Latest News

Tuesday, January 17, 2017

စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို လျှော့ချပေးမယ့် စားစရာ (၃) မျိုး

စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို လျှော့ချပေးမယ့် စားစရာ (၃) မျိုး


အရွယ်ရောက်လာတာနဲ့အမျှ လူ့တာဝန်တွေကို ထမ်းဆောင်လာရတဲ့အခါ ပူပင်စရာတွေလည်း များလာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ရင်ဆိုင်ရဦးမှာဖြစ်လို့ လူက စိတ်မောလူမောဖြစ်တာများပြီး ကျန်းမာရေးချို့ယွင်းလာရပါတယ်။ စိတ်ပျော်ရွှင်နေတဲ့အခါ လန်းလန်းဆန်းဆန်းနဲ့ အလုပ်တွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ်နိုင်မှာပါ။

စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ ကြုံနေရသူတွေအတွက် စားသင့်တဲ့အစားအစာတွေကို ကျန်းမာရေးပညာရှင်များက ယခုလိုပဲ လမ်းညွှန်ထားပါတယ်။


၁။ အနက်ရောင်ချောကလက်
အနက်ရောင်ချောကလက်ဆိုတာ ကိုကိုးများများပါတဲ့ ချောကလက်စစ်စစ်ကို ခေါ်ဝေါ်တာပါ။ အနက်ရောင်ချောကလက်ကိုစားပေးတဲ့အခါ ဦးနှောက်ထဲကို သွေးစီးဆင်းမှုပိုကောင်းမွန်လာစေတဲ့အပြင် အန်ဒေါ်ဖင်လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကိုလည်း ဦးနှောက်က ထုတ်လွှတ်ပေးလိုက်ပါတယ်။ အန်ဒေါ်ဖင်ဟာ နာကျင်မှုတွေကို လျော့ကျစေပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ဆိုးကျိုးတွေကို လျော့ကျစေပါတယ်။
(ဆက်စပ်ဖတ်ရှုရန် ----> ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ ပညာရှင်တွေထုတ်တဲ့ အရွယ်တင်နုပျိုစေမယ့် ချောကလက် )


၂။ ဆယ်လ်မွန်ငါးကြီး
ပင်လယ်ပြင်ထဲမှာကျက်စားတဲ့ ဆယ်လ်မွန်ငါးကြီးမျိုးကလည်း စိတ်ဖိစီးမှုနဲ့ကြုံနေရသူတွေ စားသုံးရမယ့်အရာဖြစ်ပါတယ်။ အစွမ်းထက်တဲ့ အိုမီဂါ ၃ ဖက်တီအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်နေလို့ စိတ်ဖိစီးမှုဖြစ်စေမယ့် ဟော်မုန်းထုတ်လွှတ်မှုကို ကာကွယ်တားဆီးပေးပါတယ်။ ဦးနှောက်အတွက်သာမက ခန္ဓာကိုယ်ကျန်းမာအောင်ပါ စွမ်းဆောင်နိုင်တဲ့ ဆယ်လ်မွန်ကြောင့် စိတ်ပူပင်သောကတွေလည်း လျော့ကျသွားပါလိမ့်မယ်။


၃။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ မဂ္ဂနီဆီယံဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယံက ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ ဓာတ်တစ်မျိုးထဲမှာ ပါဝင်နေပြီး စိုးရိမ်ပူပန်မှုတွေ၊ ဒေါသတွေကို လျှော့ချပေးဖို့အတွက် ကူညီပေးပါတယ်။

Source : Eat This: Duwun

No comments:

Post a Comment