Latest News

Thursday, January 12, 2017

တရုတ်က လက်မခံသဖြင့် စစ်ဘေးဒုက္ခသည်များ နယ်စပ်အနီးတွင် ယာယီနေထိုင်

တရုတ်က လက်မခံသဖြင့် စစ်ဘေးဒုက္ခသည်များ နယ်စပ်အနီးတွင် ယာယီနေထိုင်

ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများ   ဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသည့်  စစ်ဘေး ဒုက္ခသည်များသည် တရုတ်နိုင်ငံ ဘက်မှ လက်မခံမှုကြောင့် နယ် စပ်မျဉ်းအနီး ယာယီနေထိုင်နေ ကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် ကေအိုင် အေကြား ဖြစ်ပွားသည့် တိုက်ပွဲ များကြောင့် ဝိုင်းမော်ဒေသရှိ ဇိုင်း အောင်၊ ခေါင်ရှောင်ယာယီစခန်း များမှ စစ်ဘေးဒုက္ခသည် လေး ထောင်ခန့်မှာ ဇန်နဝါရီ ၁၀ ရက် ညကစ၍ တရုတ်နိုင်ငံဘက်သို့တိမ်းရှောင်   ခဲ့ခြင်းဖြစ်သည်။ တရုတ်အာဏာပိုင်များက လက်မခံမှုကြောင့်   စစ်ဘေးဒုက္ခများသည် နယ်စပ်မျဉ်းအနီးတွင် ယာ ယီစခန်းချနေထိုင်နေရကြောင်း စစ်ဘေးဒုက္ခသည်အရေး ဆောင် ရွက်နေသည့် အရပ်ဘက်အဖွဲ့အ စည်းကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့  (JST) ပြောရေးဆိုခွင့်ရှိသူ    ဦးဂွမ်ရှာ အောင်က ပြောသည်။

‘‘နဂိုမူလ ဇိုင်းအောင်ကနေ တိမ်းရှောင်တဲ့သူတွေကတော့ အဲ ဒီကနေ ၁၀ မိုင်လောက်ဝေးတဲ့ လုံပြန်ဆိုတဲ့နေရာမှာ စခန်းချနေ တယ်’’ဟု ဦးဂွမ်ရှာအောင်က ဆို သည်။

အဆိုပါဒေသရှိ ဇိုင်းအောင်၊ ခေါင်ရှောင်နှင့် မဂါယန်စသည့် စစ်ဘေး ဒုက္ခသည်စခန်း သုံးခု တွင်   ဒုက္ခသည်ခြောက်ထောင် ကျော်ရှိပြီး လက်ရှိ၌ ရာသီဥတု အေးချမ်းမှုကြောင့် အမိုးအကာ များ လိုအပ်နေကြောင်း သတင်း ရရှိသည်။

တပ်မတော်နှင့် ကေအိုင် အေတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ကစ၍ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ ခြင်းဖြစ်သည်။ ကေအိုင်အိုဗဟို ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးရှိ ဂီဒွန်၊ လိုင်ဖောင်နှင့် ကေအိုင်အေ ဆက်စပ်စခန်းများကို တပ်မတော်က သိမ်းပိုက်ခဲ့ပြီး အဆိုပါစခန်း များမှာ  မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ကို  ခြိမ်းခြောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့်  ဆောင်ရွက် ထားသည့် စခန်းများဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန် ချက်တွင်  ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ကချင်ပြည်နယ်သို့ လာရောက် သည့်   ကုလသမဂ္ဂမြန်မာနိုင်ငံ ဆိုင်ရာ   လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်  မစ္စရန်ဟီးလီ၏ ခရီးစဉ်တွင်   ဖားကန့်နှင့် လိုင်ဇာ ဒေသများသို့  သွားရောက်ရန် စီစဉ်ထားမှုသည်လုံခြုံရေးအခြေအနေကြောင့် ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးဘဲ ပျက်ပြယ်ခဲ့ကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment