Latest News

Saturday, January 7, 2017

အများပိုင်ယာဉ်လိုင်းတွေမှာ ဝင်ဆွဲလို့မရတဲ့ ကားတွေအတွက် ရွေးချယ်ခွင့် သုံးမျိုးပေးမယ်

အများပိုင်ယာဉ်လိုင်းတွေမှာ ဝင်ဆွဲလို့မရတဲ့ ကားတွေအတွက် ရွေးချယ်ခွင့် သုံးမျိုးပေးမယ်

၁၉၉၅ မော်ဒယ်အောက် ကားတွေကို ရွေးချယ်ခွင့်သုံးမျိုးပေးသွားမှာပါ။
     
အများပိုင်လိုင်းတွေမှာ မပါတဲ့ ကားတွေအတွက် ရွေးချယ်ခွင့်
လာမယ့် ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲမယ့် အများပိုင်ယာဉ်လိုပ်းတွေမှာ ပါဝင်ပြေးဆွဲခွင့်မရတဲ့ ၁၉၉၅ မော်ဒယ်အောက် ကားတွေဖြစ်တဲ့ ဘီအမ်၊ မီနီဘတ်စ်၊ စီးတီးဘတ်စ်နဲ့ ဒိုင်နာကားတွေအတွက် ရွေးချယ်ခွင့်သုံးမျိုးပေးသွားမယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ညွှန်ကြားထားတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတရုတ်လေးက ပြောပါတယ်။

အများပိုင် ယာဉ်လိုင်းတွေပြေးဆွဲဖို့အတွက် အစိုးရကကုမ္ပဏီ ရှစ်ခုကိုရွေးချယ်ခဲ့ပြီး အစိုးရအပါအဝင် တစ်ဦးချင်း ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါ်နီလာကျော်က ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေ ပြေးဆွဲရမယ့် ယာဉ်လမ်းကြောင်း ၅၇ ခု ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၃ ရက်မှာ  ထုတ်ပြန်ခဲ့ပြီး လမ်းကြောင်းအများစုက ရန်ကုန်မြို့တွင်းကို ဦးတည်လာတဲ့ ဘတ်စ်ကားတွေကို မြို့တွင်းခြောက်မြို့ နယ်ကို မဝင်စေဘဲ သခင်မြပန်းခြံ၊ ရန်ကုန်ဘူတာကြီး၊ မဟာ ဗန္ဓုလတံတားအောက်၊ ဗိုလ်တထောင်ဘုရား စတဲ့နေရာတွေမှာပဲ ဂိတ်ဆုံးသတ်မှတ်ထားပါတယ်။

Source : 7DayTV : Duwun

No comments:

Post a Comment