Latest News

Monday, January 16, 2017

စစ်ဥပဒေ ပြဌာန်းဖို့အစီစဉ် ရှိတယ်လို့ ဖိလစ်ပိုင်သမ္မတ ဆို


မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေကို ထိရောက်အောင် နှိမ်နှင်းနိုင်ဖို့ လိုအပ်ရင် စစ်ဥပဒေ ပြဌာန်း သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောပါတယ်။
အခုလိုမျိုးလုပ်ဆောင်ရတာ ဟာ ဖိလစ်ပိုင်ပြည်သူတွေ ဘ၀အခက်ခဲမဖြစ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့  ဒူတာတေးက ပြောပါတယ်။
 အသက် ၇၁ နှစ်အရွယ် ရှိ ဒူတာတေး ဟာ သမ္မတ ဖြစ်လာပြီးနောက်ပိုင်းတည်းက မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်သူတွေကို ပစ်သတ်မှုတွေအပါဝင်ထိရောက်စွာ နှိမ်နှင်းမှုတွေလုပ်ဆောင်နေတာကြောင့် နိုင်ငံတကာလူအခွင့်ရေးအဖွဲစည်းတွေက ဝေဖန်ခံရနေရပါတယ်။
 ဒူတာတေး သမ္မတဖြစ်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူတွေ ကို အရင်ထက်မတူ ဖမ်းဆီးနိုင်ခဲ့သလို လူပေါင်း ၅၀၀၀ နီးပါး အသက်ဆုံးရှုံးတာတွေရှိခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတက “ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တာတွေ ပိုမိုဆိုးလာမယ်ဆိုရင်တော့ စစ်ဥပဒေ ပြဌာန်းမှာဖြစ်တယ်။ ကျွန်တော်လုပ်ချင်တာကိုဘယ်သူမှ တားလိုမရဘူး ဖြစ်အောင်လုပ်သွားမယ်။ “လို့ပြောပါတယ်။
ဒူတာတေး က ရွေးကောက်ပွဲ ကာလတုန်းက သမ္မတ ဖြစ်လာမယ်ဆိုရင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို ပြတ်သားစွာ အရေးယူမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။
REF ASIANEWS  ဇက်အမ်အို(တိုင်းဧရာ)

No comments:

Post a Comment