Latest News

Tuesday, January 17, 2017

သင့်တိုက်ခန်းကို နှစ်ဆကျယ်သွားသလို ခံစားရစေမယ့် နည်းလမ်း (၅)ခု

သင့်တိုက်ခန်းကို နှစ်ဆကျယ်သွားသလို ခံစားရစေမယ့် နည်းလမ်း (၅)ခု


၁ - အရေးကြီးဆုံး

ပစ္စည်းတွေကို နေရာမချခင် ရှုပ်ပွနေတာကို အရင်ရှင်းရမှာ ဖြစ်ပါတယ်။ သင့်အတွက် အရေးကြီးဆုံးတွေကိုပဲ မျက်စိရှေ့မှာ ထားပါ။ ပစ္စည်းတစ်ခုကို ကိုင်ပြီး သင့်ကိုသင်မေးပါ။ ဒီပစ္စည်းက ငါ့ကို ပျော်ရွှင်စေလား၊ နောက်ပိုင်းမှာ ပျော်ရွှင်စေမှာလား။ လုံးဝလွှင့်ပစ်ရမှာလားဆိုတာတွေကို မေးရပါမယ်။ လွှင့်ပစ်သင့်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်ပြီး အရေးကြီးဆုံး ပစ္စည်းတွေကိုပဲ ခင်းကျင်းထားရမှာ ဖြစ်ပါတယ်။

၂ - နှစ်မျိုးသုံး

တိုက်ခန်းဖြစ်တာကြောင့် ထည်ထည်ဝါဝါကြီးနဲ့ နေရာအကျယ်ကြီးယူမယ့် ပစ္စည်းတွေကို မရွေးပါနဲ့။ ဒီလိုပစ္စည်းတွေက သူတို့ပေးနိုင်တာထက် ပိုယူထားသလို ဖြစ်နေပါတယ်။ ဖြစ်နိုင်ရင် တစ်ခုတည်းနဲ့ နှစ်မျိုး၊ သုံးမျိုး သုံးလို့ရမှာမျိုးကို ရွေးပါ။ တီဗီစင်လည်း လုပ်လို့ရသလို အဝတ်ဗီရိုလည်း လုပ်လို့ရတာမျိုး ဖြစ်ပါတယ်။

၃ - နံရံ

နံရံမှာ ပိုစတာတွေ၊ ပန်းချီပုံတွေကပ်မယ်ဆို အရွယ်အစားကြီးမားတာကို ကပ်ပါ။ အရွယ်အစားသေးသေးတွေကို နံရံမှာ အများကြီးကပ်တာက  အခန်းကို သေးသလို ခံစားရစေပါတယ်။

၎ - အသေး

တီဗီလို ပစ္စည်းမျိုးတွေက အခန်းအရွယ်အစားနဲ့လိုက်ဖက်တဲ့ ခပ်သေးသေးမျိုးပဲ ထားသင့်ပါတယ်။ တီဗီက ကြီးနေတာ၊ တီဗီကို သွယ်ထားတဲ့ ကြိုးတွေက ရှုပ်ထွေးနေတာဟာ ကြည့်တဲ့လူအတွက် ကျဉ်းကြပ်မှုကို ခံစားရစေပါတယ်။

၅ - အလင်း

နံရံအရောင် သုတ်မယ်ဆို အရောင်မှိုင်းမှိုင်းထက် ပေါ့ပါးတဲ့ အလင်းရောင်မျိုးက နေရာပိုကျယ်သလို ခံစားရစေပါတယ်။ ခုံလို ပရိဘောဂ အရောင်တွေကလည်း လင်းထိန်တဲ့ အရောင်မျိုး ဖြစ်သင့်ပါတယ်။ နေ့ဘက်မှာ အခန်းထဲကို သဘာဝအလင်းရောင် ကောင်းကောင်းဝင်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာဆိုရင်တော့ မျက်နှာကျက်မှာတပ်ထားတဲ့ မီးချောင်းအလင်းရောင်ထက် စားပွဲတင်မီးအိမ်လိုမျိုးအခန်းပတ်လည်ကလာတဲ့ အလင်းရောင်မျိုးကို သုံးသင့်ပါတယ်။

Photos & Source: Men Health: Duwun

No comments:

Post a Comment