Latest News

Monday, January 16, 2017

ခင်ပွန်းဖြစ်သူအပေါ် မကျေနပ်စိတ်ကြောင့် ပေါင် ၁၀၀ လျှောချနိုင်တဲ့အမျိုးသမီး



မိန်းကလေးတွေ  ဟာ ကိုယ်ချစ်သူ ၊ ခင်ပွန်းဖြစ်သူ တွေရဲ့ လိမ်ညာမှုတွေ ၊ဖောက်ပြန်မှုတွေ ကို မနှစ်သက်ပါဘူး။အ ထူးသဖြင့် ခင်ပွန်းဖြစ်သူ ဖောက်ပြန်ချိန်မှာ ပိုမိုကြေကွဲတာတွေဖြစ်လေ့ရှိပါတယ်။
 အခုလည်း ဘက်စီ အေရာလာ  ဆိုတဲ့အမျိုးသမီး ဟာ  ခင်ပွန်းဖြစ်သူ ရဲ့ဖောက်ပြန်မှု ကို ကြေကွဲရာမှ
အလေးချိန်ပေါင် ၁၀၀ ကျော် လျှောနိုင်ခဲ့တယ်လို့ သိရပါတယ်။
အေရာလာ ဟာ ခန္ဓာကိုယ် အလေးချိန် ၂၆၀ ကျော်ရှိပြီး ၀နေတာကြောင့် ခင်ပွန်းဖြစ်သူက အဲဒီ ခန္ဓာကိုယ် ၀နေတာကို ပြသာနာရှာပြီး နောက်မိန်းမတွေ နဲ့ဖောက်ပြန်တာတွေရှိခဲ့သလို မိန်းမအပေါ်လိမ်ညာမှု တွေရှိခဲ့ပါတယ်။
 သူတို့ အိမ်ထောင်ရေး ဟာလည်း ပြိုကွဲခဲ့ရပါတယ်။ အဓိကကတော့ သူမ ခန္ဓာကိုယ် ၀ နေတာကို
ခင်ပွန်းဖြစ်သူ က ပြသာနာရှာတာကြောင့် ကွဲခဲ့တာဖြစ်ပါတယ်။
အေရာ လာ  ဟာနောက်ပိုင်းမှာ သူ မ ခန္ဓာကိုယ်အလေးချိန်လျှောချဖို့ ဆုံးဖြတ်ခဲ့ပြီး အလေးချိန်လျှောချခဲ့ရာပေါင် ၁၀၀ ကျော် လျှောနိုင်ခဲ့ပါတယ်။
အခုဆိုရင်  သူမ ဟာ အလေးချိန်လျှောချနိုင်တာကြောင့် လှပ နေပါတယ်။

သူမက “ ကျွန်မ ဟာ အစားစာလျှောစားခဲ့တယ်။ ကာယလေကျင့်ခန်းတွေကိုတက်ကြွစွာ လုပ်ကိုင်ခဲ့တယ်။ တစ်ပတ်ကို   ၆ ကြိမ်လောက်လမ်းလျှောက်ခဲ့တယ်။ “လို့ပြောပါတယ်။
အခုဆိုရင် “ကျွန်မ ဟာ အရင်ထက်မတူဘဲ ပိုမိုလှပလာတယ်။ ဒါဟာ မခံချင်စိတ် ပေးတဲ့ခွန်းအားတွေဖြစ်တယ်။ “လို့ပြောပါတယ်။
REF VN ဇက်အမ်အို(တိုင်းဧရာ)  ဘာသာပြန်သည်

No comments:

Post a Comment