Latest News

Saturday, January 7, 2017

မြန်မာငါးဦး အသတ်ခံရမှု ဖြစ်ပွားရာတွင် ပါဝင်သော မြန်မာလုပ်သားခုနစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ

မြန်မာငါးဦး အသတ်ခံရမှု ဖြစ်ပွားရာတွင် ပါဝင်သော မြန်မာလုပ်သားခုနစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ



မလေးရှားနိုင်ငံ ဆာဒန် မြို့တွင် မြန်မာလုပ်သားများ တိုက်ခိုက်ခံရမှုကြောင့် မြန်မာ လုပ်သားငါးဦး သေဆုံးမှုဖြစ်စဉ် နှင့်ပတ်သက်၍ အခင်းဖြစ်ပွားရာ တွင် ပါဝင်သည့် မြန်မာလုပ်သား ခုနစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သ တင်းရရှိသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင် သည့် ၀င်းကို၊ ပြည့်ဖြိုးအောင်၊ အောင်ကိုလတ်၊ ပတ်တာ၊ ဖြိုး ကျော်၊ ဇော်လွင်နှင့် တင်ကိုဝင်း တို့ကို မလေးရှားရဲတပ်ဖွဲ့က စစ် ဆေးမေးမြန်းရန် ဖမ်းဆီးထား ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းရရှိသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင် သည့် မြန်မာလုပ်သားများ အ လုပ်လုပ်ကိုင်နေသော စက်ရုံ၌ မြန်မာလုပ်သား ၃၀ ကျော်ရှိပြီး ၎င်းတို့၏ လုံခြုံရေးနှင့် အလုပ် ဆက်မလုပ်ချင်သူများကို မြန်မာ နိုင်ငံသို့ အမြန်ဆုံးပြန်ပို့ပေးရန် ဆောင်ရွက်ပေးနေကြောင်း မ လေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အဲဒီညမှာ မြန်မာလုပ်သား ၁၅ ယောက်က ပြန်နေကျလမ်းက နေ ပြန်တာ။ အဲဒီမှာ ဓားတွေကိုင် ထားတဲ့ ခန့်မှန်းခြေ ရှစ်ယောက် လောက်ရှိတဲ့ အုပ်စုက ရှေ့ နောက်ပိတ်ပြီး တိုက်ခိုက်တာ။ အဲဒီအခင်းဖြစ်စဉ်မှာပါတဲ့ မြန်မာ လုပ်သား ခုနစ်ယောက်ကို စစ် ဆေးမေးမြန်းဖို့အတွက် ခေါ်ထား တာပေါ့’’ဟု ၎င်းက ဆက်လက် ပြောသည်။

မြန်မာလုပ်သားများ တိုက် ခိုက်ခံရမှုကို မလေးရှားရှိ ဘင်္ဂါလီ ခေါင်းဆောင်တစ်ဦးက မြန်မာ လုပ်သားများအချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်သည်ဟု သတင်း များ ဖြန့်ဝေနေပြီး မလေးရှားရှိ တရုတ်သတင်းစာတစ်စောင်က လည်း မြန်မာလုပ်သားများ အ ချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းဖြစ် သည်ဟု ရေးသားထားကြောင်း ကွာလာလမ်ပူမြို့နေ ကိုသက်ခိုင် စိုးက ပြောသည်။

ဇန်န၀ါရီ ၅ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  ဆာဒန်းမြို့၌ အချိန်ပိုအလုပ် ဆင်းရာမှ ပြန်လာသော မြန်မာ လုပ်သား ၁၅ ဦးကို မလေးရှား နိုင်ငံသားဟု ယူဆရသူ မျက်နှာ ဖုံးစွပ် ၁၀ ဦးခန့်က ဓားဖြင့်တိုက် ခိုက်ရာ မြန်မာလုပ်သားငါးဦးသေ ဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရမှုကြောင့် မြန်မာ လုပ်သားလေးဦး နေရာတွင် ပွဲ ချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိ သည့် သုံးဦးကို ဆာဒန်းဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံ၌ တစ်ဦး ထပ် မံသေဆုံးသည်။ သေဆုံးသူငါးဦး အနက် သုံးဦးသည် တရားဝင်နေ ထိုင်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ တရားမ၀င် နေထိုင်သူများဖြစ် ကြောင်း သိရသည်။ ၎င်းတို့သည် အသက်(၁၆)နှစ်မှ (၂၅)နှစ်ကြား ရှိပြီး မင်းရာဇာမျိုး၊ ဇေယျာအောင်၊ မိုးထက်ဦး၊ ထွန်းထွန်း ၀င်းနှင့် ဌေးလွင်တို့ဖြစ်ကြောင်း သိရသည်။



Sources; 7Day News Journal


No comments:

Post a Comment