Latest News

Monday, January 16, 2017

ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ငြိမ်းချမ်းရေးအတွက် ကျပ်သိန်းသုံးသောင်း လှူဒါန်း

ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ငြိမ်းချမ်းရေးအတွက် ကျပ်သိန်းသုံးသောင်း လှူဒါန်း


ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ငွေကျပ် သိန်းသုံးသောင်းကို လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာထားသော မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲရှိ ငွေစုဘဏ်စာရင်း အမှတ် SF 004048 သို့ ယနေ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျပ်သိန်းပေါင်းသုံးသောင်း ထည့်ဝင်လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းမှု စွမ်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ပါဝင်လှူးဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်နန်းလိုင်းခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) သည် နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ရာ ဒေသများသို့ လှူဒါန်းခြင်း၊ သောက်သုံးရေ ရှားပါးခက်ခဲသော ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ စစ်ဘေးရှောင်များကို လှူဒါန်းခြင်း၊ မသန်စွမ်းသူများ၏ ဘဝတိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး နေရပ်ပြန်ရန် အခက်အခဲ ရှိနေသော မြန်မာလုပ်သား ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ အခမဲ့ အကြိမ်ကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ယခု ၂၀၁၇ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ စုစုပေါင်းကျပ်ငွေ ၁၁၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



Sources; The Voice


No comments:

Post a Comment