Latest News

Thursday, January 12, 2017

တရုတ်လေယာဉ်တင်သင်္ဘောကြီး ၀င်ရောက်ခဲ့တဲ့ ရေလက်ကြားကို ထိုင်ဝမ်က တိုက်လေယာဉ်တွေ ဖြန်ကျက်


ထိုင်ဝမ်ရေလက်ကြားထဲ ကို တရုတ်နိုင်ငံ က လေယာဉ်တင် သင်္ဘောကြီး ခုတ်မောင်းဝင်ရောက်လာတာကို တုံပြန်တဲ့အနေနဲ့ ထိုင်ဝမ် နိုင်ငံ က  ထိုင်ဝမ်ရေလက်ကြားဆီ တိုက်ခိုက်ရေးသုံး ရေငုပ် သင်္ဘောအပါဝင်  ထောက်လှမ်းရေး လေယာဉ်တွေ၊ တိုက်လေယာဉ်တွေဖြန်ကျက် ချထားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဟာ တောင်တရုတ်ပင်လယ်မှာစစ်ရေးလေကျင့်ပြီးနောက် လေယာဉ်တင်သင်္ဘော၊ လေယာဉ်တင်သင်္ဘော ကိုစောင့်ရှောက်လိုက်ပါလာတဲ့ ရေငုပ်သင်္ဘောတွေ နဲ့ဖျက်သင်္ဘောတွေ ဟာ ထိုင်ဝမ်ရေလက်ကြားဆီ ၀င်ရောက်လာခဲ့ပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က တရုတ် နိုင်ငံရဲ့ သင်္ဘောတွေရဲ့လှုပ်ရှားမှုတွေ အနီးကပ် စောင့်ကြည့်ကြဖို့ ထိုင်ဝမ် အာဏာပိုင်တွေကို အမိန့်ပေးထားပြီးဖြစ်ပါတယ်။
 ထိုင်ဝမ်သမ္မတ ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့  ရီပတ်ဘလီကန် လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေဆုံခဲ့ပြီး အဲဒီတွေဆုံမှု အပေါ် တရုတ်နိုင်ငံ က စိတ်ဆိုးဒေါသဖြစ်နေပါတယ်။
 ဒေါ်နယ်ထရမ့်ရွေးကောက်ခံ ပြီးချိန်မှာ ထိုင်ဝမ်သမ္မတ နဲ့ ဖုန်းပြောခဲချိန်မှာ စပြီး ထိုင်ဝမ်၊ အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။

 အမေရိကန် နိုင်ငံ ဆီ ထိုင်ဝမ်သမ္မတသွားရောက်ချိန်မှာ နိုင်ငံ ထဲကို ၀င်ခွင့်မပေးဖို့ အမေရိကန် အစိုးရ ဆီ တရုတ်နိုင်ငံ ကတောင်းဆိုခဲပါတယ်။ ထိုင်ဝမ် ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ သတ်မှတ်ဖို့ အမေရိကန်ကိုတရုတ်နိုင်ငံ က တောင်းဆိုပေမယ့် အမေရိကန် နိုင်ငံ ကလက်ခံမှု မရှိခဲ့ပါဘူး၊
REF CNN   ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment