆမှုမှာအဟန့်အတားဖြစ်တာတွေခံစားရတတ်ပါတယ်။

အထူးသဖြင့် ရောဂါခုခံအားစနစ်ကောင်းပြီး ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိမှကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီးစိတ်ဖိစီးမှုတွေကို ပါတွန်းလှန်နိုင်မှာဖြစ်ပါတယ်။အဲဒီလို ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့စာကျက်တဲ့အခါအာရုံစူးစိုက်မှုကောင်းစေဖို့ ဗီတာမင်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေလုံလောက်စွာရရှိဖို့လိုပါတယ်။

ဒါပေမယ့်အစာကိုကုန်စင်အောင်စားဖို့ငြင်းဆန်နေတဲ့ကလေးအတွက်မိဘတွေမှာဦးနှောက်ခြောက်ရပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမှတ်ဥာဏ်စွမ်းအားမြင့်စေပြီး ရောဂါခုခံအားကောင်းမွန်စေတဲ့အာဟာရဓာတ်တွေတစ်စုတစ်စည်းတည်းပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေရှိနေတယ်ဆိုတာ မသိကြလို့ပါပဲ။

ဥပမာHorlicksဆိုရင်ကလေးရဲ့အရိုးအဆစ်သန်မာမှုကိုထောက်ပံ့ပေးပါတယ်။သူ့မှာ သံဓာတ်၊ဆီလီနီယမ်နဲ့
ဗီတာမင်အေဓာတ်တို့ပါဝင်တာကြောင့်တောက်လျှောက်စာပဲကျက်နေရတဲ့ကလေးတွေအတွက် သွေးလည်ပတ်မှုမကောင်းမှာလည်းပူစရာမလိုတော့ပါဘူး။

ဒါ့အပြင်မုယောစပါးကို ဖော်မြူလာအသစ်နဲ့ထုတ်လုပ်ထားတဲ့အတွက်Horlicksမှာကယ်လ်ဆီယမ်၊ဗီတာမင်ဒီ၊ ဖော်လစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။Horlicksမှာပါဝင်တဲ့နောက်ထပ်အရေးကြီးအာဟာရဓာတ်တစ်မျိုးကတော့Vitamin B12ပါ။ဒီအာဟာရဓာတ်က ကလေးရဲ့ရောဂါခုခံအားစနစ်ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ဒါကြောင့် သင့်ကလေးအနေနဲ့စာမေးပွဲကိုစိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြေနိုင်ဖို့အာဟာရဓာတ်လုံလုံလောက်လောက်ရရှိဖို့ဆိုရင် မိဘတွေကလည်းဒီလို ဖြည့်စွက်အာဟာရတွေရဲ့အကူအညီကိုမေ့ထားလို့မရပါဘူး။

နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ သင့်ကလေးက တခြားကလေးတွေလိုထူးထူးချွန်ချွန်ဖြစ်အောင်မလုပ်နိုင်ပေမယ့်လည်းသူအတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုတာအသိအမှတ်ပြုပေးပါ။ဒီစာမေးဟာ ဘ၀ကိုအောင်နိုင်ဖို့ဖြေခြင်းမဟုတ်ဘဲ သူ့အရွယ်နဲ့လိုက်ဖက်တဲ့ အလုပ်တစ်ခုကိုအကောင်းဆုံးလုပ်ခြင်းဖြစ်ကြောင်းအသိအမှတ်ပြု အားပေးဖို့ပဲဖြစ်ပါတယ်။

Sources; Original Writer

No comments:

Post a Comment