Latest News

Monday, January 16, 2017

ရန်ကုန်မှာ ရှိသင့်တဲ့ တက္ကစီအရေအတွက်ကိုသာ ခွင့်ပြုသွားမယ်လို့ ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မှာ ရှိသင့်တဲ့ တက္ကစီအရေအတွက်ကိုသာ ခွင့်ပြုသွားမယ်လို့ ဦးဖြိုးမင်းသိန်းပြော


ရန်ကုန်မြို့တော်အတွင်းရှိ တက္ကစီ စာရင်းကို ကောက်ယူနေပြီး အမှန်တကယ်ရှိသင့် ရှိထိုက်တဲ့ တက္ကစီအရေအတွက်ကိုသာ ခွင့်ပြုသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ကြောင်း သိရပါတယ်။

ပြည်တွင်း မီဒီယာကြီးတစ်ခုရဲ့ ဖော်ပြချက်အရ  လိုအပ်ချက်ထက် ကျော်လွန်နေမယ်ဆိုရင် တချို့တက္ကစီနံပါတ်အနီတွေကို အိမ်စီးနံပါတ်အနက်အဖြစ် ပြန်လည်ပြောင်းလဲမှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ ရက် တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စီးသူနဲ့ တက္ကစီဆွဲသူ အချိုးညီမျှတမှုရှိဖို့ လိုအပ်ပြီး နည်းသွားရင်လည်း ဈေးကြီးသွားနိုင်သလို များနေတဲ့အခါကျတော့ လူရဖို့ပတ်မောင်းနေရတဲ့ အခြေအနေမျိုးက ယာဉ်ကြောကျပ်တည်းမှုပြဿနာကိုဖြစ်ပေါ်စေတယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဝင်ရောက်ပြေးဆွဲနေတဲ့ တက္ကစီတွေရှိပြီး တရားမဝင်(Without) လိုင်စင်မဲ့ တက္ကစီတွေလည်း ရှိနေတာကြောင့် စနစ်တကျစိစစ် အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Yangon Media Group

Sources; Duwun

No comments:

Post a Comment