Latest News

Saturday, January 7, 2017

ကလေးစာပေပွဲတော်ကို မန္တလေးတွင် သုံးရက်ကြာ ပြုလုပ်မည်

ကလေးစာပေပွဲတော်ကို မန္တလေးတွင် သုံးရက်ကြာ ပြုလုပ်မည်



မန္တလေးတိုင်းဒေသကြီး တွင် ကလေးစာပေဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ဒုတိယအကြိမ် မြောက် ကလေးစာပေပွဲတော်က လေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို သုံးရက်ကြာကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ်မြောက် က လေးစာပေပွဲတော်ကို ပြန်ကြား ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ပြီး ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်အ ထိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

‘‘ကလေးငယ်တွေကို စာပေ တွေပိုမိုလေ့လာစေချင်တယ်။ စာ ပေလေ့လာဖို့အတွက်လည်း လို အပ်တဲ့ကလေးစာပေတွေ ထွက်ရှိ ဖို့လိုပါတယ်။ ထွက်လာတဲ့စာပေ တွေကိုလည်း မိဘတွေကအားပေး ပြီး ကလေးတွေကို စာပေပိုမိုဖတ် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကလေး စာပေပွဲတော်တွေကို စတင်ကျင်း ပနေတာပါ။ အခုကလေးတွေက သိပ်စာမဖတ်တော့ပါဘူး။ ဂိမ်း ကစားမယ်၊ အင်တာနက်အသုံးပြု တာတွေနဲ့ အချိန်ကုန်လာပါတယ်။ ဒါကြောင့်လည်း နေပြည်တော်မှာ ပထမဆုံး ကလေးစာပေပွဲတော်  ကျင်းပပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးမောင်ဖေက ပြောသည်။

စာပေပွဲတော်တွင် ကလေးငယ်များအတွက် ကျပန်းစကားပြော၊ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ပန်းချီဆွဲ၊ အရုပ်ဆက်ပြိုင်ပွဲများ ထည့်သွင်းပြသမည်ဖြစ်ကာ လာ ရောက်လည်ပတ်သည့် ကလေး ငယ်များအား စာအုပ်များ၊ အိတ်များ လက်ဆောင်ပြန်လည်ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။



Sources; 7Day News Journal


No comments:

Post a Comment