Latest News

Saturday, January 7, 2017

အထပ်မြင့်စီမံကိန်း ထပ်မံတည်ဆောက်ရန် အသစ်လျှောက်ထားမှု နည်းပါးနေဟုဆို

အထပ်မြင့်စီမံကိန်း ထပ်မံတည်ဆောက်ရန် အသစ်လျှောက်ထားမှု နည်းပါးနေဟုဆို


ရန်ကုန်မြို့တွင်ကိုးထပ်နှင့် အထက် အထပ်မြင့်စီမံကိန်းအ သစ်များ ထပ်မံတည်ဆောက်ရန် လျှောက်ထားသည့်အရေအတွက် အနည်းငယ်သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

‘‘ဒီဇင်ဘာထဲမှာ လာလျှောက် ထားတာ နှစ်ခု၊ သုံးခုရှိနေပြီ။ သူ တို့ကို ချက်ချင်းကြီး ခွင့်ပြုတဲ့အ ဆင့်တော့ မရောက်သေးဘူး စစ် ဆေးနေဆဲပဲ’’ ဟု အထပ်မြင့် အ ဆောက်အအုံများ စစ်ဆေးရေး ဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

၎င်းတို့ တင်ပြလာမှုများအ ပေါ် အချိန်ယူစစ်ဆေးပြီးမှသာ တည်ဆောက်ခွင့်ပါမစ် ထုတ်ပေး မည်ဟု ဦးအောင်ဆန်းဝင်းက ဆို သည်။

အစိုးရသစ်တက်ပြီးနောက် ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်း ခြင်းခံရသည့် ရန်ကုန်မြို့ရှိ အ ထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ် ရေးလုပ်ငန်းများအားလုံးကို နိုဝင် ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့် ပြုပေးခဲ့ရာ လာရောက် လျှောက် ထားသည့် အလုံးရေ နည်းပါးနေ ခြင်းဖြစ်သည်။

 ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ် တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက်အ အုံများနှင့် ဆောက်လုပ်ဆဲများကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သ တင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အသစ်တည် ဆောက်ရန် လာရောက်တင်ပြ သည့်အထပ်နိမ့်၊ အထပ်မြင့်အား လုံးကို မူအဟောင်းဖြင့်သာ လက် ခံခွင့်ပြုပေးနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် စည် ပင်ဥပဒေပြောင်းလဲရန်ရှိနေခြင်း ကြောင့် အထပ်နိမ့်၊ အထပ်မြင့် တည်ဆောက်သူများက ဈေးကွက်၌ အရေအတွက်များများ မတည်ဆောက်တော့ဘဲ မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း ထွန်းဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုလားဆယ်က ပြောသည်။

 ‘‘၀ယ်လိုအားနဲ့ ရောင်းလို အားအပေါ်မူတည်ပြီး အလုံးရေ လျော့သွားတာလည်းဖြစ်နိုင်တယ်။ အရင်တုန်းကလို ကြိုပွိုင့်ကို အားကိုးပြီး ဆောက်တာတွေဘယ်သူမှ မလုပ်ရဲတော့ဘူး’’ဟု ကိုလားဆယ်က ပြောသည်။


Sources; 7Day News Journal


No comments:

Post a Comment