Latest News

Wednesday, January 18, 2017

အသက် ၉၀ အထက် ဘိုးဘွားများ လာမည့် ဘဏ္ဍာနှစ် မှစ၍ တစ်လ တစ်သောင်းရမည်

အသက် ၉၀ အထက် ဘိုးဘွားများ လာမည့် ဘဏ္ဍာနှစ် မှစ၍ တစ်လ တစ်သောင်းရမည်

နေပြည်တော် ၊ ဇန်န၀ါရီ ၁၈

အသက် ၉၀နဲ့ အထက် သက်ကြီး ရွယ်အို များကို လာမယ့် ဘဏ္ဍာနှစ် ကစပြီး တစ်လလျှင် ကျပ် တစ်သောင်းပေးမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ပြန်လည်နေချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကပြောပါတယ် ။

“ဥပဒေက ပေါ်ပေါက်နေပါပြီ ၊ စတင် ကျင့်သုံးနေပါပြီ ၊ စတင် ကျင့်သုံးတော့ ဘာလဲ ဆိုတော့ အဲ့ဒီထဲမှာ ထူးခြားချက် က ဘာလဲဆိုတော့ သက်ကြီးရွယ်အို ပင်စင် ဆိုပြီးတော့ ပါလာမယ် ၊ သက်ကြီးရွယ်အိုကို ဖွင့်ဆို လိုက်တော့ အသက်၆၀ အထက်ဆိုတာ ပါလာတယ် ။ အဲ့ဒီတော့ အသက် ၆၀ကျော်တွေ ကို ပင်စင်ပေးဖို့ ဆိုတာက နိုင်ငံရဲ့ အခြေအနေနဲ့ ဘဏ္ဍရေး အခြေအနေအရ မဖြစ်သေးဘူး။

ဥပဒေ မှာထဲက ကျွန်တော် တို့က လုပ်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသက်အပိုင်း အခြားအလိုက် ကျွန်တော်တို့က ထည့်ထားတယ် ၊ အခု ကျွန်တော်တို့က အသက် ၉၀ အရွယ် က နေစ မှာဖြစ်ပါတယ်” လို့ ၄င်းက ဆိုပါတယ်။  ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ လူမှု ၀န်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှာ ကျင်းပတဲ့ လူမှု ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး မှာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ နည်း ဥပဒေတွေလည်း လိုတယ် ၊ ရေးဆွဲနေပါပြီ ၊ နည်းဥပဒေ ကိုလည်း အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် သွားမှာပါ”လို့ ၄င်း ကပြောပါတယ် ။

သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေကို NLD အစိုးရ စတင် တာဝန် ထမ်းဆောင်ချိန်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကိုယ် တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။

Sources: စိုင်းလမင်း ( ပေါ်ဖြူလာ )

No comments:

Post a Comment