Latest News

Monday, January 9, 2017

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွာ စာမျက်နှာ (၂၄) မျက်နှာထိ တိုးမြင့်ထား

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွာ စာမျက်နှာ (၂၄) မျက်နှာထိ တိုးမြင့်ထား

ရန်ကုန် ဒီဇင်ဘာ (၉)

လာမယ့် မတ်လ ထဲမှာပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုမယ့် အဖြေလွာစာမျက်နှာကို (၂၄) မျက်နှာထိ တိုးမြင့် ထားတယ်လို့ မြန်မာ နိုင်ငံစာစစ်ဦးစီး ဌာန က သိရပါတယ်။

“ အပို အဖြေလွာတွေတောင်းတော့ တစ်စုံ တစ်ခု မှားသွားနိုင်တာပေါ့၊ အခုလို တစ်ခါတည်း နှစ်ဆယ့်လေးမျက်နှာ ဆိုတော့ ထပ်မလိုတော့ဘူး၊ အဖြေလွာတွေ အများကြီး မထပ်ရတော့ဘူး “ လို့ 
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဦးမျိုးညွန့် က ပြောပါတယ်။

အရင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွာတွေကို (၁၆) မျက်နှာ သာ ထားရှိထားပြီး လိုအပ်တဲ့ အဖြေလွာကို တာဝန်ကျဆရာ၊ ဆရာမ ဆီမှာ ထပ်မံတောင်းယူရတာဖြစ်ပါတယ်။

အဲဒီလိုအပို အဖြေလွာနဲ့ ဖြေဆိုတဲ့ အခါမှာ လွဲမှားမှု တစ်စုံ တစ်ရာဖြစ်ပေါ်ပါက တာဝန်ကျ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အတွက် နစ်နာမှုတွေ ရှိလာနိုင်တာကြောင့် အခုလို အဖြေလွာ
စာမျက်နှာ အရေ အတွက် တိုးမြင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အသုံးပြုမယ့် အဖြေလွာတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် စာစစ်ဌာန တွေကို ပေးပို့ ထားပြီး တိုင်းဒေသကြီး (၃) ခု အတွက်သာကျန်ရှိနေတယ်လို့ သိရပါတယ်။

“ အဖြေလွာတွေကို ပို့ဖို့က နေရာ သုံးခုပဲ ကျန်တော့တယ်၊ အဲ့ဒါကလည်း ရာသီဥတု အနေ အထားကြောင့် ကျန်နေတာပါ၊ ကျန်တဲ့နေရာတွေ အကုန် ပို့ပြီး သွားပြီ “ လို့ဦးမျိုးညွန့် က ပြောပါတယ်။
ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း အတွက် အဖြေလွာတွေ ပေးပို့ဖို့ ကျန်ရှိနေပေမယ့် မန္တလေး မြို့ပေါ် ကျောင်းတွေ အတွက် အနည်းငယ်သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

အခုနှစ် အတွက် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် လျောက်ထားသူဦးရေ ခုနှစ်သိန်းခြောက်သောင်းကျော်ရှိပြီး စာစစ်ဌာနပေါင်း (၁၅၀၀) ကျော်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

အဖြေလွာ စာရွက် အရေ အတွက်တိုးပေးမယ့် စာရွက် အရည်အသွေးနိမ့်သွားမှာ မဟုတ်ပဲ အဖြေလွာ စက္ကူ အတွက် နိုင်ငံခြား စက္ကူ ကို အသုံးပြုထားပြီး အဖြေလွာ စာအုပ်တစ်အုပ်ရဲ့ အလေးချိန်က (၇၀) ဂရမ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Sources; မေသော်တာမောင်/Kumudra

No comments:

Post a Comment