Latest News

Sunday, January 8, 2017

ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်းစနစ်သစ်အပေါ် လုံလောက်သော အသိပေးခြင်းမရှိဟု ပြည်သူအများစုဝေဖန်

ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်းစနစ်သစ်အပေါ် လုံလောက်သော အသိပေးခြင်းမရှိဟု ပြည်သူအများစုဝေဖန်

ရန်ကုန်တွင် အများပိုင်ဘတ်စ်ကားပြေးဆွဲမည့် စနစ်သစ်နှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးကြေညာသည့်အချိန်နှင့် စတင်အကောင်အထည်ဖော်ချိန်သည် နီးကပ်လွန်းပြီး ပြည်သူများကိုလုံလောက်သောအသိပေးမှုမရှိဘဲ အားနည်းခဲ့ကြောင်း ခရီးသွားအများစုက ဝေဖန်သည်။

ထို့အပြင် ယာဉ်စီးခပိုကုန်မည်လား၊ ယာဉ်လမ်းကြောင်းပြရှင်းလင်းချက်များ မပြည့်စုံဘဲ ရှုပ်ထွေးနေ၍ မည်သည့်ကားစီးရမည်ကို မသိဘဲနေမည်လား၊ ဘတ်စ်ကားအစီးရေနည်းသွားပြီး  ခရီးသည်များစုပြုံနေမည်လားစသဖြင့် ခရီးသွား ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေသည်။

အများပိုင်ယာဉ်လိုင်းများကို စနစ်အသစ်ဖြင့် ဇန်န၀ါရီ ၁၆ ရက်ကစတင်၍  လမ်းကြောင်း ၅၈ ခုဖြင့်ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ က ဇန်န၀ါရီ ၆ ရက်တွင် တရား ၀င်ထုတ်ပြန်ကြေညာသည်။

‘‘ကြေညာတဲ့အချိန်ကလည်း အရမ်းကပ်နေတယ်။ အများပြည် သူကို ကြိုတင်အသိပေးမှုတော့ အားနည်းတယ်ပြောလို့ရတယ်။ စီစဉ်ထားတဲ့စနစ်ကတော့ မဆိုး ပါဘူး။ နောက်တစ်ချက်ပြောစရာ ရှိတာက သတ်မှတ်လိုက်တဲ့ လမ်း ကြောင်းတွေက ခရီးသည်တွေ အ ဆင့်ဆင့်ပြောင်းစီးရမယ့် သဘောဖြစ်နေတော့ ငွေကြေးကုန်ကျမှု ပိုရှိလာမယ်လို့ ထင်တယ်’’ဟု မင်္ဂ လာဒုံမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း ကိုဇာနည်က ပြောကြားသည်။

စနစ်သစ်ဖြင့် ပြေးဆွဲရန် ရက်ပိုင်းမျှသာလိုတော့သော်လည်း ခရီးလမ်းကြောင်း သတ်မှတ်ထားရှိမှုကို ကြိုတင်ကြေညာထားမှုမရှိသေးခြင်းကြောင့် သွားလာရေးအဆင်မပြေမှုများဖြစ်လာနိုင်သည်ဟု အင်းစိန်မြို့နယ်မှ မခိုင်ခိုင်ဦးက ပြောသည်။

‘‘လမ်းကြောင်းကြိုသိထား မှ ကိုယ်ဘယ်လိုသွားလို့ရမလဲဆို တာ ပြင်ဆင်ထားလို့ရမှာပေါ့။ ဖြစ်နိုင်ရင် တစ်လလောက်အလိုက တည်းကကို အသိပေးထားသင့် တာ။ အခုက အချိန်အရမ်းကပ် လွန်းတယ်’’ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကမကြာမီ    ခရီးစဉ်လမ်းကြောင်းများကို ၎င်းတို့၏ ၀က်ဘ်ဆိုက်ဒ်၌ အသေးစိတ်ရှင်းလင်းအောင် တင်ပေးမည်ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုမရှိစေရန် စီစဉ်နေရခြင်းဖြစ်ကြောင်း ဆိုသည်။

‘‘ကျွန်မတို့အနေနဲ့ ခရီးသည် တွေ လမ်းကြောင်းသိရအောင် ဘတ်စ်ကားမှတ်တိုင်တွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေထောင်ပြီး အသိပေးဖို့ လုပ်နေပါပြီ။ ပြီးတော့Call Centre ကနေ စုံစမ်းနိုင် အောင်လည်း လုပ်နေတယ်။ ဖုန်း အက်ပလီကေးရှင်းကတစ်ဆင့် လမ်းညွှန်သိနိုင်အောင်လို့လည်း ပြင်ဆင်နေပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇန်န၀ါရီ ၆ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် လက်ရှိပြေးဆွဲနေ သော ယာဉ်များအနေဖြင့် စနစ်အ သစ်တွင်ဝင်ရောက်ပြေးဆွဲလို သည့် လမ်းကြောင်းများကို ဇန်န၀ါရီ ၇ ရက်မှ ၁၀ ရက်အတွင်း အဆိုပြုလျှောက်ထားရန် ကြေညာထားသည်။

ထို့ကြောင့် တရားဝင်ထုတ် ပြန်ကြေညာသည့် ရက်မှ အများ ပိုင်စနစ်စတင်ပြေးဆွဲမည့်ရက်မှာ ၁၀ ရက်မျှသာကွာဟခဲ့ပြီး ယာဉ် ပိုင်ရှင်များအတွက် လမ်းကြောင်း ရွေးချယ်လျှောက်ထားရမည့် ရက်မှာ လေးရက်မျှသာရှိခဲ့၍ စဉ်းစားလုပ်ဆောင်ရန် အခက်အခဲများဖြစ်ပေါ်စေသည်ဟု ယာဉ်ပိုင်ရှင်အချို့က ပြောသည်။

‘‘ဒီနေ့ သတင်းစာမှာပါလာမှ သိရတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ရမှာလဲ။ ဘယ်လမ်းကြောင်း ဘယ်လိုရွေးရမှာလဲဆိုပြီး အကျပ်ရိုက်ကုန်ကြတယ်။ ဒီနေ့လည်း လာစုံစမ်းရုံသက်သက်ပဲ လုပ်နိုင်တယ်။ အချိန်ကလည်း လေးရက်ပဲရတော့ ပေးတဲ့အချိန်နည်းလွန်းတယ်လို့ ထင်တယ်’’ဟု တောင်ဥက္ကလာပမြို့နယ် ဗြဟ္မစိုရ်လမ်းရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးသို့ ယာဉ်လမ်းကြောင်းအဆိုပြုရန် လာရောက်စုံစမ်းသည့် အရှေ့ ပိုင်းခရိုင်မှ ယာဉ်ပိုင်ရှင် ဦးကျော်နိုင်က ပြောသည်။

အဆိုပါစနစ်သစ်နှင့် ပတ် သက်၍ 7Day Daily သတင်းစာ က ပြုလုပ်သည့် ပြည်သူ့အသံ ကဏ္ဍတွင် ယာဉ်ပိုင်ရှင်၊ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်အပါ အ၀င် ခရီးသွားပြည်သူများ စုစု ပေါင်း ၂၅ ဦးခန့်အား မေးမြန်းရာ အများစုသည် စနစ်သစ်တွင် ပူးပေါင်း ပါဝင်လိုသော်လည်း အစိုးရဘက်က ကြိုတင်ပြင်ဆင်မှု၊ လူထုထံအသိပေးမှုအားနည်းနေကြောင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့က ၎င်းတို့၏ ၀င်ငွေမှာ မူလထက်လျော့နည်းမည်ကို စိုးရိမ်နေကြသည်ဟု ဖြေကြားကြသည်။

‘‘ကားတွေပြန်သိမ်းမယ်ဆို တာကလွဲပြီး ဘယ်ကားထပ်မောင်းရမယ်၊ ဘယ်လမ်းကြောင်းမောင်း ရမယ်ဆိုတာ သေချာမသိသေးပါ ဘူး။ ယာဉ်လိုင်းပိုင်ရှင်တွေက တော့ အစည်းအဝေးတွေလုပ်ပြီး သေချာပြောပြပေးမယ်လို့ ပြော ထားတာပါပဲ။ ကျွန်တော်တို့က တော့ ဘာမှန်းမသိသေးလို့ ကောင်းလား၊ ဆိုးလားမပြောတတ်သေး ဘူး။ သိထားသလောက်ကတော့ ယာဉ်တွေပိုများလာမယ့်အတွက် အလုပ်အကိုင်တော့ မပျက်နိုင်ဘူး လို့ သိထားပါတယ်။ ခရီးသည် တွေကတော့ ရက်ပိုင်းလောက် ဒုက္ခရောက်မှာပဲ။ ကျွန်တော်တို့ တောင် ဘယ်လိုင်းဆွဲရမယ်၊ ဘယ်ကားတွေက ဘယ်ရောက် မယ် သေချာမသိသေးဘူး။ တချို့ ခရီးသည်တွေ လာမေးရင်လည်း လတ်တလောတော့ ဖြေပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ်တောင်ကား ထွက်စီးရင် နည်းနည်းဒုက္ခရောက် နေဦးမှာ’’ဟု ပါရမီယာဉ်လိုင်းမှ ယာဉ်မောင်း ကိုအောင်မျိုးသူက ပြောသည်။

 ‘‘၀င်ငွေအခြေအနေကျတော့ ပြောလို့မရသေးဘူး။ လမ်းကြောင်းအပေါ်မူတည်မယ်ထင်တယ်။ အခုက လခစားပုံစံပြောင်းမယ်လို့ ပြောကြတာပဲ။ ကျွန်တော်တို့ကတော့ အလုပ်သမားက ဘာပြောလို့ရမှာလဲ။ အပြောင်းအလဲလုပ်လို့ အလုပ်လက်မဲ့ကြုံရမလားဆို မပြောတတ်ဘူး။ ဘာမှန်းမှမသိသေး တာ။ လက်ရှိတော့ လုပ်နေကြ တာပဲ။ စပယ်ယာတစ်ယောက်စီ ပဲရှိတော့မယ်လို့လည်း ကြား တယ်။ ဗြုန်းဒိုင်းကြီးတော့ အားလုံး အဆင်ပြေမယ်မထင်ဘူး’’ဟု ယခုစနစ်သစ်မှာ လခစားပုံစံကျင့်သုံး မည်ဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်မည် ကို စိုးရိမ်ကြောင်း (၁၅၇) ယာဉ် လိုင်းမှ ယာဉ်အကူ ကိုဟိန်းလတ် ဦးက ပြောသည်။

ထို့ပြင် မြို့တွင်းသို့ ယာဉ် လိုင်းသုံးလိုင်း ၀င်ရောက်ခွင့်ပြု ခြင်းမှာ လိုင်းအရေအတွက်နည်း ပါးလွန်းကြောင်း သင်္ဘောသားကိုချစ်ကိုကိုလွင်က ပြောသည်။ ထို့ပြင် ယခင်ကဲ့သို့ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ခရီးသည်များကို မချေမငံဆက်ဆံခြင်းများမရှိရန်လိုကြောင်း ၎င်းကပြောသည်။

‘‘လောလောဆယ်တော့ ခရီးသည်တွေ တော်တော်အခက်တွေ့မယ်။ တော်ရုံသိရုံနဲ့ မြို့ထဲသွားဖို့ အဆင်ပြေမှာမဟုတ်ဘူး။ ကြော်ငြာဆိုင်းဘုတ်တွေ၊ စပယ်ယာတွေကို မေးနိုင်မှ တန်ကာကျမယ်။ စနစ်တကျဖြစ်ဖို့ကတော့ သေချာကြပ်မတ်ဖို့ လိုမယ်။ အစိုးရအဖွဲ့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိ ရှိ လုပ်ဆောင်ရမယ်။  အရင်လို ယာဉ်မောင်းနဲ့ စပယ်ယာတွေက ခရီးသည်တွေကို ဆူငေါက်ပြီး အနိုင်ကျင့်ဆက်ဆံနေရင် ဒီစနစ်က အလကားပဲ။ အဲဒီအချက်ကို သိသိသာသာပြောင်းလဲပစ်နိုင်ဖို့ လိုတယ်။ ပြောင်းနိုင်ရင် ကြိုဆိုရမယ်။ မြို့ထဲကို တစ်မြို့နယ်စီက ယာဉ်လိုင်းတစ်လိုင်း တိုက်ရိုက်ရောက်တဲ့ ယာဉ်လိုင်းတွေရှိရင် ပိုကောင်းမယ်။ ကပ်ကြေညာတာကတော့ အစိုးရအဖွဲ့က သေချာလုပ်သလားပဲ။ ဘာလို့လဲဆိုတော့ တချို့ယာဉ်လိုင်းတွေ ဒီသတင်းထွက်လာတော့ လိုင်းရပ်နားထားကြတယ်။ မကောင်းတာကတော့ ပြည်သူတွေ ကိုယ်စီးမယ့် လိုင်းရှာရတာခက်ခဲတယ်။ အခုအချိန်အထိ ကိုယ်စီးမယ့်လိုင်းမသိတဲ့ ပြည်သူတွေအများကြီးရှိတယ်’’ဟု ပြောသည်။

ဘတ်စ်ကားပြေးဆွဲမှုစနစ် အသစ်နှင့် ပတ်သက်၍ ဝေဖန်မှု အချို့ရှိနေသော်လည်း ယင်းစနစ် ကို စတင်နိုင်ရန် ၂၀၁၆ မေလကတည်းက JICA အပါအ၀င် နိုင်ငံတကာအဖွဲ့များ၊ ပညာရှင် များ၏ အကူအညီဖြင့် အသေးစိတ်စစ်တမ်းများကောက်ယူပြီးမှသာ စတင်ခြင်းဖြစ်သည်ဟု ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား ထားသည်။

Sources; 7 Day News Journal

No comments:

Post a Comment