Latest News

Thursday, January 12, 2017

မက်ဆီက ရော်နယ်ဒိုထက် ဖရီးကစ်မှာ ပိုတော်ကြောင်း သက်သေပြနေသည့် အချက်

မက်ဆီက ရော်နယ်ဒိုထက် ဖရီးကစ်မှာ ပိုတော်ကြောင်း သက်သေပြနေသည့် အချက်

ရော်နယ်ဒိုက မက်ဆီထက် ဖရီးကစ်ဂိုးအရေအတွက် ပိုများပေမယ့် မက်ဆီက ဖရီးကစ်ကန်ရာမှာ ပိုကောင်းပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီဟာ ပုံစံတစ်မျိုးစီနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်ပေမယ့် ဖရီးကစ်ကန်သွင်းတဲ့နေရာမှာ မက်ဆီက ရော်နယ်ဒိုထက်ပိုကောင်းတယ်ဆိုတဲ့ အထောက်အထားတေ ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာလည်း မက်ဆီဟာ အလွတ်တည်ကန်ဘောကတဆင့် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြန်ပါတယ်။ စုစုပေါင်း ဖရီးကစ်သွင်းဂိုးအရေအတွက်အရ ရော်နယ်ဒိုက မက်ဆီထက် ပိုများတယ် ဆိုပေမယ့် မက်ဆီဟာ ရော်နယ်ဒိုထက်ဖရီးကစ်ကန်သွင်းမှု ပိုကောင်းတယ်ဆိုတာကို သက်သေပြနေတဲ့ အချက်တွေ ရှိပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းကို ရောက်လာချိန်ကစလို့ လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်အတွက် ဖရီးကစ်ဂိုး ၃၀၊ မန်ယူအသင်းအတွက် ဖရီးကစ်ဂိုး ၁၄ ဂိုး၊ ပေါ်တူဂီအသင်းအတွက် ၅ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ မက်ဆီကတော့ အရေအတွက်မှာ ရော်နယ်ဒိုထက် လျော့နည်းပြီး ဘာစီလိုနာအတွက် ဖရီးကစ် ၂၅ ဂိုး၊ အာဂျင်တီးနားအတွက် ၆ ဂိုး၊ စုစုပေါင်းဖရီးကစ်ဂိုး ၃၁ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို စပိန်ကိုစတင်ရောက်ရှိလာချိန်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်ကစတင် ရေတွက်မယ်ဆိုရင် ရော်နယ်ဒိုဟာ ဖရီးကစ်ကန်တဲ့ အကြိမ်ရေ စုစုပေါင်း ၂၉၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဂိုးပေါင်း ၂၀ ရရှိထားပါတယ်။ မက်ဆီကတော့ အဲဒီအချိန်ကစလို့ ရေတွက်မယ်ဆိုရင်စုစုပေါင်း ဖရီးကန်တဲ့အကြိမ်ရေ ၂၁၂ ကြိမ်ပြုလုပ်ထားပြီး ၁၇ ဂိုး ရရှိထားပါတ်။ ရာခိုင်နှုန်းအရ ရော်နယ်ဒိုဖရီးကစ်ကန်တဲ့အခါ ဂိုးဝင်သွားတဲ့ အောင်မြင်မှုက ၆.၈၇ ရာခိုင်နှုန်းပဲရှိပြီး မက်ဆီကတော့ ၈.၀၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

အရေအတွက်နည်းပေမယ့် မက်ဆီက ဖရီးကစ်ကန်ရင်ပိုပြီးတိကျသေချာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
Source : Daily Mail:Duwun

No comments:

Post a Comment