Latest News

Tuesday, January 17, 2017

ဒူဘိုင်းမြို့က သံစဉ်ရေပန်းကြီး ကမ္ဘာ့စံချိန်တင်

ဒူဘိုင်းမြို့က သံစဉ်ရေပန်းကြီး ကမ္ဘာ့စံချိန်တင်



အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်မှာရှိတဲ့ IMAGINE အမည်နဲ့ ရေပန်းပြကွက်ဟာ " ပရော်ဂျက်တာနဲ့ပြသတဲ့ အကြီးမားဆုံးရေပန်းမျက်နှာပြင်" အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားပါတယ်။

ရေပန်း ၃၀ ကနေ ထုတ်လွှတ်တဲ့ ရေမှုန်မျက်နှာပြင်ကြီးက ပေအားဖြင့် ၉၆၁၂.၁၇ စတုရန်းပေ (၈၉၃ စတုရန်းမီတာ) ကျယ်ပြန့်ပါတယ်။

Festival Bay ဈေးဝယ်စင်တာအပြင်ဘက်မှာ ပြုလုပ်ထားတာပါ။

ရေပန်းကြီးကို ဝန်ကြီးချုပ် မန်ဆော် ဘင် မိုဟာမက်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရေပန်းမျက်နှာပြင်ကြီးက ၃၆၀ ဒီဂရီ တစ်ပတ်လည်နိုင်တဲ့ "Stardancer" (ကြယ်ပွင့်အကမယ်)ကို ဂီတသံတွေ၊ အကတွေ၊ မီးရှုးမီးပန်းပုံသဏ္ဍန်တွေနဲ့ ပြသခဲ့ပြီး လူထောင်ပေါင်းများစွာကလည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဒူဘိုင်းရဲ့ IMAGINE ရေပန်းကြီးဟာ စဖွင့်တဲ့နေ့မှာပဲ ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားခဲ့တာဖြစ်ပါတယ်။ ဖွင့်လှစ်တဲ့နေ့ကစပြီး နောင်ကာလအထိ ဈေးဝယ်စင်တာကို လာရောက်သူတွေအတွက် နေ့စဉ်ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။

Source : Guiness World Records:Duwun



ရုပ်သံဖိုင် ကြည့်ရှုရန်
https://www.youtube.com/watch?v=a7tpaJqMk80


No comments:

Post a Comment