Latest News

Monday, January 16, 2017

မက္ကဆီကို ဂီတ ပွဲတော်အတွင်း ပစ်ခတ်မှုဖြစ်


မက္ကဆီကို ဂီတ ပွဲတော် တစ်ခု အတွင်း ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လိုသိရပါတယ်။
မက္ကဆီကို နိုင်ငံ ရဲ့ ဂီတ ပွဲတော်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး လူ ၄ ဦးထက်မနည်းသေဆုံးခဲ့သလို ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
 ဂီတ ပွဲတော်နောက်ဆုံးညဖြစ်တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက် ၃ နာရီမှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားချိန်မှာနီးစပ်ရာ ခုံအောက်ကို ၀င်ပုန်းနေခဲ့ရတယ်လို့ အသက်ရှင်လွတ်မြောက်လာသူက ပြောပါတယ်။
 လက်ရှိအချိန်မှာ ပစ်ခတ်မှု ကို ဘယ်အဖွဲ့လုပ်တယ်ဆိုတာ မသိရသေးဘူးလို့ မက္ကဆီကိုရဲတပ်ဖွဲတာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ဂီတ ပွဲတော်ကို ဇန်န၀ါရီ ၆ ရက်နေ့ က စတင်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။
 ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ လူတွေ ဟာ တံခါးပေါက်ကို အလုအယက်ပြေးခဲ့ ပြီး တံခါးကို ပိတ်ထားတာကြောင့် အပြင်ကို အလွယ်တကူထွက်လို့မရဘူးလို့ အသက်ရှင်လွတ်မြောက်လာသူ ဗီယာရာလီ ကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ လူတွေ ဟာ သေနတ်ပစ်ခတ်မှု မထင်ခဲ့ဘဲ မီးရှုးမီးပန်း ပစ်ပေါက်တာလို့ တွေးထင်ခဲ့တယ်လို့ ပြောပါတယ်။
 အခု သေနတ်ပစ်ခတ်မှု ဟာ အစိုးရ ရဲ့ မူးယစ်ဂိုဏ်း တွေကို နှီမ်နှင်းနေမှု နဲ့ ဆက်နွယ်ဖွယ်ရှိတယ်လို့
ခန့်မှန်းမှုတွေ ရှိနေပါတယ်။
REF SKY  ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment