Latest News

Saturday, January 7, 2017

အမေနေ့အထိမ်းအမှတ်အဖြစ် မုံရွာမှ အလောင်းတော်ကဿပသို့ ယာဉ်လိုင်းများ အခမဲ့ပြေးဆွဲမည်

အမေနေ့အထိမ်းအမှတ်အဖြစ် မုံရွာမှ အလောင်းတော်ကဿပသို့ ယာဉ်လိုင်းများ အခမဲ့ပြေးဆွဲမည်


အမေနေ့အထိမ်းအမှတ် အဖြစ် မုံရွာမြို့မှ အလောင်းတော် ကဿပသို့ ယာဉ်လိုင်းများစု ပေါင်း၍ ပထမဆုံးအကြိမ် အခမဲ့ ပြေးဆွဲမည်ဟု အလောင်းတော် ကဿပဘုရားဖူးယာဉ်ပို့ဆောင် ရေးယာဉ်လိုင်းများမှ သတင်းရရှိ သည်။

မုံရွာမြို့ရှိ အလောင်းတော် ကဿပဘုရားဖူးယာဉ်လိုင်းများ စုပေါင်းဂိတ်က ဦးဆောင်ကာ ဇန် န၀ါရီ ၁၂ ရက် နံနက် ၄ နာရီတွင် မုံရွာမြို့ နာရီစင်စုရပ်မှ၍ အခမဲ့ပြေးဆွဲမည့် ယာဉ်များစတင်ထွက်ခွာမည်ဟု မုံရွာ-အလောင်းတော်ကဿပဘုရားဖူး ပို့ဆောင်ရေးလုပ်ကိုင်သူ ဦးညိုဝင်းကပြောကြားသည်။

‘‘သက်ဆိုင်ရာက ဒီနှစ် တရားဝင်အလောင်းတော်ကဿ ပ ဘုရားဖူးပို့ဆောင်ရေးလုပ်ကိုင် တဲ့ အသင်း ကိုးသင်းစုပေါင်းပြီး အလောင်းတော်ကဿပစုပေါင်း ဂိတ်ဖွဲ့စည်းထားတယ်။ အသင်း ကိုးသင်းဆိုပေမယ့် နှစ်သင်းက ကားမပြေးနိုင်သေးဘူးဆိုတော့ အသင်း ခုနစ်သင်းပဲပြေးနိုင်မယ်။ ယာဉ်လိုင်းတစ်သင်းဆိုရင် ကား အကြီးဆို တစ်စီးပြေးရမယ်။ ကားအသေးဆိုရင် နှစ်စီးပြေးရ မယ်။ အသင်းတစ်သင်းကို အ နည်းဆုံးခရီးသည် ၂၅ ဦး အခမဲ့ ပို့ဆောင်ပေးရမယ်။ အခုလို အ လောင်းတော်ကဿပကို ယာဉ် လိုင်းတွေစုပေါင်းပြီး အခမဲ့ပြေး ဆွဲပေးတာ ပထမဆုံးအကြိမ်ပါ’’ ဟု ဦးညိုဝင်းကပြောသည်။

မုံရွာမြို့မှ ဘုရားဖူးယာဉ် လိုင်းများဖြစ်သော ဦးညိုဝင်းနှင့် ရောင်းရင်းများ၊ ကြည်စန်းနှင့် ရောင်းရင်းများ၊ ညိုညိုဝင်းနှင့် ရောင်းရင်းများ၊ မင်းသိန်းနှင့် ရောင်းရင်းများ၊ ဆင်ဖြူတော်၊ ဇေယျတု၊ ဇေယျာအေးမြ စသည့် ယာဉ်လိုင်းအသင်းခုနစ်သင်းက စုပေါင်း၍ အမေနေ့အထိမ်းအ မှတ် အလောင်းတော်ကဿပသို့ အခမဲ့ဘုရားဖူးခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့ က အလောင်းတော်ကဿပ ရာ သီလမ်းဖွင့်ပွဲကို ဇန်န၀ါရီ ၇ ရက် မှာကျင်းပခဲ့တယ်။ မုံရွာကနေ အ လောင်းတော် ကဿပဘုရားဖူး ယာဉ်တွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး နေ့စဉ်ပုံမှန်ပြေးဆွဲနေတယ်။ အများစုက တော့ ယာဉ်ငယ်တွေပြေးဆွဲတာ ပိုများလာတယ်။ ခရီးသည်တစ် ယောက်ကို ကျပ်တစ်သောင်းခွဲ နှုန်းနဲ့ ပြေးဆွဲနေပါတယ်’’ဟု မုံရွာ - အလောင်းတော်ကဿပဘုရား ဖူးယာဉ်လိုင်းမှ ယာဉ်မောင်းတစ် ဦးက ပြောသည်။


Sources; 7Day News Journal

No comments:

Post a Comment