Latest News

Monday, January 9, 2017

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ကျောင်းအုပ်ကြီးများကြိုတင်သိရှိရန်နှင့်ဆောင်ရွက်ရမည့်အချက်များ

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်

ကျောင်းအုပ်ကြီးများကြိုတင်သိရှိရန်နှင့်ဆောင်ရွက်ရမည့်အချက်များ

     တက္ကသိုလ်ဝင်စာမေးပွဲသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှတာ ဝန်ယူကျင်းပပေးရသော စာမေးပွဲ ဖြစ်ပြီး နိုင်ငံတော်အဆင့်စစ်ဆေး သည့် စာမေးပွဲဖြစ်ပေသည်။

    ၂၀၁၇ခုနှစ် မတ်လ(၈)ရက်နေ့ မှစပြီး တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ဖြေဆိုကြရပေမည်။ ယခင်နှစ်က အတိုင်း မေးခွန်းတစ်စုံတည်းဖြင့် စစ်ဆေးမည်ဖြစ်ပါသည်။ ယခုနှစ် ဖြေဆိုရန် လျှောက်လွှာတင်သွင်း ထားသူ (၇၆၇၀ဝ၀)ကျော်ရှိပြီး ယခင်နှစ်ကထက် တစ်သိန်းနီးပါး တိုးလာပေသည်။

    တက္ကသိုလ်ဝင်စာမေးပွဲကို အ ခြေခံပညာ ဦးစီးဌာနအောက်ရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက် ပေးရသည်။ စာစစ်ဌာန တစ်ခုလုံးကို ကျောင်းအုပ်ကြီးက ကြီးကြပ်ရေး မှူးအဖြစ် တာဝန်ယူဆောင်ရွက်ရ မည်ဖြစ်ပြီး ဆရာ၊ ဆရာမများက လက်ထောက်ကြီးကြပ်ရေးမှူးများ အဖြစ် စာဖြေခန်းများကိုစောင့် ကြပ်တာဝန်ယူရမည် ဖြစ်ပေသည်။

    ကျောင်းအုပ်ကြီးများသည် ကြီးကြပ်ရေးမှူး တာဝန်ကိုရှောင်လွှဲ၍ မရပေ၊ မလွဲမသွေတာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။ မိမိကျောင်းကို မိမိ ကြီးကြပ်ရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ရပေ။ ကြီးကြပ်ရေးမှူးသည် အင်မတန်ကြီး လေးသောတာဝန်ကို ထမ်းဆောင် ရခြင်းဖြစ်သည်။ အမှားအယွင်းမခံ သဖြင့် ပေါ့ဆ၍မရပါ။ စာမေးပွဲ၌ ပြဿနာတစ်ခုခုဖြစ်ပေါ်လာပါက ပြောင်းရွှေ့ခြင်း၊ ရာထူးချခြင်း၊ အငြိမ်းစားပေးခြင်း၊ ရာထူးမှထုတ် ပယ်ခြင်းစသည့် ပြစ်ဒဏ်များကို ခံရပေသည်။ စာမေးပွဲကို အောင် မြင်စွာကျင်းပနိုင်သဖြင့် ချီးမြှောက် မှုများတော့ မရှိခဲ့ပေ။

    တက္ကသိုလ်ဝင်စာမေးပွဲစာစစ် ဌာနကြီးကြပ်ရေးမှူး တာဝန်ထမ်း ဆောင်မည့် ကျောင်းအုပ်ကြီးများ သည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် ကြီးကြပ်ရေးမှူး များလိုက်နာရန် စည်းကမ်းချက်များ အတိုင်းဆောင်ရွက်ရန် အရေးကြီး ပေသည်။ နားမလည်သည့်အချက်များနှင့် ပြဿနာတစ်စုံတစ်ရာဖြစ် ပေါ်လာပါက စာစစ်ဦးစီးဌာနကို ချက်ချင်းတင်ပြပြီး ၄င်းတို့၏လမ်း ညွှန်ချက်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

    ကြီးကြပ်ရေးမှူးသည် တက္က သိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်ပြီး စာမေးပွဲ မကျင်းပမီ ဆောင်ရွက်ရ မည့်အပိုင်းများ၊ စာမေးပွဲကျင်းပ နေစဉ် ဆောင်ရွက်ရမည့်အပိုင်းနှင့် စာမေးပွဲပြီးဆုံးချိန် ဆောင်ရွက်ရ မည့်အပိုင်းတို့ကို သေချာစွာလေ့ လာထားပြီး အမှားအယွင်းမရှိ အောင် အလေးထားဆောင်ရွက်ရ မည်ဖြစ်ပေသည်။

    ပထမဦးစွာ စာမေးပွဲမကျင်းပ မီဆောင်ရွက်ရမည့် အောက်ပါ အချက်များကို ကြိုတင်ဆောင်ရွက် ထားရမည်ဖြစ်သည်။ စာစစ်ဦးစီး ဌာနမှထုတ်ထားသည့် စည်းကမ်းချက်များ စာအုပ်ကိုသေသေချာချာ ဖတ်ပြီး ၄င်းအတိုင်းတိကျစွာ ဆောင်ရွက်ရမည်။

    ကျောင်းအုပ်ကြီးများသည် စာ စစ်ဌာန ကြီးကြပ်ရေးမှူးတာဝန်ကို မိမိအားပေးအပ်ပြီဆိုသည်နှင့် တစ် ပြိုင်နက် မိမိတာဝန်ကျရာစာစစ် ဌာနသို့ စာမေးပွဲမတိုင်မီကြိုတင် သွားရောက်ပြီး စာစစ်ဌာန၏လို အပ်ချက်တို့ကို စစ်ဆေးမှတ်သား ထားရမည်။

    စာဖြေခန်းနှင့် စာဖြေသူဦးရေ လုံလောက်မှု ရှိ/မရှိ၊ စာဖြေခုံများ လုံလောက်မှု ရှိ/မရှိနှင့် စာဖြေခုံ ကောင်းမွန်ခိုင်ခံ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးရမည်။

    စာဖြေဆောင်များ တစ်ခုနှင့် တစ်ခုဝေးကွာလျှင် အဆောင်ကြပ် များခန့်ထား ဆောင်ရွက်ရပေမည်။ မိမိတစ်ယောက်တည်း ကြီးကြပ်၍ မရနိုင်ပါ။ အဆောင်ကြပ်များသည် ကြီးကြပ်ရေးမှူးများကိုယ်စားအ ဆောင်များကို ကြီးကြပ်ရသဖြင့် မိမိတာဝန်ကျသည့်အဆောင်မှ စာ ဖြေခန်းများသည် စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ ဖြေဆိုစေရန် တာဝန်ယူဆောင်ရွက်ရမည်။

    စာမေးပွဲစစ်ဆေးသည့်စာဖြေ ခန်းနှင့် ကျောင်းဝင်းလုံခြုံမှုရှိ/မရှိ တို့ကိုစစ်ဆေးပြီး လိုအပ်သည်များ ရှိပါက မြို့နယ်ပညာရေးမှူးထံတင် ပြပြီး အကူအညီတောင်းခံရမည်။ မြို့နယ် ပညာရေးမှူးသည်လိုအပ် သည်များကို ကူညီဆောင်ရွက်ပေး ရန်တာဝန်ရှိသည်။

    စာစစ်ဌာနလုံခြုံရေးနှင့် အဖြေ စာအုပ် လုံခြုံရေးအတွက်ကိုလည်း မြို့နယ်ပညာရေးမှူးက မြို့နယ်အာ ဏာပိုင်အဖွဲ့အစည်းများနှင့် ကြီး ကြပ်ရေးမှူးတို့ကိုတွေ့ဆုံစေပြီး လို အပ်သည်များကို ကူညီပံ့ပိုးပေးရ မည်။

    စာစစ်ဦးစီးဌာနမှ ကြိုတင်ပေး ပို့ထားသော စာဖြေသူစာရင်းနှင့် စာမေးပွဲဝင်ခွင့်ကတ်ပြားများ၊ ဘာ သာတွဲများကိုက်ညီမှု ရှိ/မရှိကိုစစ် ဆေးထားရမည်။ ကွဲလွဲချက်ရှိက စာစစ်ဦးစီးသို့ အချိန်မီတင်ပြရ မည်။ စာစစ်ဌာနသို့ကြိုတင်ရောက် ရှိနေသည့် အဖြေလွှာစာအုပ်၊ အပို အဖြေလွှာစာရွက်၊ ဂရပ်(ဖ်)ပုံစံ နှင့် လော့ဂရပ်သမ်စာအုပ်များသည် စာဖြေသူဦးရေနှင့်ကိုက်ညီ မှုရှိ/မရှိ၊ အဖြေစာအုပ်များကောင်း မွန်မှုရှိ/မရှိနှင့် သတ်မှတ်ထားသည့် စာမျက်နှာရွက်ရေ ကိုက်ညီမှုရှိ/မရှိ တို့ကိုစစ်ဆေးထားရမည်။ အသုံးပြု ရန်မသင့်သော စာအုပ်များပါလာ လျှင် စာစစ်ဦးစီးဌာန၌လဲလှယ်ရမည်။ ဝေးလံသောဒေသမှဖြစ်လျှင် သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး တို့ထံတွင် လဲလှယ်နိုင်သည်။

    စာဖြေခန်းနှင့် စာဖြေဦးရေတို့ ကိုတွက်ချက်ပြီး လိုအပ်သည့်လက် ထောက်ကြီးကြပ်ရေးမှူးဦးရေ ခန့် ထားနိုင်ရန် မြို့နယ်ပညာရေးမှူးထံ တင်ပြတောင်းခံရမည်။
    ကြီးကြပ်ရေးမှူးသည် မိမိ ကျောင်းမှ ဆရာ၊ဆရာမများကို တာဝန်ကျရာ စာစစ်ဌာနသို့(၃)ပုံ၊ (၁)ပုံခေါ်သွားနိုင်ပြီး လက်ထောက် ကြီးကြပ်ရေးမှူးများအဖြစ် တာဝန် ပေးနိုင်သည်။
    မြို့နယ်ပညာရေးမှူးကလည်း လက်ထောက်ကြီးကြပ်ရေးမှူးများ ခန့်အပ်ထားရာတွင် စာမေးပွဲအ တွေ့အကြုံရှိသူများကိုသာ ဦးစား ပေးခန့်ထားရမည် ဖြစ်သည်။
    လက်ထောက်ကြီးကြပ်ရေးမှူး များ ခန့်ထားတာဝန်ပေးရာတွင် လည်း ကိုယ့်ကျောင်း၊ ကိုယ့်ဆရာ၊ ကိုယ့်တပည့်များကို စာဖြေခန်း အတွင်း၌ အတူမထားရန်ဆောင် ရွက်ရမည်။
    စာမေးပွဲတာဝန်ကျဇယားကို စာမေးပွဲကျင်းပမည့်နံနက်မှ ထုတ် ပြန်ရမည်။ နေ့စဉ်ပြောင်းလဲရမည်။
    စာမေးပွဲမဖြေဆိုမီ ကြီးကြပ် ရေးမှူးမှ လက်ထောက်ကြီးကြပ် ရေးမှူးများကို အစည်းအဝေးခေါ် ပြီး၊ စာစစ်ဦးစီးဌာနမှထုတ်ဝေသော စာမေးပွဲဆိုင်ရာ စည်းကမ်းချက် များနှင့် ၄င်းတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို တစ်ချက် ချင်း ရှင်းလင်းမှာကြားရမည်။ အ စည်းအဝေးတက်သူများကို လက် မှတ်ရေးထိုးမှတ်တမ်း ယူထားရမည်။
    စာဖြေခန်းဝင်ဆံ့ဦးရေ သတ် မှတ်ခြင်း၊ ခုံစီခြင်း၊ ခုံအမှတ်ကပ် ခြင်း၊ ညွှန်ကြားလွှာများကပ်ခြင်းတို့ ကိုစာစစ်ဦးစီးဌာနက ညွှန်ကြားထားသည့် အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။
    မီးဘေးအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်ထားပြီး စီမံချက် ရေးဆွဲဆောင်ရွက်ရမည် ဖြစ်သည်။
    ကြီးကြပ်ရေးမှူးကိုယ်တိုင်မြို့ နယ်ပညာရေးမှူးနှင့် လိုက်ပါပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ ကိုလက်ခံရမည်ဆိုလျှင်တက္ကသိုလ် မှ လွှဲပြောင်းလက်ခံသည့်အခါတွင် စာဖြေသူဦးရေနှင့် ဘာသာရပ်မေး ခွန်းဦးရေ၊ မေးခွန်းထုပ်အရေအတွက်ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး မေးခွန်းထုပ်ပေါ်တွင် ချိပ်တံဆိပ် ကွာနေခြင်း၊ ပေါက်ပြဲနေခြင်းတို့ကို လည်း သေချာစွာစိစစ်လက်ခံရ မည်၊ ကျေနပ်မှုမရှိကပါမောက္ခချုပ်ကိုချက်ချင်းတင်ပြရမည်။
    အဖြေလွှာစာအုပ်များပေါ်တွင် သတ်မှတ်ထားသည့်နေရာ၌ ကြီးကြပ် ရေးမှူးတံဆိပ်ကို တစ်ရက်စာကြိုတင် ၍ နှိပ်ထားပြီး အခန်းလိုက် ရေတွက် ၍ စည်းကမ်းထားရမည်။ အခြား မည်သည့် နေရာတွင်မှ ရိုက်နှိပ်၍ မရပေ။
    စာမေးပွဲကျင်းပနေစဉ် ဆောင် ရွက်ရမည့်အပိုင်းက အလွန်အရေး ကြီးပေသည်။ စာမေးပွဲကျင်းပသည့် နေ့တိုင်း စာစစ်ဌာနကိုအနည်းဆုံး တစ်နာရီခွဲစော၍ ရောက်ရမည်။
    စာဖြေခန်းအတွင်း/အပြင်နှင့် သန့်စင်ခန်းဂိတ်ဝတာဝန်ကျသူများ စာရင်းကို နေ့စဉ်နံနက်၈နာရီတွင် ထုတ်ပြန်ရမည်။ ထိုစာရင်းကို ကြီး ကြပ်ရေးမှူးကိုယ်တိုင် လျှို့ဝှက်ထား ရမည်။ တာဝန်ကျများကိုနေ့စဉ် အပြောင်းအလဲ ပြုလုပ်ရမည်။

    စာမေးပွဲစတင်သည့်နေ့မှစ၍ တစ်ခန်းချင်းစီအတွက် စည်းကမ်း ချက်စာအုပ်၊ အဖြေလွှာစာအုပ်၊ အပိုအဖြေလွှာဖြေဆိုကြောင်း လက် မှတ်ထိုးစာအုပ်၊ အဖြေလွှာ အပ်နှံကြောင်းလက်မှတ်ထိုးစာအုပ်၊ အပို စာရွက်ယူသည့် မှတ်တမ်းပုံစံ၊ နေ့ စဉ်မှတ်တမ်းစာအုပ်နှင့် လိုအပ် သောချုပ်စက်၊ သားရေပင်တို့ကို စာမေးပွဲရုံးခန်းမှ အခန်းစောင့် လက် ထောက်ကြီးကြပ်ရေးမှူးများသို့ နေ့စဉ်ထုတ်ပေးရမည်။ စာဖြေသူထံမှ အဖြေလွှာစာအုပ် မိမိထံအပ်နှံပြီးမှ အဖြေလွှာအပ်နှံကြောင်းလက်မှတ် ကိုရေးထိုးစေရမည်။ ကြိုတင်၍ လက်မှတ်မထိုးရန် လက်ထောက် ကြီးကြပ်ရေးမှူးတို့ကို မှာကြားရ မည်။

    စာမေးပွဲဖြေဆိုသည့် နေ့များတွင်မေးခွန်းထုပ်များကို ကြီးကြပ် ရေးမှူးကိုယ်တိုင် မေးခွန်းများထား ရှိသည့် ဘဏ်၊ ငွေတိုက်၊ တပ်ရင်း တပ်ဖွဲ့၊ ရဲစခန်းသို့သွားရောက်ထုတ် ယူရာတွင်လည်းကောင်း၊ ကိုယ်တိုင် သွားရောက်ထုတ်ယူခြင်းမရှိဘဲမြို့ နယ်ပညာရေးမှူးမှစာစစ်ဌာနသို့ လာရောက်ပေးအပ်ရာတွင် လည်း ကောင်း၊ ကြီးကြပ်ရေးမှူးသည်မေး ခွန်းထုပ်ပေါ်ရှိ ချိပ်တံဆိပ်ကောင်း မွန်ခြင်းရှိ/မရှိ၊ မေးခွန်းထုပ်ပေါက် ပြဲခြင်းရှိ/မရှိ၊ အချိန်စာရင်းအရ ဖြေဆိုရမည့်ဘာသာရပ်နှင့် မေးခွန်း ထုပ်အရေအတွက် ကိုက်ညီမှုရှိ/ မရှိတို့ကို သေချာစွာစစ်ဆေးပြီးမှ မေးခွန်းထုပ် ဖောက်ရမည်။

    ကြီးကြပ်ရေးမှူးသည် မိမိ သဘောဖြင့် တစ်ဦးတည်းဖောက်၍ မရပေ။ မေးခွန်းထုပ်မဖောက်မီ လက်ထောက်ကြီးကြပ်ရေးမှူး (၅) ဦးအား ချိတ်တံဆိပ်ကောင်းမွန် ကြောင်းနှင့် မေးခွန်းထုပ်ကြိုတင် ပေါက်ပြဲခြင်းရှိ/မရှိတို့ကို ပြသပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး စေပြီးမှ ကြီးကြပ်ရေးမှူးကိုယ်တိုင် ဖောက်ရမည်။

    ချိတ်တံဆိပ် မပျက်စေရန် ကတ်ကြေး၊ ဓားတို့ကိုအသုံးပြုရ မည်။ မေးခွန်းထုပ်ကိုဖွင့်ဖောက်စစ် ဆေးရာတွင် ထိုနေ့စစ်ဆေးမည့် ဘာသာရပ် မှန်/မမှန်၊ ရွက်ရေမှန် /မမှန်တို့ကို ကြီးကြပ်ရေးမှူးကိုယ် တိုင် စစ်ဆေးရမည်။

    စာဖြေခန်းများသို့ မေးခွန်းများ ဖြန့်ဝေရန်အတွက်ကို စာဖြေသူဦး ရေအလိုက်ရေတွက်၍ ရွက်ရေ အတိအကျကို မေးခွန်းအိတ်များ တွင်ထည့်ပြီး စာဖြေခန်းအလိုက် မေးခွန်းအိတ်များကို အခန်းအပြင် စောင့်များက စာဖြေခန်းများသို့ပေး ပို့ရမည်။ မေးခွန်းထည့်သည့်အိတ် များတွင် ထိုနေ့နှင့်မသက်ဆိုင် သည့်စာရွက်စာတမ်းများ မပါရှိစေ ရန်မေးခွန်းများမထည့်မီသေချာစွာ စစ်ဆေးရမည်။

    ကြီးကြပ်ရေးမှူးသည် စာစစ် ဌာနတစ်ခုလုံး၏ မသမာမှုကင်းရှင်း ရေးကို အဓိကတာဝန်ယူရသည့်အ တွက် စာမေးပွဲကျင်းပနေစဉ်အတွင်း စာဖြေခန်းများသို့ လှည့်လည်စစ် ဆေးရမည်။ လက်ထောက်ကြီးကြပ် ရေးမှူးများတာဝန်ကိုပေါ့လျော့စွာ ထမ်းဆောင်နေသည်ကို တွေ့ရှိပါ ကချက်ချင်း သတိပေးရမည်။

    စာဖြေသူများ မသမာမှုမကျူး လွန်နိုင်ရန်အတွက် သတိရှိစွာဖြင့် ဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း စည်းကမ်း ဖောက်ဖျက်မှုရှိခဲ့လျှင် မျက်ကွယ်မပြုဘဲ ချက်ချင်းအရေး ယူဆောင်ရွက်ရန် လက်ထောက် ကြီးကြပ်ရေးမှူးတို့ကို မှာကြားရ မည်။

    စာစစ်ဌာနသည် အဆောင် ခွဲများပြီးကျယ်ဝန်းပါက ကြီးကြပ် ရေးမှူးတစ်ဦးတည်း လိုက်လံစစ် ဆေးရန်မလွယ်ကူသဖြင့် အဆောင် ခွဲများတွင် အဆောင်ကြပ်များခန့် ထား၍ ကြီးကြပ်ရေးမှူးကိုယ်စား ကြီးကြပ်စေရမည်။

    စာဖြေသူပျက်ကွက်စာရင်း ကောက်ခံရာတွင်လည်း တိကျမှန် ကန်စွာကောက်ယူရမည်။ ပျက် ကွက်သည့်ခုံအမှတ်များကို ပုံစံတွင်ဖြည့်စွက်ရာ၌ မှန်ကန်အောင် ရေးသွင်းရမည်။ ခုံအမှတ်များမှား ယွင်းဖော်ပြ၍ မရပေ။

    စာရင်းရှိဦးရေ ပျက်ကွက်ဦး ရေနှင့် စာစစ်ဌာနတွင်အမှန်တကယ် ဖြေဆိုသည့်ဦးရေအဖြေစာအုပ်တို့ ကိုက်ညီမှုရှိရမည်။

    စာမေးပွဲအချိန်စေ့၍ သိမ်းဆည်းခဲ့သော အဖြေစာအုပ်များကို ရုံးအဖွဲ့မှစိစစ်လက်ခံပြီး၊ ခုံအမှတ် ငယ်စဉ်ကြီးလိုက်စီပြီး အုပ်ရေ(၅၀) ကို တစ်စည်း စည်း၍ကြီးကြပ်ရေး မှူးထံ အပ်နှံရမည်။

    အဖြေလွှာများ လက်ခံစိစစ် ခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းကို ကြီး ကြပ်ရေးမှူးကိုယ်တိုင် ဆောင်ရွက် ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် စာစစ်ဦးစီးဌာနမှ သတ်မှတ်ထား သည့်စည်းကမ်းချက် စာအုပ်ပါ အဖြေလွှာသိမ်းဆည်းခြင်းနှင့် အဖြေလွှာထုပ်များ ပေးပို့ခြင်းဆိုင်ရာညွှန် ကြားချက်အတိုင်း တိကျစွာဆောင် ရွက်ရမည်။

    ကြီးကြပ်ရေးမှူးနှင့်အတူ အဖြေ လွှာများကို ရေတွက်ထုပ်ပိုးသူများ သည် သက်ဆိုင်ရာတက္ကသိုလ်သို့ ပို့ရမည့် အဖြေလွှာထုပ်အတွင်း၌ အဖြေစာအုပ်အရေအတွက် မည်မျှ ပါသွားသည်ကို လက်မှတ်ထိုးထားရမည်။

    စာမေးပွဲဖြေဆိုသည့်ရက်များတွင် စာမေးပွဲနှင့်ပတ်သက်၍ထူး ခြားသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အခြေခံပညာ ညွှန်ကြားရေး မှူးချုပ် နှင့် ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးများထံ အချိန်မီသတင်းပို့ ရမည်။

    စာမေးပွဲနှင့်ပတ်သက်၍ ပြဿ     နာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အခြားမည်သူ တစ်ဦးမှဆုံးဖြတ်ခွင့် မရှိပေ။

    နေ့စဉ်စစ်ဆေးပြီးသည့် အဖြေ လွှာများကို ညွှန်ကြားထားသည့်အ တိုင်းသေချာစွာထုပ်ပိုး၍ တက္ကသိုလ်များသို့ နေ့ချင်းပေးပို့ရမည့် စာစစ်ဌာနများသည် ချက်ချင်းပေး ပို့၍ နေ့ချင်းမပို့နိုင်သောစာစစ်ဌာန များသည် သတ်မှတ်ထားသည့်နေ ရာတွင် လုံခြုံစွာသိမ်းဆည်းထားရမည်။

    စာမေးပွဲကျင်းပ စစ်ဆေးပြီး နောက် ဖြေဆိုပြီးအဖြေစာအုပ်များ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ချောမောစွာ ရောက်ရှိနိုင်ရေးသည် အလွန်အရေးကြီးသောတာဝန်ဖြစ်သည်။

    အဖြေစာအုပ်များ ပေးပို့ရာ တွင်လည်း ပျက်ကွက်စာရင်းတွင် ဖော်ပြပါရှိသောစာရင်းနှင့် အဖြေ လွှာထုပ်တွင်ပါရှိသော အဖြေစာအုပ်အရေအတွက် ကိုက်ညီစေရမည်။

    ဘာသာရပ်အားလုံး၏ အဖြေ လွှာထုပ်များကိုစုစည်း၍သက်ဆိုင် ရာတက္ကသိုလ်သို့ပေးပို့ရာတွင်မြို့ နယ်ပညာရေးမှူးက ဦးဆောင်ပြီး ပေးပို့ရမည်။

    စာစစ်ဦးစီးဌာနသို့ စာမေးပွဲ ဝင်ခွင့်ကတ်ပြားများနှင့် စာရွက် စာတမ်းများ ပြန်လည်ပေးပို့ရာတွင် စာမေးပွဲစစ်ဆေးပုံနှင့် ပတ်သက် သည့် အစီရင်ခံစာကိုလည်းပေးပို့ ရမည်။ အစီရင်ခံစာတွင်စာမေးပွဲ စစ်ဆေးနေစဉ် ပေါ်ပေါက်ခဲ့သော မသမာမှုကိစ္စများ တွေ့ကြုံရသည့် အခက်အခဲများကို တစ်ခုမကျန် ထည့်သွင်းဖော်ပြရမည်။

    စာမေးပွဲ၌ မသမာမှုကျူးလွန်သည့်စာရင်းများ ပေးပို့ရာတွင်လည်း စာစစ်ဦးစီးဌာနသို့ ပေးပို့သည့်စာ ရင်းနှင့် သက်ဆိုင်ရာပါမောက္ခချုပ် ထံပေးပို့သည့်စာရင်း ကိုက်ညီမှုရှိ ရမည်ဖြစ်သည်။

    တက္ကသိုလ်ဝင်စာမေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် တစ်ခုတည်းသော စာမေးပွဲဖြစ် သဖြင့် သမာသမတ်ရှိသောစာမေး ပွဲဖြစ်ရန် လိုအပ်ပေသည်။

    စာမေးပွဲကြီး မသမာမှုကင်း ရှင်းစွာနှင့်ချောမောအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးသည် မြို့နယ် ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ကြ မည့် ကျောင်းအုပ်ကြီးများနှင့် လက် ထောက် ကြီးကြပ်ရေးမှူးများအဖြစ် အခန်းစောင့် တာဝန်ယူကြမည့် ဆရာ၊ ဆရာမများပေါ်တွင် မူတည် သဖြင့် ၄င်းတို့သည်တာဝန်သိသိ သစ္စာရှိရှိဖြင့် ဆောင်ရွက်ရန်လိုအပ် ပေသည်။

    ကြီးကြပ်ရေးမှူးများသည် စာ မေးပွဲတာဝန်ကို ထမ်းဆောင်ရာ တွင် စာစစ်ဦးစီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ကြီး ကြပ်ရေးမှူးများ၊ လက်ထောက်ကြီး ကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စာဖြေသူများလိုက် နာရမည့် စည်းကမ်းချက်စာအုပ်ကို ထပ်ခါတလဲလဲဖတ်ရှုပြီး၊ ၄င်းစာ အုပ်တွင်ပါရှိသည့် ညွှန်ကြားချက် များအတိုင်းဆောင်ရွက်ပါက စာ မေးပွဲတာဝန်ကို စိတ်ချမ်းမြေ့စွာဖြင့် တာဝန်ကျြွေပန်စွာ ထမ်းဆောင်နိုင် မည်ဖြစ်ပါသည်။

    စာမေးပွဲတာဝန်ကို မထမ်း ဆောင်ဖူးသော ကျောင်းအုပ်ကြီး များသိရှိနိုင်ရန်နှင့် စာမေးပွဲတာဝန် ထမ်းဆောင်ဖူးသာ ဆရာ၊ ဆရာမ များအနေဖြင့်လည်း သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် စာမေးပွဲကြီး တွင် အခက်အခဲများမတွေ့ရှိဘဲချော မောအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေးသားလိုက်ခြင်းဖြစ်ပါ သည်။

ခင်မောင်စိန်(စာစစ်-ငြိမ်း)

Sources; MMcities

No comments:

Post a Comment