Latest News

Friday, January 13, 2017

ရန်ကုန်မြို့ထဲမှာ ဝိုင်ဖိုင် အခမဲ့သုံးလို့ရပြီ

ရန်ကုန်မြို့ထဲမှာ ဝိုင်ဖိုင် အခမဲ့သုံးလို့ရပြီ

Global Net က နေရာ ၂၀ မှာ အခမဲ့လွှင့်ပေးထားတာပါ။

ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Global Net က ရန်ကုန် မြို့ထဲက နေရာ ၂၀ မှာ ဝိုင်ဖိုင်ကွန်ရက်ကို ပြည်သူတွေ အခမဲ့အသုံးပြုနိုင်ဖို့ ဇန်နဝါရီ ၁၁ ရက်က ထုတ်လွှင့်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

5BB အမည်နဲ့ အခမဲ့ဝိုင်ဖိုင်ကွန်ရက်ကို ရွှေတိဂုံစေတီ၊ ဆေးတက္ကသိုလ် ၁၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဘူတာကြီး၊ ဗိုလ်ချုပ်ဈေး၊ ကရဝိက်ဥယျာဉ်၊ တပ်မ တော်ခန်းမ၊ Ya Kon(လေဆိပ်)၊ LOTTERIA (ပုလဲကွန်ဒို)၊ LOTTERIA (၆ မိုင်ခွဲ)၊ LOTTERIA (တရုတ်တန်း)၊ EATFINITY Restaurant ၊ ရွှေကောင်း(ဗဟန်း)၊DIY၊ O-Shabu၊ Harmony (လှိုင်တက္ကသိုလ်)၊ Cafe Milano၊ LA Bar နဲ့  7th Joint Bar & Grill စတဲ့နေရာတွေမှာ လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုအခမဲ့ဝိုင်ဖိုင်ကွန်ရက်လွှင့်တင်ပေးတာကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထပ်မံတိုးချဲ့တပ်ဆင်ပေးဖို့ ဆွေးနွေးတာတွေ ပြုလုပ်နေပြီး နှစ်လအတွင်း တည်နေရာ ၅၀ ကို အခမဲ့ဝိုင်ဖိုင်ကွန်ရက် တပ်ဆင်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ Global Net စီအီးအို ကိုသိန်းသန်းတိုးက ပြောသည်။

‘‘ဆက်သွယ်ရေးလိုင်စင်ရပြီးတဲ့နောက် ပထမဦးဆုံးမိတ်ဆက်တဲ့ Brand လည်း ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်ထားတာမဟုတ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့အတွက်လည်း ကျွန်တော်တို့နည်းလမ်းရှာရမှာပါ"လို့ ဦးသိန်းသန်းတိုးက ပြောပါတယ်။
5BB အခမဲ့ဝန်ဆောင်မှုကို အမြန်နှုန်း 512 kbps ကနေ 1MB အထိအသုံးပြုဖို့ ထုတ်လွှင့်ပေးထားပြီး တစ်ဦးတစ်ယောက်တည်း အချိန်ကြာမြင့်စွာ ဝင်ရောက်အသုံး ပြုနေတာကို  ကာကွယ်ဖို့ မိနစ် ၃၀ ကို တစ်ကြိမ် ပြန်လည်ဝင်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily:Duwun
Photos : 7DayDaily,Seth Coleman

No comments:

Post a Comment